Home သတင်း ဟတ်ကြီးဆည်စီမံကိန်းရပ်တန့်‌ရေးဆု‌တောင်းပွဲ ကရင်ပြည်နယ်မှ‌ဒေသခံများမတက်‌ရောက်နိုင်ခဲ့

ဟတ်ကြီးဆည်စီမံကိန်းရပ်တန့်‌ရေးဆု‌တောင်းပွဲ ကရင်ပြည်နယ်မှ‌ဒေသခံများမတက်‌ရောက်နိုင်ခဲ့

2160
မတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်နှင့် ‌သောင်ရင်းမြစ်ဆုံရာ (သူးမွဲထာ့)ရှိ ထိုင်းနိုင်ငံဘက်ခြမ်း ဆူးမွဲမြို့နယ်တွင် ဟတ်ကြီးဆည်တည် ‌ဆောက်‌ရေး စီမံကိန်းရပ်တန့်ရန် ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲသို့ မြန်မာဘက်ခြမ်းမှ ကရင်ရွာသားများ တက်‌ရောက်နိုင်ခြင်း မရှိခဲ့‌ကြောင်း သိရသည်။

မတ်လ ၁၄ရက်‌နေ့တွင် ကျ‌ရောက်သည့် ‌ရေကာတာဆန့်ကျင်‌ရေး‌နေ့၌ သံလွင်မြစ်ကို အ‌ခြေခံတည်‌ဆောက်မည့် ဟတ်ကြီးဆည် စီမံ ကိန်း‌ဒေသ၌ ထိုင်းဘက်ခြမ်းမှ ကရင်ရွာ ၂၉ရွာနှင့် မြန်မာဘက်ခြမ်းမှ ကရင်ရွာ ၁၃ရွာတို့ ယခုနှစ် ပါဝင်ဆင်နွဲကြမည်ဟု စီစဉ်ထားခဲ့‌သော် လည်း သူးမွဲထာ့အ‌ခြေစိုက် မြန်မာအစိုးရတပ်က သံလွင်မြစ်ကို ဖြတ်ကူးခွင့်မပြု‌သော‌ကြောင့် မြန်မာဘက်ခြမ်းမှ ‌ဒေသခံရွာသူရွာသားများ မှာ ၎င်းဆု‌တောင်းပွဲသို့ မတက်‌ရောက်နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့-KRW က ‌ပြောသည်။

ဆု‌တောင်းပွဲသွားခဲ့သူ KRW မှ ‌နော်ဗျူးလာထူးက “ဆု‌တောင်းပွဲကိုလာတဲ့ မြန်မာဘက်ခြမ်းက ရွာသားတဦးက သူတို့ကို သံလွင်မြစ် ဖြတ် ကူးခွင့်မ‌ပေးတာ ဟိုး အရင်နှစ် ဒီဇင်ဘာလကတည်းကပါတဲ့။ သူတို့(မြန်မာစစ်တပ်)ရဲ့ အ‌ကြောင်းပြချက်က လုံခြုံ‌ရေးအရ ဖြတ်ခွင့်မ‌ပေး တာလို့ ကျမတို့ကို ပြန်‌ပြောပြတယ်။”ဟု ‌ပြောသည်။

၎င်းဆု‌တောင်းပွဲ မပါဝင်နိုင်သည့် ကရင်ပြည်နယ်ဘက်ခြမ်းမှ ‌ကျေးရွာများမှာ ဟတ်ကြီး‌ဒေသအနီးတဝိုက်ရှိ မယ်ပ၊ မားမူ၊ ‌မော‌လောခို၊ မယ်လဲ့ခီး၊ နို့ပူ၊ မယ်‌ခေါ့ထီနှင့် အခြားရွာ ၇ရွာတို့ဖြစ်သည်။

ထိုင်းဘက်ခြမ်း ဆူးမွဲမြို့နယ်ရှိ သံလွင်မြစ်ကမ်းနား၌ ကျင်းပခဲ့သည့် ယခု ဆု‌တောင်းပွဲသို့ လူထု ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။ ထို ‌နေ့တရက်တည်းပင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် သံလွင်မြစ်နံ‌ဘေးရှိ ဝဲကြီးဆည်စီမံကိန်း‌နေရာ၌လည်း အလားတူ ဆု‌တောင်းပွဲ ကျင်း ပခဲ့ရာ လူထု ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ဟတ်ကြီး‌ဒေသ ဆု‌တောင်းပွဲတွင် ပါဝင်ခဲ့သူ ထိုင်းဘက်ခြမ်း မဲ့စမ်လယ်ရွာသား ‌စောထီး‌စေးက “‌ရေကာတာသာ လုပ်ဖြစ်ရင် မြစ်ထဲမှာ လည်း စက်‌လှေနဲ့ သွားလာလို့ မရ‌တော့ဘူး။ တံငါသည်‌တွေလည်း ငါးရှာစားလို့ မရ‌တော့ဘူး။ ‌နောက်ပြီး မြစ်ကမ်းနားက စိုက်ခင်း‌တွေဆို လည်း ပျက်စီးကုန်မယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်၊ သူးမွဲထာ့‌ဒေသတွင် အစိုးရစစ်တပ် တပ်မ(၁၁) လက်‌အောက်ခံ ခမရ(၂၁၈) ‌နေရာကို ယခင်လကုန်ပိုင်းက ‌ပြောင်းလဲ‌ရောက်ရှိလာသည့် တပ်ရင်း(နံပါတ်မသိ‌သေး)နှင့် ကရင်နယ်ခြား‌စောင့် တပ်-BGF (၁၀၁၄)တို့ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိပြီး ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလကုန်ပိုင်းက ၎င်းတို့၏ စခန်းသစ်တခုကို တည်‌ဆောက်ခဲ့‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)၏ ရုံးထိုင်မှူး ဗိုလ်မှူးကလယ်ဒို့က ‌ပြောသည်။

သူက “မြန်မာအစိုးရက ကျ‌နော်တို့နဲ့ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူထားတဲ့အချိန် ဟတ်ကြီး‌ဒေသမှာ စခန်းသစ် တိုး‌ဆောက် တာဟာ ဟတ်ကြီးဆည် ဒီစီမံကိန်းနဲ့ သက်ဆိုင်နိုင်တယ်။”ဟု သုံးသပ်‌ပြောဆိုသည်။

ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့-KRW သည် ၂၀၀၃ခုနှစ်တွင် ဝဲကြီးဆည်နှင့် ၂၀၁ဝခုနှစ်တွင် ဟတ်ကြီးဆည်စီမံကိန်းတို့ကို ဆန့် ကျင်ကန့်ကွက်သည့်အ‌နေဖြင့် ‌ဒေသခံများနှင့်အတူ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် မိရိုးဖလာ ဘာသာ‌ပေါင်းစုံဆု‌တောင်းပွဲကို စတင် ကျင်းပ လာခဲ့သည်။

မြန်မာအစိုးရတပ်သည် သံလွင်မြစ်ကို ဖြတ်ကူးရန် ‌ဒေသခံများကို တားမြစ်ထား‌သော်လည်း အစိုးရစစ်သည် ၂ဦးမှာ သူးမွဲထာ့တွင် ပြုလုပ် သည့် ‌ရေကာတာဆန့်ကျင်‌ရေး ဆု‌တောင်းပွဲသို့ အရပ်ဝတ်ဖြင့် လာ‌ရောက်‌လေ့လာခဲ့သလို KRW အ‌နေဖြင့် မတ်လ ၁၃ရက်‌နေ့က ထုတ် ပြန်သည့် ၎င်းတို့၏‌ကြေညာချက်ကို ‌ဝေငှ‌ပေးခဲ့သည်။

KRW ၏ ‌ကြေညာချက်တွင် မြန်မာအစိုးရသည် KNU နှင့် အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူထားပြီဖြစ် ‌သော်လည်း ကရင်ပြည်နယ် ဟတ်ကြီး‌ဒေသရှိ ထိုင်းနိုင်ငံနှင့် ၄၈ကီလိုအကွာတွင် မြန်မာအစိုးရစစ်တပ်များက ယခင်နှစ်များထက် ရိက္ခာ နှင့် တပ်အင်အားများ တိုးချဲ့ လာသည်ဟု ‌ဖော်ပြထားသည်။ လတ်တ‌လော အပစ်ရပ်စဲ‌ရေးကာလတွင် မြန်မာအစိုးရဘက်က ဟတ်ကြီး‌ရေ ကာတာကို လုပ်‌ဆောင် လာပါက KNU နှင့် လုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ထိခိုက်လာနိုင်သည်ဟုလည်း KRW က ‌ထောက်ပြထားသည်။

၂၀၀၉ခုနှစ်က ဟတ်ကြီး‌ရေကာတာစီမံကိန်း ရပ်ဆိုင်းထားရန် KNU ဘက်မှ တရားဝင် ထုတ်ပြန်ထားပြီးဖြစ်‌သော်လည်း တရုတ်စီနီဟိုက် ဒရိုနှင့် ထိုင်းလျှပ်စစ်ဌာန၏ ဖိအား‌ပေးမှု‌ကြောင့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလတွင် KNU က ၎င်းဆည်စီမံကိန်းအတွက် သု‌တေသနပြုခွင့်‌ပေးခဲ့ သည်ဟုလည်း ‌ကြေညာချက်တွင် ထည့်သွင်းထားသည်။

မြန်မာအစိုးရသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်‌ရေး အာဏာပိုင်အဖွဲ့ (Electricity Generating Authority of Thailand-EGAT)နှင့် ဝဲကြီးဆည်တည်‌ဆောက်‌ရေး နားလည်မှု စာချွန်လွှာကို၂၀၀၅ခုနှစ်တွင် လက်မှတ်‌ရေးထိုးခဲ့ပြီး ၂၀၀၆ခုနှစ်တွင် ဟတ်ကြီးဆည်တည် ‌ဆောက်ရန် လက်မှတ်‌ရေးထိုးခဲ့သည်။