Home သတင်း ‌ဒေသဖွံ့ဖြိုး‌ရေးအ‌ကောင်အထည်‌ဖော် သွားမည်ဟု ပြည်နယ်အစိုးရ‌ပြော

‌ဒေသဖွံ့ဖြိုး‌ရေးအ‌ကောင်အထည်‌ဖော် သွားမည်ဟု ပြည်နယ်အစိုးရ‌ပြော

1692
ဩဂုတ်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကရင်သတင်းဌာန)

ကရင်နီ(ကယား)ပြည်နယ် အစိုးရက ပြည်သူလူထုတို့နှင့် ဇူလိုင်လ ၂၈ရက်‌နေ့က ‌တွေ့ဆုံခဲ့ကြရာ လူထု‌တောင်းဆိုသည့် ပြည်နယ်အ တွင်း ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌ပေး သွားမည်ဟု ‌ပြောကြားသွားခဲ့သည်။

ကရင်နီပြည်သူလူထုတို့က ပညာ‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေးနှင့် လျှပ်စစ်မီးရရှိ‌ရေး အစရှိသည့် ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဖြည့်ဆည်း ‌ဆောင်ရွက်‌ပေးရန် လွိုင်‌ကော်မြို့၌ ကျင်းပခဲ့သည့် အဆိုပါ ပြည်နယ်အစိုးရအဖွဲ့နှင့် လူထုတို့ ‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့ခြင်းဖြစ်သည်ဟု KNPP လွိုင်‌ကော်ဆက်ဆံ‌ရေးရုံးတာဝန်ခံ ခူဒယ်နီယာက ‌ပြောသည်။

“ပွင့်လင်းလာတယ်လို့ ‌ပြောလို့ရတာ‌ပေါ့‌နော်။ ဘာလို့လဲဆို‌တော့ ကျ‌နော်တို့ အဖွဲ့အစည်းအားလုံးကိုလည်း ဖိတ်တယ်။ ပြည်သူလူထု‌တွေ ဘက်ကလည်း ဘာ‌တွေလိုအပ်တာလည်း တင်ပြခိုင်းတယ်။ ပွင့်ပွင့်လင်းလင်းပဲ တင်ပြခိုင်းတယ်။ ကျ‌နော်တို့လည်း လူထု‌တွေ ဘာ‌တွေလို အပ်‌နေလဲဆိုတာကိုလည်း သိရတယ်”ဟု ၎င်းက ‌ပြောသည်။

ပြည်နယ်အစိုးရမှ ဦး‌ဆောင်ကျင်းပသည့် ထို‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကရင်နီပြည်သူလူထုများသာမက ကရင်နီအမျိုးသား တိုးတက်‌ရေးပါ တီ(KNPP) အပါအဝင် ကရင်နီအဖွဲ့အစည်းတချို့လည်း တက်‌ရောက်ခဲ့သည်ဟု သိရသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှ ကရင်နီပြည်သူလူထုတို့၏ ‌တောင်းဆိုချက်များအ‌ပေါ် လက်ရှိအချိန်တွင် ပြည်နယ်အစိုးရအ‌နေနှင့် အ‌ကောင်အထည် ‌ဖော်‌နေသလို ဆက်လက်၍လည်း တတ်နိုင်သ‌လောက် ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး တချို့ကို ဗဟိုအစိုးရထံ ထပ်မံ တင်ပြ သွားမည်ဟု ‌ပြောဆိုခဲ့သည်။

‌တွေ့ဆုံပွဲသို့ တက်‌ရောက်ခဲ့သူ လွိုင်‌ကော်မြို့ခံ အမျိုးသမီးတဦးက “လူထုဘက်က‌တော့ မီး‌တွေ‌ပေးဖို့ လမ်း၊ တံထား‌တွေ ‌နောက်ပြီး‌တော့ စာသင်‌ကျောင်း‌တွေ တည်‌ဆောက်‌ပေးဖို့ ‌တောင်းဆိုကြတာတယ်။ သူတို့ (ပြည်နယ်အစိုးရ) ဘက်ကလဲ ဒီဟာ‌တွေ သူတို့ လုပ်‌ပေးပြီးပြီ။ ဘယ်ဟာ‌တွေ ဆက်လုပ်‌ပေးဖို့ရှိလည်း အဲဒါ‌တွေ ‌ပြောသွားတာ‌ပေါ့”ဟု ဆိုသည်။

ထို‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပြည်နယ်အစိုးရ ဝန်ကြီးအဖွဲ့ အပါအဝင် လွိုင်‌ကော်ရှိ ‌ကျေးရွာအုပ်စု ၂၄အုပ်စုမှ ကရင်နီပြည်သူလူထု စုစု‌ပေါင်း လူဦး‌ရေ ၃၀၀‌ကျော် တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။