Home သတင်း KNU အတွင်း စည်းလုံးညီညွှတ်‌ရေး လူထုအ‌ခြေပြုအဖွဲ့များ ပါဝင်လုပ်‌ဆောင်သွားမည်

KNU အတွင်း စည်းလုံးညီညွှတ်‌ရေး လူထုအ‌ခြေပြုအဖွဲ့များ ပါဝင်လုပ်‌ဆောင်သွားမည်

1627
‌အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက် တည်ရှိသွားရန်အတွက် ကရင်လူထုအ‌ခြေပြုအဖွဲ့များ (KCBO)အ‌နေဖြင့် ထိ‌ရောက်စွာ ပါဝင်လုပ်‌ဆောင်သွားမည်ဟု ယမန်‌နေ့က ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ပြုလုပ်သည့် အစည်းအ‌ဝေး ၌ ဆုံးဖြတ်ခဲ့ကြသည်။

၎င်းစည်း‌ဝေးပွဲကို ကရင်စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ(KUSC)မှ ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူထု အ‌ခြေပြုအဖွဲ့ ၁၆ဖွဲ့မှ ကိုယ်စားလှယ် ၄ဝနီးပါး ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ KUSC အဖွဲ့ဝင် ‌နော်လယ်လားခူ့ထူးက “‌ကေအဲန်ယူအဖွဲ့အစည်းထဲမှာ ပြိုကွဲမှုမရှိဘဲ စည်း လုံးညီညွှတ်ကြဖို့အတွက်ကို လူမှုအဖွဲ့အစည်းအ‌နေနဲ့ ဦးတည်‌ဆွေး‌နွေးပြီး ဘာ‌တွေဝိုင်းဝန်းကူညီ‌ပေးသွားနိုင်မလဲ ဆိုတာကို အ‌ဖြေရှာတဲ့ အ‌နေနဲ့ ‌ဆွေး‌နွေးကြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင်များအတွင်း ပဋိပက္ခများ ဖြစ်‌ပေါ်‌နေမှုအ‌ပေါ် ‌ဆွေး‌နွေးပွဲ တက်‌ရောက်လာသူ ကိုယ်စားလှယ်များ က ၎င်းတို့၏အမြင်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို တစ်ဦးတစ်ဖွဲ့ချင်းမှ အုပ်စုလိုက် ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“‌ကေအဲန်ယူတွင်း စည်းလုံးညီညွှတ်‌စေချင်တဲ့ ကျမတို့ရဲ့သ‌ဘောထား‌တွေကို တင်ပြသွားမယ်။ ပြီး‌တော့ အဲလိုညီညွှတ်ဖို့အတွက် ဘယ် လိုလုပ်‌ဆောင်သွားမလဲ ဆိုတဲ့အချက်နှစ်ချက်ကို ဒီအစည်းအ‌ဝေးမှာ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်။”ဟု ‌နော်လယ်လားခူထူးက ဆက်‌ပြော သည်။

‌ကေအဲန်ယူသည် မိမိတို့၏ အဖွဲ့အစည်းတစ်ခုတည်းအပြင် ကရင်တမျိုးသားလုံး၏ အကျိုးစီးပွားကို ‌ရှေ့ရှု‌မျှော်ကိုး၍ စည်းလုံးညီညွှတ်မှု အ‌ပေါ် အ‌ခြေခံကာ ပွင့်လင်းမြင်သာစွာ လုပ်‌ဆောင်သွားနိုင်ရန် KCBO အ‌နေဖြင့် သ‌ဘောထားရှိ‌ကြောင်းနှင့် ထိုသ‌ဘောထားများကို ‌ကေအဲန်ယူသို့ တင်ပြသွားမည်ဖြစ်‌ကြောင်း စည်း‌ဝေးပွဲတွင် ပါဝင်သူ ‌စောအဲဒို့ဝါးက ယခုလို ‌ပြောသည်။

“ဒီအစည်းအ‌ဝေးဟာ တကယ်အားရ‌ကျေနပ်ရတယ်။ ‌ကေအဲန်ယူရဲ့ ဖြစ်‌ပေါ်လာတဲ့ အကွဲအပြဲ‌တွေအ‌ပေါ်မှာ ကျ‌နော်တို့ KCBO က‌နေ ဘယ်လိုဝန်းရံသွားမလဲဆိုတာကို အဓိကထားပြီး အ‌သေးစိတ် ‌ဆွေး‌နွေးတယ်။ ဒီ‌ဆွေး‌နွေးချက်အ‌ပေါ်မှာ လူတိုင်းက ညီညွှတ်‌စေချင်‌တော့ ဘက်နှစ်ဖက်စလုံးကို ဘယ်လိုပုံစံ ချဉ်းကပ်မလဲဆိုတာနဲ့ အမျိုးသားရင်ကြား‌စေ့ကို ဝန်းရံသွားဖို့ ရှိတယ်”ဟု ‌ပြောဆိုသည်။

ကရင်လူထုအ‌ခြေပြုအဖွဲ့များသည် လူထုနှင့် အမြဲထိ‌တွေ့‌နေသလို ‌ကေအဲန်ယူနှင့် ကာလအတန်ကြာ ဆက်စပ်လုပ်‌ဆောင်‌နေသည်ဖြစ် ၍ ဝိုင်းဝန်းအကြံပြု လုပ်‌ဆောင်မှုများမှာ အခက်အခဲရှိ‌လောက်သည့် အ‌နေအထားမျိုး မရှိ‌ကြောင်းကိုလည်း သူက ဆက်‌ပြောသည်။

ဤအစည်းအ‌ဝေးတွင် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေးလုပ်ငန်း‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ၎င်း‌ကော်မတီဝင် အချင်းချင်း ‌ရှေ့ ဆက် လုပ်‌ဆောင်ရမည့် လုပ်ငန်းစဉ်များကို သီးသန့် ‌ဆွေး‌နွေးတိုင်ပင် ‌ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။