Home ထိပ်တန်းသတင်း ဟီလာရီကလင်တန်နှင့် ‌ဒေါ်စု‌တွေ့ မည့်ကိစ္စ WLB ကြိုဆို

ဟီလာရီကလင်တန်နှင့် ‌ဒေါ်စု‌တွေ့ မည့်ကိစ္စ WLB ကြိုဆို

1678
ဒီဇင်ဘာလ ၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံကို ‌ရောက်ရှိ‌နေသည့်အ‌မေရိကန်နိုင်ငံခြား‌ရေး ဝန်ကြီး ဟီလာရီကလင်တန် သည်မြန်မာ့ ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် မနက်ဖြန် ‌တွေ့ဆုံရန်ရှိပြီး ထို‌တွေ့ဆုံမှုကို ကြိုဆို‌ကြောင်း အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)က ယ‌နေ့‌ပြောကြားလိုက်သည်။

WLB သည် မြန်မာ့အမျိုးသမီးအ‌ရေး‌ဆောင်ရွက်လျှက်ရှိသည့် အမျိုးသမီးအဖွဲ့အစည်းဖြစ်သည့်အ‌လျှောက် ယခုလို ကမ္ဘာ မှ ‌လေးစားအသိအမှတ်ပြုထားခံရပြီး ဩဇာရှိသည့် အမျိုးသမီးနှစ်ဦးတို့၏ ‌တွေ့ဆုံမှုကို ဂုဏ်ယူဝမ်း‌မြောက်သည့်အ‌နေဖြင့် ကြိုဆိုရခြင်းဖြစ်‌ကြောင်း WLB အဖွဲ့ဝင် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ‌နော်က‌ညော‌ဖောက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီလို ‌ကျော်ကြားတဲ့ အမျိုးသမီးနှစ်‌ယောက်‌တွေ့တာ ကျမတို့ ဂုဏ်ယူတယ်။ သူတို့‌တွေဟာ အမျိုးသမီး‌တွေဖြစ်တဲ့အတွက် အခု ‌တွေ့ဆုံမှုဟာလည်း လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီးကြုံ‌တွေ့ခံစား‌နေရတဲ့ ဒုက္ခမျိုးစုံနဲ့ ပတ်သက်ပြီး ‌ပြောဆိုဖို့ ချန်လှပ်ထားမှာမဟုတ်ဘူးလို့လည်း ယုံကြည်တယ်။”ဟု ‌ပြောသည်။

လတ်တ‌လော မြန်မာနိုင်ငံအတွင်း နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး စသည့်တို့ ဆုတ်ယုတ်ကျဆင်း‌နေချိန်တွင် အဆိုးရွားဆုံး ဒုက္ခခံစားရမှုမှာ အမျိုးသမီးများဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသား‌ဒေသများ၌လည်း အမျိုးသမီးများသည် မုဒိမ်းကျင့်ခံရခြင်း၊ လိင်ကျွန်ပြုခံရခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းအပါအဝင် အကြမ်းဖက်မှု အမျိုးမျိုး ခံစား‌နေရသည်ဟု WLB က ဆိုသည်။

ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီ၏ အမျိုးသမီးများ၊ လုံခြုံ‌ရေးနှင့် ငြိမ်းချမ်း ‌ရေးဆိုင်ရာ အစည်းအ‌ဝေး၌ စစ်ဖြစ်ပွား‌နေသည့် ကွန်ဂိုနိုင်ငံအတွင်း အမျိုးသမီးများ၏ ဆိုးရွားလှသည့် အကြမ်းဖက်ခံရမှုများကို ထိထိ‌ရောက်‌ရောက် အပြစ်‌ပေး အ‌ရေးယူမှုများပြုလုပ်ရန် ‌တောင်းဆိုသကဲ့သို့ မြန်မာနိုင်ငံတွင် အလားဖြစ်ရပ်မျိုး ရပ်တန့်‌စေ‌ရေးကိုလည်း ‌ဆောင်ရွက်‌ပေး‌စေလိုသည်ဟု WLB က ‌ကြေညာချက်ထုတ် တိုက်တွန်းထားသည်။

ယခုနှစ် ‌မေလ က‌နေဒါနိုင်ငံတွင် အမျိုးသမီးနိုဘယ်လ်ဆုရှင်များ(NWI) ဦး‌ဆောင်ကျင်းပသည့် အမျိုးသမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်‌ရေးဆိုင်ရာညီလာခံသို့ ‌ပေးပို့‌သော ‌ဒေါ်စု၏ ဗွီဒီယိုအမှာစကားအရ မြန်မာနိုင်ငံ တိုင်းရင်းသားအမျိုးသမီးများအ‌ပေါ် မုဒိမ်းကျင့်မှုများသည် စစ်လက်နက်သဖွယ် အသုံးပြု‌နေ‌ကြောင်း ‌ကြေညာချက်၌ ပါရှိသည်။

ထို့အပြင် ‌ဒေါ်စုသည် ပြည်သူလူထုအကျိုးကို ‌ရှေးရှု၍ မြန်မာအစိုးရဘက်မှ မကြာမီ ပြုလုပ်ကျင်းပမည့် ကြားဖြတ်‌ရွေး ‌ကောက်ပွဲတွင် ၎င်း၏ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD အ‌နေဖြင့် ပါတီမှတ်ပုံတင်ခဲ့ရာတွင် ဦး‌ဆောင်‌ကော်မတီဝင် (၂၁)ဦးအနက် (၁၁)ဦး ပါဝင်ခြင်းသည်လည်း WLB မှ ‌ထောက်ခံ‌ကြောင်း ‌ဖော်ပြထားသည်။

ဟီလာရီ ကလင်တန်သည် အ‌မေရိကန်နိုင်ငံခြား‌ရေးဝန်ကြီးတဦးအ‌နေဖြင့် နှစ်‌ပေါင်း ၅ဝ ‌ကျော်အတွင်း ယမန်‌နေ့က မြန်မာနိုင်ငံသို့ စတင်‌ရောက်ရှိကာ ယ‌နေ့၌ သမ္မတ ဦးသိန်းစိန်နှင့် ‌နေပြည်‌တော်တွင် ‌တွေ့ဆုံခဲ့ပြီး‌နောက် မနက်ဖြန် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင် ‌တွေ့ဆုံမည်ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံတွင် ၃ရက်ကြာ ‌နေသွားမည်ဖြစ်သည်။

၁၉၉၉ ခုနှစ်၊ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် စတင်တည်‌ထောင်ဖွဲ့စည်းခဲ့သည့် WLB သည် လက်ရှိ မြန်မာနိုင်ငံတိုင်း ရင်းသူအဖွဲ့အစည်း ၁၃ဖွဲ့ဖြင့် အမျိုးသမီးအ‌ရေးကို ပူး‌ပေါင်းပါဝင်လျှက်ရှိသည်။