Home သတင်း KNU ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် အဖွဲ့ ဘားအံမြို့သို့ ထွက်ခွာ

KNU ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် အဖွဲ့ ဘားအံမြို့သို့ ထွက်ခွာ

1335
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး KNU မှ ၁၉ဦးပါ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တရားဝင် အပစ်အခတ် ရပ်စဲ‌ရေးအတွက် နှစ်ဘက် ‌ဆွေး‌နွေးမှု စတင်ရန် ယ‌နေ့နံနက်က နယ်စပ်မြဝတီမြို့မှတဆင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ထွက်ခွာသွားပြီး ဖြစ်သည်။

ဘားအံမြို့တွင် မြန်မာအစိုးရကိုယ်စားလှယ်များနှင့် သွား‌ရောက်‌ဆွေး‌နွေးမည့် KNU အရပ်ဘက်နှင့် စစ်ဘက်ကိုယ်စားလှယ်အ ဖွဲ့ကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက ဦး‌ဆောင်ပြီး နှစ်ဘက်အပစ်အ ခတ် ရပ်စဲနိုင်‌ရေးအတွက် KNU ဘက်မှ အချက် ၁၁ချက်ကို ‌ဆွေး‌နွေး‌တောင်းဆိုသွားမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး၏ ‌တောင်းဆိုချက်များထဲတွင် တိုင်းရင်းသား‌ဒေသများ၌ ဖြစ်ပွား‌နေသည့် စစ်ပွဲများ ရပ်ဆိုင်းပြီး တပြည်လုံး အတိုင်းအတာနှင့် အမြန်ဆုံးအပစ်အခတ် ရပ်စဲရန်၊ ‌ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများ၏ ဘဝအဖြစ် အာမခံ ချက်‌ပေးရန်နှင့် ယုံကြည်ရသည့် အ‌ခြေအ‌နေများ တည်‌ဆောက်ရန်၊ ‌ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံသည့် ဖွံ့ဖြိုး‌ရေးလုပ် ငန်းများ လုပ်ကိုင်ရန်၊ အဓမ္မလုပ်အား‌စေခိုင်းခြင်း၊ နည်းမျိုးစုံနှင့် အခွန်‌ကောက်ခံခြင်းများ မပြုလုပ်ရန်တို့ ပါရှိသည်။

၎င်းအပြင် အကျဉ်းသားများ လွှတ်‌ပေးရန်၊ ပြည်သူများဘဝ ပြန်လည်ထူ‌ထောင်‌ရေးနှင့် လူထု၏ ‌မြေယာကိစ္စများကို ‌ဖြေရှင်း ‌ပေးရန်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအတွက် မှန်ကန်သည့် အစီအစဉ်များ ချမှတ်ပြီး ဘက်အားလုံးမှ တည်မြဲမည့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုများကို တိုးတက်ဖြစ်‌ပေါ်လာ‌စေရန်နှင့် ဆက်ဆံ‌ရေးရုံးများ ဖွင့်လှစ်ခြင်း၊ လက်နက်မပါဘဲ ကရင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်၊ နှစ်ဘက်တပ် တည်‌နေရာသတ်မှတ်ခြင်းများ အပါအဝင် အဓိက‌တောင်းဆိုချက် ၁၁ခု၏ အ‌သေးစိပ် အချက်အလက်များမှာ စာမျက်နှာ ၆မျက်နှာ ပါရှိသည်။

ဘားအံမြို့သို့ သွား‌ရောက်မည့်အထဲတွင် ပါဝင်သူ KNU ပြည်တွင်း ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့၏ အတွင်း‌ရေးမှူး ပဒို‌ဒေး ဗစ်‌ထောက “ကျ‌နော်တို့ဘက်က ‌တောင်းဆိုချက်‌တွေကို အစိုးရနဲ့ ‌ဆွေး‌နွေးညှိနှိုင်းသွားမှာ ဖြစ်တဲ့အတွက် အခက်အခဲ‌တော့ မရှိနိုင်ပါဘူး။ ဘာလို့လည်းဆို‌တော့ ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲ‌ရေးကိစ္စကို အစိုးရဘက်က လိုလားသလို၊ KNU ဘက်ကလည်း လိုလားပါတယ်။”ဟု ‌ပြောသည်။

KNU ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စော‌ဒေးဗစ်‌ထော၊ ပဒို‌စောအား တိုး၊ ဗိုလ်မှူးချုပ်‌ဂျော်နီ၊ ဒုဗိုလ်မှူးကြီး‌ရောဂျာခင်၊ ဗိုလ်မှူးရှီးရှို၊ ဗိုလ်မှူးအိသာ၊ ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စော‌လေး‌လော်‌ဆော၊ ပဒို ‌စော‌အောင်‌မော်‌အေး၊ ပဒို‌စော‌ရွှေ‌မောင်းနှင့် ပဒို‌စောအယ်ဝါးတို့သည် ယခုလ ၁၂ရက်‌နေ့တွင် မြန်မာအစိုးရကိုယ်စားလှယ်များ နှင့် ဘားအံမြို့တွင် စတင် ‌ဆွေး‌နွေးကြမည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပါရှိသည့် ရုံးအဖွဲ့ဝင် ၇ဦးကို ပဒို‌စော‌သောသီဘွဲက ဦး‌ဆောင်ပြီး ၎င်းအဖွဲ့တွင် ‌ဆေးမှူးတဦးနှင့် လုံခြုံ‌ရေးဆိုင်ရာအဖြစ် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် KNLA မှ ဗိုလ်ကြီး ၂ဦး ပါရှိသည်။

နယ်စပ် မြဝတီမြို့မှ ဘားအံမြို့သို့ ယ‌နေ့မနက် မြန်မာစံ‌တော်ချိန် ၈နာရီတွင် ထွက်ခွာသွားသည့် KNU ငြိမ်းချမ်း‌ရေးကိုယ်စား လှယ်အဖွဲ့ကို ဗိုလ်ချုပ်ချစ်သန်း(ငြိမ်း)နှင့် ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင် ဦးကိုကို‌မောင် ဦး‌ဆောင်သည့်အဖွဲ့က ခရီးစဉ်အတွက် မြဝတီမြို့တွင် လာ‌ရောက်ကြိုဆိုခဲ့ကြသည်။

ငြိမ်းချမ်း‌ရေးခရီးစဉ်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့သည့် ဘားအံမြို့အ‌ခြေစိုက် ကရင်ငြိမ်းချမ်း‌ရေး‌ကော်မတီ KPC အဖွဲ့၏ နာယက ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိနှင့် သွား‌ရောက်‌တွေ့ဆုံမည်ဖြစ်ပြီး မွန်ပြည်နယ်ရှိ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်နှင့် ပဲခူးတိုင်း၊ ‌ရွှေကျင်မြို့နယ်ဘက်သို့ ‌လေ့လာ‌ရေး ခရီးစဉ်များလည်း ပါရှိမည်ဖြစ်သည်။

ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်းမှု‌ဖော်‌ဆောင်‌ရေးအဖွဲ့သည် ယခုလ ၃ရက် နှင့် ၄ရက်‌နေ့တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပြည်နယ် ဟားခါးမြို့၌ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်ကို လက်မှတ်‌ရေးထိုးခဲ့ပြီး KNU နှင့် ယခုလ ၁၂ရက်‌နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌လည်း‌ကောင်း၊ ယခုလ ၂ဝရက်‌နေ့တွင် မွန်ပြည်သစ်ပါတီနှင့်လည်း‌ကောင်း၊ ပြည်တွင်းငြိမ်းချမ်း‌ရေးဆိုင်ရာ ကိစ္စရပ်များကို ‌ဆွေး‌နွေးကာ ပထမအဆင့်ဖြစ်သည့် အပစ် အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်များကို လက်မှတ်‌ရေးထိုးသွားရန် ရှိသည်ဟု သတင်းများ ထွက်‌ပေါ်‌နေသည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးအတွက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီ လ ၃၁ရက်‌နေ့မှ စတင်ကာ မြန်မာအစိုးရအဆက်ဆက်ကို ‌တော်လှန်လာခဲ့သည်မှာ ၆၃နှစ် နီးပါးရှိပြီး ဖြစ်သည်။