Home သတင်း ‌ကျောက်ကြီးသို့ ‌နော်‌ဝေ ဒုနိုင်ငံခြား‌ရေးဝန်ကြီး သွား‌ရောက်

‌ကျောက်ကြီးသို့ ‌နော်‌ဝေ ဒုနိုင်ငံခြား‌ရေးဝန်ကြီး သွား‌ရောက်

1833
‌မေလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

အိမ်ယာမဲ့‌နေသူများအ‌ရေး ကူညီ‌ဆောင်ရွက်ရန် ‌နော်‌ဝေနိုင်ငံ ဒုတိယနိုင်ငံခြား‌ရေးဝန်ကြီး(Torgeir Larsen) နှင့် အဖွဲ့သည် ယ‌နေ့ (‌မေ လ ၂၈ရက်‌နေ့)တွင် ပဲခူးတိုင်း‌ဒေသကြီးရှိ ‌ကျောက်ကြီးမြို့သို့ သွား‌ရောက်ခဲ့သည်ဟု ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင်များက ‌ပြောသည်။

“မနက်ဖြန် ၉နာရီ ရန်ကုန်က စထွက်မယ်။ လဝက (လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ဝန်ကြီးဦးခင်ရီနဲ့ ကရင်အမျိုး သားအစည်းအရုံးဖက်က ဦးထူးထူး‌လေးတို့လည်း ပါမယ်”ဟု ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင်တစ်ဦးက ယမန်‌နေ့က ‌ပြောခဲ့သည်။

အဆိုပါအဖွဲ့သည် ‌ကျောက်ကြီး‌ဒေသရှိ ကရင်အမျိုးသားအစည်းအရုံး-KNU မှ မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင် ထုတ်‌ပေးရန်နှင့် ဌာ‌နေမဲ့ ပြည်သူများ(IDP)အတွက် ‌ကျေးရွာတည်‌ဆောက်‌ပေးမည့် အစီအစဉ်များလည်း ပါဝင်‌ကြောင်း သိရသည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “အထူးသဖြင့် IDP အ‌ခြေအ‌နေ‌တွေကို သူ(‌နော်‌ဝေ ဒုတိယ နိုင်ငံခြား‌ရေးဝန်ကြီး)က ‌လေ့လာကြည့်မှာပါ။ ပြီးတာနဲ့ IDP အတွက် လိုအပ်တဲ့ အကူအညီ‌တွေကို ဆက်လက် ကူညီသွားမှာ ဖြစ်ပါတယ်။” ဟု ရှင်းလင်း‌ပြောဆိုခဲ့သည်။

‌နော်‌ဝေအစိုးရသည် ဌာ‌နေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ (CIDKP)နှင့် ပူးတွဲ၍ ‌ကျောက်ကြီး‌ဒေသရှိ ပြည်တွင်းဌာ‌နေ မဲ့ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ အ‌ဆောက်အဦးတည်‌ဆောက်စရာ ပစ္စည်းနှင့် စိုက်ပျိုး‌ရေးမျိုး‌စေ့ စသည်တို့ကို ကူညီ‌ပေးမည်ဖြစ် သည်ဟု ‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

KNU နှင့် မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲပြီး‌နောက် နှစ်ဖက်ဆက်ဆံ‌ရေးရုံးအား ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့တွင် ဧပြီလ ၉ရက်‌နေ့က လည်း‌ကောင်း၊ တနသင်္ာရီတိုင်း ထားဝယ်မြို့တွင် ဧပြီလ ၁ဝရက်‌နေ့ကလည်း‌ကောင်း၊ ‌မေလ ၁၅ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဘုရားသုံး ဆူမြို့၌လည်း‌ကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

၎င်းဒုတိယ နိုင်ငံခြား‌ရေးဝန်ကြီးသည် လာမည့်‌မေလ ၃ဝရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ လာ‌ရောက်ကာ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ၊ လူထုအ‌ခြေပြု လူ့အဖွဲ့အစည်းများအပြင် နယ်စပ်အ‌ခြေစိုက် မြန်မာမီဒီယာများနှင့်လည်း ‌တွေ့ဆုံကာ မြန်မာပြည်အတွင်း အပစ်အခတ်ရပ်စဲ‌ရေးနှင့် နယ်စပ်ဖြတ်‌ကျော်ကူညီမှုများကို ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

‌နော်‌ဝေးနိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း‌ရေးကိစ္စများနှင့် ပတ်သက်၍ ‌ငွေ‌ကြေးကူညီရန် အစိုးရနှင့် နှုတ်အားဖြင့် သ‌ဘောတူ ထားသည်ဟု သိရသည်။