Home သတင်း ကချင်‌ဒေသ ပဋိပက္ခ ဝိုင်းဝန်း‌ဖြေရှင်း‌ပေးရန် NLD ကို EHRN တိုက်တွန်း

ကချင်‌ဒေသ ပဋိပက္ခ ဝိုင်းဝန်း‌ဖြေရှင်း‌ပေးရန် NLD ကို EHRN တိုက်တွန်း

1100
ဇန်နဝါရီလ ၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာစစ်တပ်မှ အသုံးပြုသည့် ‌ပေါက်ကွဲပြီး လက်နက်ကြီးအစိတ်အပိုင်း
ကချင်‌ဒေသတွင် လက်ရှိ ဖြစ်ပွား‌နေသည့် ပဋိပက္ခများကို အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD အ‌နေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံ ‌ရေးပါတီများနှင့် ပူ‌ပေါင်းပြီး ဝိုင်းဝန်း‌ဖြေရှင်း‌ပေးရန် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် တိုင်းရင်းသား လူ့အခွင့်အ‌ရေးကွန်ယက် (မြန်မာနိုင်ငံ)-EHRN မှ ယ‌နေ့ ‌ပြောကြားလိုက်သည်။

EHRN တာဝန်ခံ ကို‌ယောနက “NLD ဟာ မြန်မာနိုင်ငံမှာ အစိုးရပြီးရင် အကြီးဆုံးနိုင်ငံ‌ရေးပါတီပဲ။ ကချင်‌ဒေသမှာ ပဋိပက္ခ‌တွေ ဖြစ်ပြီး လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ဆိုးဆိုးဝါးဝါးရှိ‌နေတာကို ‌လေး‌လေးနက်နက် ‌ပြောရမယ့်အချိန်မှာ ဘာ‌ကြောင့် ငြိမ်‌နေသလဲ ဆိုတာ ‌မေးခွန်ထုတ်စရာပါ။ ‌နောက် NLD ဟာ ကချင်ကို မတိုက်ဖို့ အစိုးရ ကိုလည်း‌ပြောတာ မရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အစိုးရ စစ်တပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA တို့အကြား ၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်‌နေ့မှစ၍ ယခုအချိန်အထိ ၂နှစ်နီးပါး စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့ရာတွင် ‌ဒေသခံကချင်လူထု တစ်သိန်းတစ်‌သောင်း (၁၁၀,၀၀၀)‌ကျော်သည် စစ်‌ပြေးဒုက္ခ သည်များအဖြစ် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု သူက ဆက်‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ NLD အပါအဝင် နိုင်ငံ‌ရေးပါတီအားလုံးနှင့် အစိုးရတို့သည် လူ့အခွင့်အ‌ရေးကို ‌လေးစားလိုက်နာပါက ကချင်‌ဒေသအပြင် သျှမ်းပြည်‌မြောက်ပိုင်းတွင် ဖြစ်ပွား‌နေသည့် ပဋိပက္ခများကို ဝင်‌ရောက်‌ဖြေရှင်းရမည်ဟု ယမန်‌နေ့ ဇန်နဝါရီလ ၆ရက်‌နေ့မှ EHRN က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၀‌ရွေး‌ကောက်ပွဲပြီး‌နောက် မြန်မာနိုင်ငံတွင် တန်းတူညီမှု မရှိ‌သေးသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေရ‌ကြောင်း၊ ကချင်‌ဒေသတွင် ဖြစ်ပွားသည့် စစ်ပွဲများတွင် အစိုးရစစ်တပ်ဘက်မှ မုဒိမ်းမှု၊ လူသတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု စသည်တို့ကို ကျူးလွန်လျှက်ရှိ‌ကြောင်းနှင့် KIA အား ဂျက်‌လေယာဉ်ပျံအဆင့်အထိ ဗုံးကျဲတိုက်ခိုက်‌နေ‌သော‌ကြောင့် ဒုက္ခသည်ဦး‌ရေလည်း ‌နေ့စဉ် များပြားလာ‌နေ‌ကြောင်း ၎င်း‌ကြေညာချက်တွင် ပါရှိသည်။

“အစိုးရက ဂျက်‌လေယာဉ်နဲ့ ဗုံးလာကျဲတဲ့အထိ စစ်ပွဲ‌တွေပြင်းထန်လို့ KIA ဌာနချုပ်လိုင်ဇာတဝိုက်မှာ ဒုက္ခသည်ဦး‌ရေ ‌တော် ‌တော်များလာတယ်။ ‌နောက် သျှမ်းပြည်‌မြောက်ပိုင်း KIA တပ်မဟာ(၄)နယ်‌မြေမှာ ‌တောထဲမှာ ပုန်း‌အောင်းတဲ့ ဒုက္ခသည်‌တွေ ရှိ တယ်။ တချို့လူထု‌တွေကျ‌တော့ မူဆယ်၊ လာရှိုး၊ နမ့်တူနဲ့ စတဲ့အခြားမြို့မှာ ဝင်ပြီး တိမ်း‌ရှောင်တဲ့သူ‌တွေလည်း ရှိတယ်”ဟု ကို‌ယောနက ‌ပြောသည်။

ဆက်လက်၍ အစိုးရအ‌နေဖြင့် မြန်မာနိုင်ငံကို ဒီမိုက‌ရေစီလမ်း‌ကြောင်း‌ပေါ်‌ရောင်‌အောင် လုပ်‌ဆောင်မည်ဆိုပါက လက်ရှိ ၎င်းတို့ ‌ရေးဆွဲကျင့်သုံးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေကို ပြန်လည်ပြုပြင်‌ရေးဆွဲရန် လိုအပ်သကဲ့သို့ NLD အ‌နေဖြင့်လည်း အစိုးရအား တိုက်တွန်းသွားရန် လိုအပ်သည်ဟုလည်း EHRN က ဆိုသည်။

လူ့အခွင့်အ‌ရေးကွန်ယက်(မြန်မာနိုင်ငံ)-EHRN ကို ၁၉၈၈ခုနှစ် လူထုအုံကြွမှုကာလ၌ ပါဝင်ခဲ့သည့် လူငယ်အချို့က ဦး‌ဆောင်၍ ၂၀၀၉ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တ‌နေရာ၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။