Home သတင်း စက်ရုံလုပ်သားများကို ကူညီ‌ပေးသည့် အလုပ်သမားကြီးကြပ်သူကို အလုပ်ရှင်မှ နစ်နာ‌ကြေးဖြင့် အလုပ်ဖြုတ်ခဲ့

စက်ရုံလုပ်သားများကို ကူညီ‌ပေးသည့် အလုပ်သမားကြီးကြပ်သူကို အလုပ်ရှင်မှ နစ်နာ‌ကြေးဖြင့် အလုပ်ဖြုတ်ခဲ့

1779
‌မေလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့‌ဈေးကြီး အ‌နောက်ဘက်ခြမ်းရှိ S.D Fashion ကုမ္ပဏီလီမိတက် ချန်ပီယံ သိုး‌မွှေးအထည်စက်ရုံမှ အလုပ်သမားများအား ကြီးကြပ်သူ ယန်ချန်း‌ဝေ(Yan Chang Wai)ကို အလုပ်ရှင်က နစ်နာ‌ကြေး‌ပေးကာ ယ‌နေ့ အလုပ်ဖြုတ်လိုက်သည်။

S.D Fashion ကုမ္ပဏီလီမိတက်ပိုင်ရှင် ထိုင်းနိုင်ငံသား တရုတ်လူမျိုး ဟင်န်(Hin)မှ ယန်ချန်း‌ဝေအား ထိုင်းဘတ်‌ငွေ (၃၃,၁၆၇) နစ်နာ ‌ကြေး‌ပေးရန် ထိုင်းအလုပ်သမားဝန်ကြီး ဦးစီးအရာရှိ ဖိမဲ့တာက မဲ‌ဆောက်မြို့ရှိ တာ့ခ်ခရိုင် အလုပ်သမား ကြီးကြပ်ကာကွယ်‌ရေးရုံး (ဆဝါ ဒီကန်)တွင် နှစ်ဦးနှစ်ဘက် လက်မှတ်ထိုး‌စေ၍ ဆုံးဖြတ်‌ပေးခဲ့ခြင်းဖြစ်သည်။

ယန်ချန်း‌ဝေက “ဒီစက်ရုံမှာ ကျ‌နော် ၇လ အလုပ်လုပ်တယ်။ အလုပ်ရှင်က ကျ‌နော့်ကို သူ့စက်ရုံမှာ အလုပ်မလုပ် ‌စေချင်‌တော့ဘူး‌လေ။ ပြဿနာ ခဏခဏ ရှာတယ်။ ဒါ‌ကြောင့် ဒီလို လုပ်လိုက်တာ။ အခု ကျ‌နော်ရတဲ့ နစ်နာ‌ကြေးက ၂လစာ ဖြစ်ရမယ်။ ဒါ‌ပေမယ့် ၁လနဲ့ ၁၅ ရက်စာပဲ ‌ပေးတယ်။ ပြဿနာ မတက်ချင်‌တော့လို့ ဒီ‌လောက်နဲ့ပဲ ‌ကျေနပ်လိုက်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ၂ရက်‌နေ့က ယန်ချန်း‌ဝေသည် ၎င်းအလုပ်လုပ်‌နေသည့် S.D Fashion ကုမ္ပဏီလီမိတက် ချန်ပီယံ သိုး‌မွှေးထည်စက်ရုံမှ အလုပ် သမား ၆၀ဝခန့် လုပ်အားခ တိုးမြှင့်‌ပေးရန် ‌တောင်းဆိုဆန္ဒပြခဲ့ရာတွင် အလုပ်သမားဘက်မှ ရပ်တည်၍ အလုပ်ရှင် လိုက်‌လျော‌ပေးလာရ သည်အထိ ကြိုးပမ်းလုပ်‌ဆောင်နိုင်ပြီး နှစ်ပတ်‌ကျော်အကြာတွင် ယခုလို အလုပ်ဖြုတ်ခံရခြင်း ဖြစ်သည်။

ချန်ပီယံ သိုး‌မွှေးအထည်စက်ရုံ၌ အလုပ်လုပ်ချိန် မနက် ၈နာရီမှ ည‌နေ ၅နာရီအထိ၏ လုပ်အားခနှုန်းမှာ ၈ဝဘတ်သာ ရှိ‌သော်လည်း ‌တောင်းဆိုဆန္ဒပြမှု ဖြစ်ပွားပြီး‌နောက် အလုပ်ရှင်ဘက်က ၁၅၅ဘတ် တိုး‌ပေးရန် သ‌ဘောတူလက်မှတ်ထိုးခဲ့ရသည်အထိ ယန်ချန်း‌ဝေက ညှိနှိုင်း‌ပေးနိုင်ခဲ့သည်။

ယန်ချန်း‌ဝေသည် ထိုင်းနိုင်ငံတွင် ၁ဝနှစ်ခန့် ဝင်‌ရောက်အလုပ်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား(China Citizen) လက်မှတ်ကိုင်‌ဆောင် ထားသူဖြစ်ပြီး လက်ရှိ ၎င်း၏လစာမှာ တစ်လလျှင် ဘတ်နှစ်‌သောင်း‌ကျော် ရရှိသူ ဖြစ်သည်။

ယခုလို မြန်မာအလုပ်သမားများဘက်မှ ရပ်တည်ကူညီခဲ့သူတစ်ဦး အလုပ်ဖြုတ်ခံရသည့်အ‌ပေါ် စိတ်မ‌ကောင်းဖြစ်ရ‌ကြောင်း မဲ‌ဆောက်အ ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေး ပူးတွဲ လှုပ်ရှားမှု‌ကော်မတီ” (Joint Action Committee for Burmese Affairs)မှ ဥက္ကဌ ဦးမိုးကြိုးက ယခုလို ‌ပြောသည်။

“သူဟာ တရုတ်နိုင်ငံသား၊ နိုင်ငံခြားသားဖြစ်တဲ့အတွက် လုပ်အားခ ပို‌ပေးရတယ်။ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားလို မဟုတ်ဘူး။ တကယ်ဆိုရင် ဥပ‌ဒေအရ အလုပ်ရှင်က သူ့အလုပ်သမားတ‌ယောက်ကို ထုတ်‌တော့မယ်ဆိုရင် အ‌ထောက်အပံ့‌တွေ အားလုံး ‌ပေးရတယ်။ သူ့လိုဆိုရင် သူပြန်ဖို့ ‌လေယာဉ်ပျံ(စရိတ်)ကအစ ‌ပေးရမယ်။ ဒီလိုမ‌ပေးချင်လို့ အခုလို သူ့ကို ကိုယ့်သ‌ဘောနဲ့ကို အလုပ်ထွက်တဲ့ပုံစံနဲ့ ထိုင်းဘာသာနဲ့ လုပ်ထားတာဖြစ်တယ်။ ဒီလိုလုပ်တာလည်း ‌လျော်‌ကြေး ပိုက်ဆံအများကြီး ‌ပေးရမှာစိုးလို့။”ဟု ဆိုသည်။

ယခုလို အလုပ်ရှင်မှ အလုပ်သမားကြီးကြပ်သူတဦးကို ထိုင်းအလုပ်သမားကြီးကြပ်ကာကွယ်‌ရေးရုံးတွင် လက်မှတ်ထိုးပြီး တရားဝင် နစ်နာ ‌ကြေး‌ပေး‌နေသည်မှာ ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဒေသတွင် ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း ကိုမိုးကြိုးက ဆက်‌ပြောသည်။

‌နောက်ဆုံးသတင်းအရ S.D Fashion ကုမ္ပဏီလီမိတက် ချန်ပီယံ သိုး‌မွှေးအထည်စက်ရုံ၌ ‌မေလ ၄ရက်‌နေ့က လုပ်အားခတိုး‌ပေးရန် အလုပ်သမားများ၏ ‌တောင်းဆိုမှုအတိုင်း အလုပ်ရှင်က လက်မှတ်ထိုးခဲ့‌သော်လည်း လက်‌တွေ့တွင် လိုက်‌လျောမှုမ‌ပေးခဲ့သည့်အတွက် ယ‌နေ့ည‌နေ ၃နာရီ‌ကျော်တွင် အဆိုပါစက်ရုံရှိ အလုပ်သမား ၁၄၀‌ကျော်က ထပ်မံ ဆန္ဒပြ‌တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မဲ‌ဆောက်မြို့တွင် တရားဝင် အလုပ်ရုံ၊ စက်ရုံ‌ပေါင်း ၂၈ဝခန့်နှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၂သိန်းနီးပါး အလုပ်လုပ်ကိုင်လျှက်ရှိပြီး မဲ‌ဆောက် အပါအဝင် တာ့ခ်ခရိုင်ရှိ မြို့နယ် ၉ခုတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက တ‌နေ့တာလုပ်အားခ ၂၂၆ဘတ် သတ်မှတ်ထား ‌သော်လည်း စက်ရုံအလုပ်ရုံအများစုမှ အလုပ်ရှင်များမှာ သတ်မှတ်နှုန်းအတိုင်း ‌ပေးနိုင်ခြင်း မရှိ‌သေး‌ကြောင်း မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောဆို‌နေကြသည်။