Home သတင်း ၂၀၁၅ မတိုင်မီ လွှတ်‌တော်ပြင်ပ ညီလာခံပြုလုပ်နိုင်ရန် UNFC ကြိုးပမ်းမည်

၂၀၁၅ မတိုင်မီ လွှတ်‌တော်ပြင်ပ ညီလာခံပြုလုပ်နိုင်ရန် UNFC ကြိုးပမ်းမည်

1391
ဇူလိုင်လ ၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Davidတိုင်းရင်းသားများ လိုလား‌သော ဖက်ဒရယ်မှုနှင့် ဒီမိုက‌ရေစီနည်းကျ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ဖြစ်‌ပေါ်‌ရေးအတွက် တစ်နိုင်ငံလုံး အားလုံးပါဝင်မည့် လွှတ်‌တော်ပြင်ပ ညီလာခံတစ်ရပ်ကို ၂၀၁၅ မတိုင်မီ ကျင်းပပြုလုပ်နိုင်ရန် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်‌ကောင်စီ(UNFC)မှ ကြိုးပမ်းသွားမည် ဖြစ်‌ကြောင်း သိရသည်။

ဇူလိုင်လ ၅ရက်မှ ၇ရက်‌နေ့အထိ ထိုင်း- မြန်မာနယ်စပ် တစ်‌နေရာတွင် ပြုလုပ်‌သော အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုတွင် တက် ‌ရောက်လာသူ UNFC အဖွဲ့ဝင်များ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံ‌ရေးအင်အားစု ကိုယ်စားလှယ်များ၏ ‌ဆွေး‌နွေး မှုများထဲတွင် လွှတ်‌တော်ပြင်ပ ညီလာခံ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်နိုင်‌ရေးအတွက် ထည့်သွင်း‌ဆွေး‌နွေးခဲ့သည်ဟု UNFC ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

“လွှတ်‌တော်ပြင်ပမှာ အစိုးရနဲ့ တိုင်းရင်းသား‌တွေကြားမှာ နိုင်ငံ‌ရေးအမြင်ချင်းဖလှယ်ပြီး တိုင်းရင်းသား‌တွေ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် အ‌ခြေခံမှုဖြစ်‌အောင် တဆင့်ချင်း ‌ဆွေး‌နွေးလုပ်‌ဆောင်သွားမှာပါ။ ‌နောက် ‌ရှေ့ဆက်မယ့် လုပ်ငန်းစဉ်‌တွေအတွက် ဆက်လက် ‌ဆွေး‌နွေး‌ပြောဆို‌နေတုန်း အဆင့်ပဲရှိပါ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါဝင်မည်ဖြစ်‌သော အဆိုပါညီလာခံတွင် UNFC အပါအဝင် အခြား‌သော တိုင်းရင်းသားလက် နက်ကိုင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးအင်အားစုများနှင့် လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်နိုင်မည်ဖြစ်ပြီး ယခု ပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်သူ ကိုယ်စားလှယ် ၃၀‌ကျော် ပါဝင်‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

၎င်းအပြင် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို တက်‌ရောက်လာသူများအ‌နေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ အာ‌ချေးပြည်နယ်တွင် အစိုးရနှင့် လက် နက်ကိုင်များအကြား ဖြစ်ပွား‌သော ပဋိပက္ခများအရ ‌နောက်ဆုံးတွင် နှစ်ဖက်ငြိမ်းချမ်း‌ရေးယူနိုင်ခဲ့သည့် ဖြစ်‌ပေါ်မှုများ စသည်တို့ ကို ‌လေ့လာသုံးသပ် ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

အာ‌ချေးပြည်နယ်တွင် နှစ်‌ပေါင်း ၃ဝ ‌ကျော်ကြာ ခွဲထွက်သည့် အာ‌ချေးလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့၏ ငြိမ်းချမ်း‌ရေး ယူနိုင်ခဲ့သည်မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်များအတွက် သင်ခန်းစာယူဖွယ်ဖြစ်‌ကြောင်း ပဒို‌ဒေးဗစ်သက‌ဘော က ယခုလို ထပ်မံ ‌ပြောဆိုသည်။

ပဒို‌ဒေးဗစ်သက‌ဘောက “အခု အစိုးရနဲ့ တိုင်းရင်းသား‌တွေကြားမှာလည်း ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်တဲ့အခါမှာ နိုင်ငံတကာက‌နေ ပါဝင်ပြီး ‌စောင့်ကြည့်‌လေ့လာမှုက ပိုမိုအဆင်‌ပြေတယ်။ အစိုးရအ‌နေနဲ့ ‌ဆွေး‌နွေးပြီး ရရှိလာတဲ့ သ‌ဘောတူညီမှု‌တွေကို တိတိကျ ကျ လိုက်နာပြီး အ‌ကောင်အထည်‌ဖော်ဖို့၊ ပြီး‌တော့ လူမှုအဖွဲ့အစည်း‌တွေရဲ့ ပံ့ပိုးပါဝင်မှုကလည်း အ‌ရေးကြီးတယ်။”ဟု ‌ပြော သည်။

UNFC သည် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်များနှင့် အလွတ်သ‌ဘောမျိုး ‌တွေ့ဆုံမှုများ ပြုခဲ့ပြီး နိုင်ငံ‌ရေးအရ ‌တွေ့ဆုံရာတွင် အ‌ခြေခံရမည့်မှု ၆ချက်ကို ချမှတ်ထားသလို အစိုးရဘက်မှလည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ‌တွေ့ဆုံမှု တွင် ပြည်နယ်အဆင့် လမ်းညွန်မှု ၅ချက်နှင့် ပြည်‌ထောင်စုအဆင့် လမ်းညွန်မှု ၈ချက်ဖြင့် ချမှတ်ထား‌ကြောင်း ၂၀၁၂ခုနှစ်၊ ‌မေလက သမ္မတရုံးတွင် ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။