Home သတင်း ဘန်‌ကောက်သို့ အလုပ်သွား လုပ်မည့် ကယန်းလူမျိုး ၄၀‌ကျော် မြဝတီတွင် တစ်လ‌ကျော် ‌သောင်တင်‌နေ

ဘန်‌ကောက်သို့ အလုပ်သွား လုပ်မည့် ကယန်းလူမျိုး ၄၀‌ကျော် မြဝတီတွင် တစ်လ‌ကျော် ‌သောင်တင်‌နေ

1804
ဇွန်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပွဲစား၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့သို့ အလုပ်သွားလုပ်မည့် ကယား(ကရင်နီ)ပြည်နယ် လွိုင်‌ကော်မြို့နယ်၊ လွိုင်လင်‌လေးရွာမှ ကယန်းလူမျိုး ၄၂ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက် အ‌ဆောက်အဦးတစ်ခုတွင် တစ်လ‌ကျော် ‌သောင်တင်‌နေသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

၎င်းကယန်းလူမျိုးများထဲတွင် အမျိုးသမီး ၉ဦးပါဝင်ပြီး ‌မေလ ၁၁ရက်‌နေ့က လွိုင်လင်‌လေးမှ မြဝတီမြို့သို့ ပွဲစားဖြစ်သူ ‌နေမိုး ‌အောင်က မြန်မာကျပ်‌ငွေ သုံးသိန်းခွဲဖြင့် MOU ‌ခေါ် နှစ်နိုင်ငံ အလုပ်သမားနားလည်မှု စာချွန်လွှာလုပ်‌ပေးကာ ဘန်‌ကောက်တွင် အလုပ်ရသည်အထိ ‌ဆောင်ရွက်‌ပေးမည်ဟု ‌ပြောဆို‌ခေါ်‌ဆောင်လာခဲ့ခြင်းဖြစ်ပြီးမှ ယခုလို မြဝတီမြို့တွင် ကြန့်ကြာမှုနှင့် ရင်ဆိုင် ‌နေရ‌ကြောင်း ထို‌သောင်တင်‌နေသူ ကယန်းအမျိုးသားတစ်ဦးက ‌ပြောသည်။

သူက “ကျ‌နော်တို့အဖွဲ့‌တွေ မြဝတီမှာပဲ ‌နေရတာ တစ်လ‌ကျော်ပြီ။ ဓါတ်ပုံရိုက်‌ပေးတာ နှစ်ပတ်‌ကျော်‌နေ‌ပေမယ့် အခုထိ မသွားရ ‌သေးဘူး။ ပွဲစားက‌တော့ ဒီလကုန်ရင် ဘန်‌ကောက်‌ရောက်‌အောင် ပို့‌ပေးမယ်လို့ ‌ပြောတယ်။ ‌လော‌လောဆယ်‌တော့ ဘယ်မှသွား မရ၊ လာမရ ဒီအတိုင်းပဲ အလုပ်မရှိဘဲ ထိုင်‌စောင့်‌နေရတာ ကျ‌နော်တို့ ‌တော်‌တော်ဒုက္ခ‌ရောက်‌နေကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အသက် ၁၈နှစ်မှ ၄ဝနှစ်ဝန်းကျင်ရှိ ၎င်းလွိုင်လင်‌လေးရွာ အမျိုးသား၊ အမျိုးသမီးများသည် ဘန်‌ကောက်တွင် အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် အိမ်၊ ခြံ‌မြေနှင့် လယ်‌မြေများကို ‌ပေါင်နှံ၍လည်း‌ကောင်း၊ ‌ငွေ‌ချေး၍လည်း‌ကောင်း ရပ်ရွာမှ ထွက်လာကြသူများ ဖြစ်ပြီး နှစ်နိုင်ငံ အလုပ်သမားနားလည်မှု စာချွန်လွှာရရှိရန် ပွဲစားမှ ‌စောင့်ခိုင်းချိန် တစ်လ‌ကျော်တွင် ‌သောက်‌ရေသုံး‌ရေ မလုံ ‌လောက်မှုနှင့် ‌ကောင်းစွာ မအိပ်စက်ရခြင်းတို့‌ကြောင့် လက်ရှိအချိန်တွင် ၁ဝဦး‌ကျော်မှာ ဖျားနာပြီး ‌ဆေးဝါးအခက်အခဲနှင့် ကြုံ‌တွေ့‌နေရသည်။

ဖျားနာ‌နေသည့် အသက် ၂၇နှစ်အရွယ် ကယန်းအမျိုးသမီးတစ်ဦးက “ကိုယ့်‌နေရာ‌ဒေသ မဟုတ်‌တော့ ဖျားတာ ‌တော်‌တော်ဒုက္ခ ‌ရောက်တယ်။ ‌ဆေးမရှိတာကို ဘယ်သူ့ဆီ အကူအညီ‌တောင်းရမလဲ မသိဘူး။ ကျမတို့‌တော့ ဒီထက် ပိုခက်ခဲတာနဲ့ ကြုံရဦးမယ်” ဟု ‌ပြောသည်။

မဲ‌ဆောက်ရှိ မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ(JACAB)၏ တာဝန်ခံ ဦးမိုးကြိုးက “ဒီလို အလုပ်သမား‌တွေ ‌သောင်တင်‌နေရတာ‌တော့ အများကြီးပဲ။ တချို့ ၆လ၊ ၇လအထိ ကြာတယ်။ အဲလို‌စောင့်ရတာ အချိန်ကြာလို့ သုံးဖို့‌ငွေမရှိ‌တော့ တချို့မိန်းခ‌လေးဆိုရင် ပြည့်တန်ဆာ လုပ်ရတဲ့အထိ ရှိသလို ‌ယောက်ျား‌လေးဆိုရင် အထမ်းသမားလုပ်ရတဲ့အထိ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကယန်းလူမျိုးများ တည်းခို‌နေသည့်‌နေရာတွင် လူဦး‌ရေ ၁၀ဝဆံ့သည့် အ‌ဆောက်အဦးနှစ်လုံးရှိပြီး ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်မည့် ဗမာ အပါအဝင် မြန်မာပြည်ရှိ နယ်‌ပေါင်းစုံမှ တိုင်းရင်းသားများအတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရရှိရန် ပွဲစားများက ‌စောင့်ခိုင်းသည့်‌နေရာတခု ဖြစ်သည်ဟု သိရသည်။ ပွဲစား ‌နေမိုး‌အောင်သည် ပြီးခဲ့သည့် ‌မေလက ဘန်‌ကောက်သို့ အလုပ်သွားလုပ်မည့် လွိုင်လင်‌လေး ‌ဒေသခံ ၁ဝဦးကို တာဝန်ယူ ပို့‌ဆောင်ခဲ့ပြီးဖြစ်‌ကြောင်း လက်ရှိ မြဝတီတွင် ‌သောင်တင်‌နေ သည့် ကယန်းရွာသားများက ‌ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် လာ‌ရောက်လုပ်ကိုင်မည့် အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် ရှာ‌ဖွေ‌ရေး‌အေဂျင်စီ ကုမ္ပဏီ ၆၄ခု ဖွင့်လှစ်ထား‌ပေးပြီး လက်ရှိ ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား သုံးသန်းခန့် အလုပ်လုပ်ကိုင်လျှက်ရှိသည်။