Home သတင်း မြန်မာသကြင်္န်ပြန်ဆင်နွဲမည့်‌ရွှေ့‌ပြောင်း အလုပ်သမားများအကြပ်ကိုင်‌ငွေညှစ်ခံရ

မြန်မာသကြင်္န်ပြန်ဆင်နွဲမည့်‌ရွှေ့‌ပြောင်း အလုပ်သမားများအကြပ်ကိုင်‌ငွေညှစ်ခံရ

1943
မတ်လ ၃၁ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

သကြင်္န်ပွဲ ဆင်နွဲရန် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက် -မြဝတီလမ်း‌ကြောမှ တဆင့် ‌နေရပ်ပြန်ကြသည့် ဘန်‌ကောက်မှ မြန်မာအလုပ်သမားများကို နှစ်ဖက်နယ်စပ်တွင် အုပ်စုဖွဲ့ကျက်စား‌နေကြသည့် မြန်မာအချို့က လိုရာခရီး ပို့‌ဆောင်‌ပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး အကြပ်ကိုင် ‌ငွေညှစ်ခြိမ်း‌ခြောက်မှု မျာပြုလုပ်‌နေ‌ကြောင်းမြန်မာအလုပ်သမားများက ‌ပြောသည်။

ဘန်‌ကောက်ပြန် မြန်မာအလုပ်သမား ကို‌ဌေး‌အောင်က “မဲ‌ဆောက်တံတားထိပ်ကို မနက် ၃နာရီ‌ကျော်မှာ ‌ရောက်‌တော့ ဘယ်သွားရမှန်း မသိ‌သေးဘူး။ မြန်မာပွဲစား‌တွေလာပြီး ယာယီနိုင်ငံကူးလက်မှတ် စာအုပ်တုံးထုရမယ့်ကိစ္စ၊ မြဝတီဘက်ကူးမဲ့ကိစ္စ၊ မြဝတီက‌နေ ရန်ကုန် ‌မော်လမြိုင် ဘားအံကို ကားနဲ့ဆင်းမဲ့ကိစ္စ‌တွေ အကျိုး‌ဆောင်‌ပေးမယ်ဆိုပြီး လက်‌တွေ့မှာ‌တော့ ကုန်ကျ‌ငွေထက် အဆမတန်ပိုယူတဲ့အပြင် လူကိုပါ ခြိမ်း‌ခြောက်လာတဲ့အတွက် အခြား မြန်မာအလုပ်သမား‌တွေ နယ်စပ်က အ‌နေအထား‌တွေကို သိနိုင်ဖို့ သတိ‌ပေးချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမြန်မာအလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် အထွက်တံဆိပ်တုံးအတွက် ထိုင်းလူဝင်မှုကြီးကြပ်‌ရေး-လဝကရုံးတွင် တုံးထု ခ တရားဝင်ဘတ် ၁,၁၀ဝကို ဘတ် ၁,၆၀၀‌ပေးရခြင်း၊ မြဝတီသို့ ‌လှေဖြင့်ကူးရာတွင် ကျပ် ၅၀ဝကို ကျပ် ၁၀၀ဝ အထက်‌တောင်းခြင်း၊ အထုပ်အပိုးများကို တအိတ်လျှင် ကျပ် ၂,၀၀ဝခန့် ‌တောင်းယူခြင်းများအပြင် ‌နေရပ်ပြန်မည့်ကားခကိုလည်း ပုံမှန်ထက် ၂ဆနီးပါး ‌တောင်း ယူခြင်းများ ကြုံ‌တွေ့ရသည်ဟု ကို‌ဌေး‌အောင်က ‌ပြောကြားသည်။

ယာယီ နိုင်ငံကူးလက်မှတ်ကိုင်‌ဆောင်သူများသည် မြန်မာဘက်သို့ကူးနိုင်ရန်အတွက် ထိုင်းလဝကရုံးတွင် သမရိုးကျအတိုင်း အထွက်တုံး ထုရန် တရားဝင်သတ်မှတ်ချက်ဘတ်‌ငွေ ၁၁၀ဝ ဖြင့်သွား‌ရောက်ပါက ဝန်ထမ်းများက လွယ်လင့်တကူ လုပ်‌ဆောင်‌ပေးခြင်းမရှိသည့်အ တွက် မြန်မာအလုပ်သမားအားလုံးနီးပါးမှာ အထွက်တုံး ထုရိုက်နိုင်ရန်အတွက် ပွဲစားများကို အဆမတန် ‌ပေး‌နေရခြင်းဖြစ် သည်ဟု မြန်မာအလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌နေသည့်အဖွဲ့များက ‌ပြောသည်။


‌မော်လမြိုင်သူ မိ‌ငွေကျင်က “အဲဒီပွဲစား‌တွေက သူတို့ကိုယ်သူတို့ ကားသမား‌တွေလို့ လိမ်‌ပြောတာ။ မြဝတီနဲ့ ‌မော်လမြိုင်ကို ပုံမှန် ကျပ် ၁‌သောင်းပဲ။ အဲဒါ သကြင်္န်နီးလို့ဆိုပြီး ၂‌သောင်း‌တောင်းတယ်။ ကားသမားကို ၁၅၀၀၀‌ပေးပြီး သူတို့က ၅၀၀ဝ ယူပြီး ‌ပျောက်သွားတယ်။ ကားသမားက အဲဒီလူ‌တွေကို သူတို့မသိဘူးလို့ ‌ပြောတယ်။ ပါလာတဲ့ထိုင်းဘတ်‌ငွေ‌တွေကို မြဝတီက မြန်မာ‌ငွေလဲခုံ‌တွေမှာ သွားလဲ‌တော့ တစ်သိန်းအုပ်က ကိုး‌သောင်းပဲပါတယ်။ သွားပြန်‌ပြော‌တော့ ပြဿနာရှာပြီး ရိုက်မယ်ပုတ်မယ်နဲ့လုပ်တယ်။ အဲဒီနားမှာရှိတဲ့ ရဲကိုသွား‌ပြော ‌တော့လည်း ကိုယ့်ကို‌တောင် အပြစ်ပြန်‌ပြောလိုက်‌သေးတယ်”ဟု ဆိုသည်။

ယခုလ ၂၅ရက်‌နေ့က ထိုင်းနိုင်ငံ၊ ပထုံဌာနီအရပ်မှပြန်လာသည့် မြန်မာအလုပ်သမ မရီရီနှင့် မသင်းသင်းတို့သည့် မ‌ကွေးသို့ ပြန်ရန်အ တွက် မြဝတီကားဂိတ်တွင် ပွဲစားမှတဆင့် မြန်မာ‌ငွေ ၅သိန်းလဲရန် ဘတ်‌ငွေ‌ပေးခဲ့ရာ ပွဲစားထွက်‌ပြေးသွား၍ ၎င်းအလုပ်သမနှစ်ဦးမှာ မြဝ တီရှိ ‌တောရဘုန်း‌တော်ကြီးတွင် လာ‌ရောက်တည်းခို‌နေရသည်ဟု ဘုန်း‌တော်ကြီးအရှင်ကုသလက မိန့်ကြားသည်။

သကြင်္န်မတိုင်မီ တစ်လနှင့် သကြင်္န်အပြီး တစ်လအတွင်း မြဝတီမှ ‌မော်လမြိုင်၊ ဘားအံ၊ ရန်ကုန် ‌ပြေးဆွဲ‌နေကြသည့် ‌မော်‌တော်ယာဉ်လိုင်း များသည် ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများကို သကြင်္န်ကာလအ‌ကြောင်းပြချက်ဖြင့် ယာဉ်စီးခများကို အဆမတန် ‌ကောက်ခံကြသဖြင့် အလုပ်သမားများ နစ်နာကြရသည်ဟု မြဝတီမြို့ခံတစ်ဦးက ‌ပြောသည်။

၎င်းမြို့ခံ၏ အဆိုအရ သကြင်္န်ကိုအ‌ကြောင်းပြကာ မြဝတီမှ ‌မော်လမြိုင် ပုံမှန်ကျပ် ၁၀၀၀ဝကို ၁၅၀၀ဝ ဘားအံသို့ ပုံမှန်ကျပ် ၅၀၀ဝကို ၁၀၀၀၀၊ ရန်ကုန်သို့ ကျပ် ၁၀၀၀ဝ ကို ၁၂၀၀ဝအထိ တရားမဝင် တိုးမြှင့်‌ကောက်ခံပြီး အထုပ်အပိုး အကြီးအ‌သေး‌ပေါ်ကြည့်၍ ကျပ် ၁၅၀ဝမှ ၂၀၀ဝအထိ ‌ကောက်ခံကြ‌သော်လည်း ၎င်းကိစ္စကို ‌မော်‌တော်ယာဉ်လိုင်းတာဝန်ရှိသူများက တစုံတရာ အ‌ရေးယူခြင်းမရှိဟုလည်း သိရသည်။

မတ်လလယ်မှစ၍ မြဝတီလမ်း‌ကြောအတိုင်း ထိုင်းနိုင်ငံတွင်းမှ ‌နေရပ်ပြန်လာကြသည့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား အ‌ရေအတွက်မှာ ပျမ်းမျှအားဖြင့် ‌နေ့စဉ် ၅၀ဝဦးခန့်ရှိသည်ဟု ချစ်ကြည်‌ရေးတံတားတွင် တာဝန်ကျသည့် ထိုင်းနယ်ခြား‌စောင့်တပ်မှူးတဦးက ‌ပြောသည်။

ထိုင်းနိုင်ငံ‌ရောက် လက်ရှိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား အ‌ရေအတွက်မှာ ၂သန်း‌ကျော်ရှိသည်ဟု ထိုင်းနိုင်ငံအ‌ခြေစိုက် မြန်မာအလုပ် သမားများအ‌ရေး ‌ဆောင်ရွက်‌နေကြသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ‌ပြောသည်။