Home သတင်း တတိယနိုင်ငံ ထွက်ခွင့်ရ‌ရေးနို့ဖိုး ဒုက္ခသည်များ ထပ်မံဆန္ဒပြ

တတိယနိုင်ငံ ထွက်ခွင့်ရ‌ရေးနို့ဖိုး ဒုက္ခသည်များ ထပ်မံဆန္ဒပြ

2154
‌မေလ ၁၅ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် တတိယနိုင်ငံထွက်ခွင့်ရရန်နှင့် ‌နေထိုင်ခွင့်လက်မှတ်ပြု လုပ်‌ပေးရန်တို့အတွက် ဒုက္ခသည် ၂၀ဝဦးခန့် ဒုတိယအကြိမ် ဆန္ဒပြမှုကို ယ‌နေ့ ပြုလုပ်ခဲ့ကြသည်။

နို့ဖိုးစခန်းအတွင်းရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး – UNHCR ‌ရှေ့တွင် ၎င်းဒုက္ခသည်များက ယခင် ၎င်းဆိုထားသည့် တတိယ နိုင်ငံထွက်ခွင့်ရ‌ရေးနှင့် ပတ်သက်ပြီး UN ထံမှ အ‌ဖြေမရရှိ‌သေးသဖြင့် ယ‌နေ့နံနက် ၉နာရီမှ ‌နေ့လည် ၁၁နာရီ‌ကျော်အထိ ‌အေးချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်‌ကြောင်း နို့ဖိုးစခန်းတွင် ‌ရောက်ရှိ‌နေသူ ‌ကေအိုင်စီသတင်း‌ထောက် ‌စောဖိုးမူးက ‌ပြောသည်။

‌စောဖိုးမူးက “သူတို့ အရင်တစ်‌ခေါက်က ‌တောင်းဆိုထားတာကို ဒီ‌နေ့အထိ အ‌ဖြေမရ‌သေးလို့ ထပ်ပြီး ဆန္ဒပြကြတာပါ။ အ‌ဖြေမရမချင်း ဆက်ပြီး ဆန္ဒပြသွားကြမယ်လို့ သူတို့‌တွေက ‌ပြောပါတယ်”ဟု ဆိုသည်။

ဆန္ဒပြသူများသည် “ကျွန်ုပ်တို့ အနာဂတ်က ဘယ်မှာလဲ(Where is our Future)၊ ကျွန်ုပ်တို့ကို ကူညီကြပါ(Help us)၊ ‌ကျေးဇူးပြုပြီး တံခါးဖွင့်ထား‌ပေးပါ (Please open the door)” စသည့်ဆိုင်းဘုတ်များ ကိုင်‌ဆောင်ကာ ‌တောင်းဆိုခြင်းဖြစ်သည်ဟုလည်း သိရသည်။

UNHCR မှ တာဝန်ရှိသူများသည် နို့ဖိုးဒုက္ခသည်စခန်းရှိ တာဝန်ရှိသူများထံသို့ ဒုက္ခသည်အ‌ရေးနှင့် ပတ်သက်၍ ယ‌နေ့ လာ‌ရောက်‌တွေ့ခဲ့ ကြသဖြင့် ဒုက္ခသည်များမှ UN တာဝန်ရှိသူများ သိရှိ‌အောင် ယခုလို လာ‌ရောက်ဆန္ဒပြခြင်းဖြစ်သည်ဟုလည်း နို့ဖိုးစခန်းဥက္ကဌ ‌စောစဲမ်ဆန်က ‌ပြောသည်။

“ဒီ‌နေ့သူတို့လာရှင်းပြတာက‌တော့ ယူအဲန်က ဓါတ်ပုံ (မှတ်ပုံတင်လက်မှတ်)လာရိုက်‌ပေးပြီး နိုင်ငံခြားထွက်ဖို့အတွက်ကလည်း ထိုင်းနိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ ထိုင်းအစိုးရက လက်ခံမှ ယူအဲန်က လာလုပ်လို့ရမယ်ဆိုတာ‌တွေလည်း ‌ပြောတယ်။ ‌နောက်ပြီး တတိယနိုင်ငံ မှာ ကိုယ့်မိသားစုထဲကပဲဖြစ်ဖြစ် တစ်ဦးဦးက ‌ရောက်‌နေပြီဆိုရင် အဲဒီကို‌ရောက်‌အောင် သွားနိုင်ဖို့ ကူညီမယ်ဆိုတာ‌တွေလည်း ‌ပြောသွား ပါတယ်”ဟု ‌ပြောသည်။

သို့‌သော် ယ‌နေ့ဆန္ဒပြသူများထဲတွင် ဒုက္ခသည်များအတွက် ကူညီ‌ပေး‌နေသည့် -TBBC ရိက္ခာလက်မှတ်ရရှိထားသူများသာမကပဲ UN ကဒ် ရှိထားသူများကပါ တတိယနိုင်ငံထွက်ခွင့်ရရန် ‌နှောင့်‌နှေး‌နေသည့်အ‌ပေါ် သွား‌ရောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၅ရက်‌နေ့ ကလည်း အလားတူ တတိယနိုင်ငံထွက်ရန် ဆန္ဒပြ‌တောင်းဆိုခဲ့ပြီး ဖြစ်သည်။

လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်နှင့် အခြားတိုင်းရင်းသားလူမျိုးများ စုစု‌ပေါင်း ၁‌သောင်းခွဲ‌ကျော် ‌နေထိုင်လျှက်ရှိပြီး တရားဝင် ဒုက္ခ သည်အဖြစ် UNHCR မှ မှတ်ပုံတင်ပြီးသူ ၈‌ထောင်ခန့်နှင့် မှတ်ပုံမတင်ရ‌သေးသူ ၃‌ထောင်ခန့် ရှိသည်ဟု ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလထုတ် ကရင်ဒုက္ခသည်‌ကော်မတီ-‌ကေအာရ်စီ၏ စာရင်းအရ သိရသည်။