Home သတင်း သံလွင်တိုင်းမ်ဂျာနယ်နှစ်ပတ်တကြိမ် ထုတ်‌ဝေ‌တော့မည်

သံလွင်တိုင်းမ်ဂျာနယ်နှစ်ပတ်တကြိမ် ထုတ်‌ဝေ‌တော့မည်

1805
ဇူလိုင်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

မွန်ပြည်နယ်အတွင်း လစဉ်ထုတ် သံလွင်တိုင်းမ်ဂျာနယ်ကို လာမည့် ဩဂုတ်လမှစပြီး နှစ်ပတ်တကြိမ် ထုတ်‌ဝေသွားမည်ဟု ဂျာနယ်ဖြန့်ချိ ‌ရေးတာဝန်ခံ ‌ကျော်စံဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ်မြို့‌တော် ‌မော်လမြိုင်တွင် အ‌ခြေစိုက်သည့် သံလွင်တိုင်းမ်ဂျာနယ်ကို နှစ်ပတ်တကြိမ် ထုတ်‌ဝေခွင့်ရရှိရန် ဇူလိုင်လ ပထမပတ် က စာ‌ပေစိစစ်‌ရေးသို့ တင်ပြခဲ့သည်ကို ခွင့်ပြုချက်ရရှိခဲ့‌ကြောင်း ‌ကျော်စံဝင်းက ယခုလို ‌ပြောဆိုသည်။

သူက “စာ‌ပေစိစစ်‌ရေးက နှစ်ပတ်တကြိမ် ထုတ်ဖို့ ခွင့်ပြုချက်‌ပေးတယ်ဆို‌တော့ ကျ‌နော်တို့ ‌နောက်လက‌နေစပြီး နှစ်ပတ်တကြိမ် ထုတ် ‌တော့မှာ ဖြစ်တယ်။ ဒီလအတွက်က ကျ‌နော်တို့ ဂျာနယ်ထုတ်ပြီးမှ စာတင်တယ်ဆို‌တော့ အဆင်မ‌ပြေ‌တော့ဘူး‌ပေါ့”ဟု ဆိုသည်။

သံလွင်တိုင်းမ်ဂျာနယ်ဖတ် ပရိဿတ်တို့၏ ‌တောင်းဆိုမှုနှင့် သတင်းများကို အချိန်မီ စာဖတ်ပရိဿတ်များထံ ‌ရောက်ရှိ‌စေရန် ယခုကဲ့သို့ ဂျာနယ်ကို နှစ်ပတ်တကြိမ်ထုတ်‌ဝေသွားမည်ဟု စီစဉ်ခဲ့ရ‌သော်လည်း ယခုကတည်းက ပြင်ဆင်ထား၍ ဂျာနယ်အတွက် အခက်အခဲ မရှိ နိုင်‌ကြောင်း ‌ကျော်စံဝင်းက ‌ပြောသည်။

အဆိုပါဂျာနယ်သည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသများတွင် ဖြစ်ပျက်‌နေသည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ကျန်းမာ ‌ရေး၊ လူမှု‌ရေး၊ ဥပ‌ဒေ‌ရေးရာ၊ ရပ်ကွက်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် သတင်း၊ ‌ဆောင်းပါးများကို ‌ဖော်ပြသည့်ဂျာနယ် ဖြစ်ပြီး အယ်ဒီ တာချုပ်အဖြစ် နိုင်တိ၊ တာဝန်ခံအယ်ဒီတာ ‌အောင်‌ဇေနှင့် အုပ်ချုပ်မှုအယ်ဒီတာ မင်းမင်းနွယ်တို့ ဖြစ်သည်။

မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် စီးပွားဖြစ် ထုတ်‌ဝေသည့်သံလွင်တိုင်းမ်ဂျာနယ်သည် ဗမာဘာသာဖြင့် ‌စောင်‌ရေ ၃,၀၀ဝ ထုတ်‌ဝေ လျှက်ရှိပြီး တစ်‌စောင်လျှင် ၅၀ဝကျပ်နှုန်းဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသတို့တွင် ဖြန့်‌ဝေ‌ရောင်းချလျှက်ရှိ သည်။

ဂျာနယ်တိုက်ကို အမှတ်(၄) ကျိုက္ခမီလမ်း၊ မုဒုံ-‌မော်လမြိုင် ဘတ်စ်ကားဂိတ် (စိုက်ပျိုး‌ရေးဆိုင်ခန်း၊ ‌ဈေးကြိုကားကွင်းအနီး၊ မုဒုံကား ဂိတ်။) ‌ဈေးကြို၊ ‌မော်လမြိုင်မြို့တွင် ဖွင့်လှစ်ထားပြီး စာမျက်နှာ ၂၈မျက်နှာ ပါရှိသည့် သံလွင်တိုင်းမ်ဂျာနယ်ကို ယခုနှစ် ‌မေလမှ စတင် ထုတ်‌ဝေ‌ရောင်းချခဲ့ခြင်း ဖြစ်သည်။