Home သတင်း ဖားအံစက်မှုဇုန်စီမံကိန်းရှိ ‌ဒေသခံ များကို ‌မြေစာရင်းဦးစီးဌာနမှ ‌မြေယာ ပိုင်ဆိုင်မှုစာရင်းတင်ခိုင်း

ဖားအံစက်မှုဇုန်စီမံကိန်းရှိ ‌ဒေသခံ များကို ‌မြေစာရင်းဦးစီးဌာနမှ ‌မြေယာ ပိုင်ဆိုင်မှုစာရင်းတင်ခိုင်း

1958
ဧပြီလ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

DSC02455
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားအံစက်မှုဇုန် စီမံကိန်းအနီးရှိ မိုင်းကံ‌ကျေးရွာအုပ်စုမှ ထီးဖိုးကလုံးရွာ ‌ဒေသခံများကို ‌မြေစာရင်း ဦးစီးဌာနမှ ‌မြေယာပိုင်ဆိုင်မှုစာရင်း တင်ခိုင်း‌နေသည်ဟု သိရသည်။

ယင်းသို့ စာရင်းတင်ခိုင်းခြင်းအ‌ပေါ်သုံးသပ်ရန် ယမန်‌နေ့ ဧပြီလ ၁၉ရက်‌နေ့၌ ထီးဖိုးကလုံး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောသာလင်း က ရွာသူရွာသားများကို ‌ခေါ်‌တွေ့ကာ အစည်းအ‌ဝေးတစ်ရပ်ပြုလုပ်ပြီး ကန့်ကွက်လွှာတင်ကြရန် အားလုံး တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟု ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

‌စောသာလင်းက “ဧပြီ ၁၅ရက်‌နေ့မှာ ‌မြေစာရင်းဦးစီဌာနက စာ‌ရောက်လာတယ်။ ထီးဖိုးကလုံးရွာအ‌ရှေ့ခြမ်းမှာ ‌မြေလွတ်‌မြေရိုင်း ‌တွေ ပိုင်ရှင်ရှိရင် ‌မေလ ၁၉ရက်‌နေ့ ‌နောက်ဆုံးထားပြီး ‌မြေစာရင်းဦးစီးဌာနမှာ ကန့်ကွက်လွှာတင်နိုင်တယ်လို့ ပါတယ်။ အခု ဒီမှာရှိတဲ့ လယ်‌မြေ‌တွေ၊ လူ‌နေအိမ်ခြံ‌မြေ‌တွေ အားလုံးဟာ ‌ပြေစာရှိသူ‌တွေချည်းပဲ။ ဒါ‌ကြောင့် ကန့်ကွက်လွှာတင်ဖို့ ကျ‌နော်တို့ ဆုံးဖြတ်ခဲ့ကြတယ်”ဟု ‌ပြောဆိုသည်။

ထီးဖိုးကလုံးရွာအ‌ရှေ့ဘက်ခြမ်းတွင် ‌မြေပုံအရ ‌မြေယာအကျယ်အဝန်း (၇၄ ဒဿမ ၄၈)ဧကရှိပြီး ယခုကဲ့သို့ ‌မြေယာပိုင်ဆိုင်မှု စာရင်းတင်ခိုင်းခြင်းအ‌ပေါ် ကန့်ကွက်လွှာကို ဖားအံမြို့ရှိ ‌မြေစာရင်းဦးစီးဌာနနှင့် ဖားအံစက်မှုဇုန် ‌ကော်မတီသို့ ဧပြီလ ၂၂ရက် ‌နေ့တွင် ‌ပေးပို့သွားမည်ဟု ‌စောသာလင်းက ဆက်‌ပြောသည်။

ထို့အပြင် ထီးဖိုးကလုံး‌ဒေသတွင် ဖားအံစက်မှုဇုန်စီမံကိန်း‌ကြောင့် ‌မြေစာရင်းဦးစီးဌာနမှ ‌မြေယာကိစ္စများ ‌ပြောဆိုလာသည့်အ တွက် စိတ်အ‌နှောက်အယှက်ဖြစ်ရသည့်အပြင် ရပ်ရွာတည်ငြိမ်‌အေးချမ်းမှုများ ထိခိုက်လာမည်ကို စိုးရိမ်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

‌မြေယာပိုင်ဆိုင်မှု စာရင်းတင်ခိုင်းခြင်းကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေအွာက “ကျမအ‌နေနဲ့ လူထုရဲ့ဆန္ဒအတိုင်း လုပ်‌ဆောင်‌ပေးဖို့ အသင့်ရှိတယ်။ ရပ်ရွာတည်ငြိမ်‌အေးချမ်းမှုကို ပြည်သူနှင့် ကျမတို့ ကိုယ် စားလှယ်‌တွေ စု‌ပေါင်းကာကွယ်ထိန်းသိမ်းမယ့် တာဝန်ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထီးဖိုးကလုံးရွာသည် အိမ်‌ခြေ‌ပေါင်း ၃၀၀‌ကျော်ရှိပြီး ၎င်းရွာ၏ အ‌ရှေ့ဘက်ခြမ်းရှိ အိမ်‌ခြေ ၄၀‌ကျော်သည် ဖားအံစက်မှုဇုန်နယ် ‌မြေအတွင်း၌ တည်ရှိသည်ဟု သိရသည်။