Home သတင်း မဲ‌ဆောက်တရုတ်ရိုးရာ အလှူကြီး‌ပေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား တစ်‌သောင်း‌ကျော် အလှူခံ

မဲ‌ဆောက်တရုတ်ရိုးရာ အလှူကြီး‌ပေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား တစ်‌သောင်း‌ကျော် အလှူခံ

1886
စက်တင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့တွင် ယ‌နေ့ တရုတ်လူမျိုးများကျင်းပ ပြုလုပ်သည့် ၄၃ကြိမ်‌မြောက် ရိုးရာအလှူကြီး‌ပေးပွဲသို့ မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း တစ်‌သောင်း‌ကျော် သွား‌ရောက်အလှူခံခဲ့ကြသည်။

တရုတ်လူမျိုးတို့၏ ‌ဆွေမျိုးသားချင်းများနှင့် ‌ဆွေမျိုးမဲ့သားချင်းများ လွတ်ရာလွတ်‌ကြောင်းအတွက် ရည်စူး၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လ ၆ရက်‌နေ့တွင် အလှူ‌ပေးပွဲကြီးကို ကျင်းပခဲ့ကြပြီး ယခုနှစ်တွင် အလှူ‌ပေးမည့် ပစ္စည်းအထုတ်‌ပေါင်း ၁၂,၀၀ဝ စီစဉ်ထားသည်ဟု ယင်းအလှူ‌ပေးပွဲကို ဦး‌ဆောင်သူတစ်ဦးက ‌ပြောသည်။

သို့‌သော် အလှူလာ‌ရောက်ခံယူသည့် ‌ရွေ့‌ပြောင်းအလုပ်သမားများမှာ အလှူပစ္စည်းထုတ် တစ်‌သောင်းနှစ်‌ထောင်မကဘဲ တစ်‌သောင်းခွဲ ‌ကျော် လာ‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

တရုတ်အလှူရှင်ဘက်က အလှူ‌ပေးမည့် ပစ္စည်းထုတ်များ‌ပေး‌ဝေရန် လတ်မှတ်ကဒ်ပြားများကို မနက် ၈နာရီခွဲမှ စတင်‌ပေး‌ဝေခဲ့ပြီး တရုတ် ရိုးရာ ရွတ်ဖတ်ပူ‌ဇော်ပွဲများ ကျင်းပပြီးစီးသွားသည့် ည‌နေ ၃နာရီခွဲမှ စတင်ကာ ‌စောင့်ဆိုင်း‌နေသည့် အလုပ်သမားများကို အလှူပစ္စည်းများ ‌ပေး‌ဝေခဲ့သည်ဟု ‌ရွှေ့‌ပြောင်းအလုပ်သမား ‌နော်ညိုညိုမြင့်က ‌ပြောသည်။

“စီးပွား‌ရေးကလည်း မ‌ကောင်းဘူး‌လေ။ သူတို့ကလည်း အလကား‌ပေးတာဆို‌တော့ ဘာပဲဖြစ်ဖြစ် မိသားစုအတွက် သက်သာလို့ လာ‌စောင့်‌နေတာပါ။ မိသားစုများတဲ့သူ‌တွေက‌တော့ လူတိုင်း‌စေ့ လာ‌စောင့်ယူနိုင်‌တော့ များများရတာ‌ပေါ့”ဟု သူမက ‌ပြောသည်။

ထိုအလှူ‌ပေးပွဲသို့ လာ‌ရောက်‌စောင့်ဆိုင်း‌နေသည့် အသက် ၆၂နှစ်အရွယ် ကရင်အမျိုးသမီးကြီးတစ်ဦးက “အဖွားက ဒီမှာ‌နေတာ နှစ် ၂ဝ ‌ကျော်သွားပြီ‌လေ။ အသက်ကြီး‌ပေမယ့်လည်း ဝမ်းစာအတွက် လာ‌စောင့်ရတာပါပဲ။ အရင်နှစ်‌တွေကဆို ဒီထက်လူပိုများတယ်။ ပစ္စည်း‌ပေး တာလည်း ပိုများတယ်။ အရင်နှစ်က ပုလိပ်ဖမ်းလို့ ဒီနှစ်သိပ်မလာကြ‌တော့တာ”ဟု ဤအလှူအ‌ပေါ် သူမ၏ အ‌တွေ့အကြုံများကို ရှင်းပြခဲ့ သည်။

ယ‌နေ့ အလှူ‌ပေး‌ဝေသည့် ပစ္စည်းများမှာ လူတစ်‌ယောက်စာ အထုပ်တစ်ထုပ်လျှင် ဆန်ငါးကီလို၊ ငါး‌သေတ္တာတဗူး၊ မားမား၊ ငပိတို့ဖြစ်ပြီး အချို့အထုပ်ထဲတွင် အဝတ်အစားများ ပါရှိသည်ဟု သိရသည်။

‌ရွှေ့‌ပြောင်းအလုပ်သမားတစ်ဦး ဖြစ်သည့် ဦးဝင်းစိုးက “ကျ‌နော်က တခါမှမလာဖူးဘူး‌လေ။ သူများ‌တွေ‌ပြောတာ ‌ပျော်ဖို့ ‌ကောင်းတယ်။ သွားကြည့်ဆိုတာနဲ့ လာခဲ့တာပါ။ သူတို့ပစ္စည်း‌ဝေ‌ပေးတာလည်း ယူရင်း ကျ‌နော့် အမျိုးသမီးနဲ့ မနက်ကတည်းက လာ‌စောင့်‌နေတာပါ”ဟု ‌ပြောသည်။

တရုတ်လူမျိုးများသည် ကွယ်လွန်သွားပြီဖြစ်‌သော ‌ဆွေမျိုးသားချင်းများအတွက် အဓိကရည်စူးပြီး ကျင်းပပြုလုပ်သည့် အလှူ‌ပေးပွဲကြီးကို လူမျိုးမ‌ရွေး၊ ဘာသာမ‌ရွေး အလှူခံသူများအား ‌ပေး‌ဝေခဲ့ခြင်းဖြစ်သကဲ့သို့ အလှူထုပ်သယ်နိုင်သည့် က‌လေးများမှစ၍ သက်ကြီးရွယ်အိုအ ထိ လှူဒါန်း‌ပေး‌ဝေခဲ့သည်။