Home သတင်း ရွာဆိုင်းဘုတ်နှင့်အတူကရင်အမျိုးသား အလံ‌တော် ‌ပျောက်ဆုံး‌နေ

ရွာဆိုင်းဘုတ်နှင့်အတူကရင်အမျိုးသား အလံ‌တော် ‌ပျောက်ဆုံး‌နေ

3544
‌မေလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ထီးဝါ့ဒို့‌ကျေးရွာအဝင်လမ်း မိုင်တစ်ဝက်ခန့် အကွာတွင် စိုက်ထူထား‌သော ကရင် အမျိုးသားအလံ‌တော်နှင့် ရွာဆိုင်းဘုတ်မှာ ‌မေလ၂၅ရက်‌နေ့က ဖြုတ်ချခံ ရပြီး ‌ပျောက်ဆုံးလျှက်ရှိသည်ဟု ရွာခံများက ‌ပြောသည်။

အဆိုပါ ဖြုတ်ခံရသည့် အလံနှင့် ဆိုင်းဘုတ်သည် ထီးဝါ့ဒို့‌ကျေးရွာနှင့် ပလိုင်ထိုဖိုက်‌ကျေးရွာအကြားတွင် တည်ရှိပြီး မည်သူမည်ဝါက မည်သည့်အ‌ကြောင်း‌ကြောင့် သွား‌ရောက်ဖြုတ်ချခဲ့သည်ကို ယခုအချိန်ထိ မသိရှိရ‌သေး‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကိုယ်အမြတ်တနိုးထားတဲ့ ကိုယ့်ကရင်အလံ‌တော် ဒီလို ဖြုတ်ချခံရတာ စိတ်မ‌ကောင်းဘူး။ ‌နောက် “ထီးဝါ့ဒို့‌ကျေးရွာ”လို့ ‌ရေးသားစိုက် ထူထားတဲ့ ဆိုင်းပုဒ်လည်း ဖြုတ်ချခံရတယ်။ ခက်တာက ဘယ်သူဘယ်ဝါ လာဖြုတ်လိုက်တာလဲ‌တော့ မသိဘူး။”ဟု သူက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ စုံစမ်း‌ဖော်ထုတ်‌ပေးရန် ထီးဝါ့ဒို့‌ကျေးရွာလူထုများက ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်ရုံးသို့ အသိ‌ပေး တင်ပြထားသည်ဟု သိရသည်။

KNU ဒူးပလာယာခရိုင် တာဝန်ရှိသူများထံ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ယင်းသို့ အလံ‌တော် ဖြုတ်ချခံရခြင်းကိစ္စကို ဆက်လက် စုံစမ်း‌ဖော်ထုတ်ပြီး ‌အေး‌ဆေးစွာ ‌ဖြေရှင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း တုန့်ပြန်‌ပြောဆိုခဲ့သည်။

ဖြုတ်ချခံရသည့် ကရင်အမျိုးသားအလံ‌တော်နှင့် ရွာဆိုင်းဘုတ်ကို ယခုနှစ်၊ ဧပြီလအ‌စောပိုင်းတွင် ထီးဝါ့ဒို့‌ကျေးရွာလူကြီးနှင့် နယ်‌မြေခံ KNU တာဝန်ရှိသူများက ညှိနှိုင်းကာ စိုက်ထူထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။