Home သတင်း ဆွဲမိုင်းတိုက်ပွဲ‌ကြောင့်အစိုးရ စစ်သည်၉ဦး ထိခိုက်‌သေဆုံး

ဆွဲမိုင်းတိုက်ပွဲ‌ကြောင့်အစိုးရ စစ်သည်၉ဦး ထိခိုက်‌သေဆုံး

2451
နိုဝင်ဘာလ ၂၈။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း၊ မြစ်တန်းမြို့နယ်တွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်အား ‌ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့၏ ဆွဲမိုင်းများဖြင့် တိုက်ခိုက်မှု‌ကြောင့် ၃ဦး‌သေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထို‌ဒေသမှလာသည့် သတင်းအရ သိရသည်။

အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၈)မှ နည်းဗျူဟာ(၂)လက်‌အောက်ခံ ခမရ(၄၀၇)မှ အင်အား ၁၂ဝဦးပါ ဗိုလ်မှူး မင်း‌ဌေးဦးစီးတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်‌နေ့ မနက် ၉နာရီခွဲတွင် ဆင်ဖြူဒိုင်ရွာမှ ‌မေတ္တာရွာဘက်သို့ ချီတက်လာစဉ် ‌ကေ အဲန်ယူ တပ်မဟာ(၄)မှ ‌စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

၎င်း “၉နာရီခွဲ‌လောက်မှာ ‌အော်‌လော်‌ချောင်းဖျား အာစီယံကားလမ်မကြီး‌ဘေးနားမှာ အင်အား ၂ဝပါတဲ့ တပ်ဖွဲ့က ဆွဲမိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ‌စောင့်ကြိုပစ်ခတ်တာ ဖြစ်တယ်။”ဟု ‌ပြောသည်။

ထိုပစ်ခတ်မှုတွင် အစိုးရဘက်မှ တပ်ကြပ် အပါအဝင် တပ်သား ၂ဦး‌သေဆုံးပြီး တပ်သား ၄ဦးနှင့် တပ်ကြပ် ၂ဦး ထိခိုက်ဒဏ် ရာရရှိ‌သော်လည်း ‌ကေအဲန်ယူဘက်က ထိခိုက်မှုမရှိ‌ကြောင်း ၎င်းစစ်တပ်နှင့်နီးစပ်သူက ‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ရက်‌နေ့တွင်လည်း အဆိုပါ ခမရ(၄၀၇)မှ စစ်သည် ၃ဦးသည် ဆင်ဖြူဒိုင်မှ ‌မေတ္တာသို့ အရပ်သား ကားဖြင့် ကားကြုံလိုက်ပါသွားစဉ် အမည်မသိ လူတစ်စုမှ အလစ်ဝင်‌ရောက် ရိုက်နှက်သတ်ပစ်ခဲ့သည်ဟု အဆိုပါပုဂ္ဂိုလ်က ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်းက တိုက်ပွဲကို အတည်ပြု ‌ပြောဆို‌သော်လည်း အစိုးရ တပ်သား အသတ်ခံရမှုအ‌ပေါ် မဖြစ်နိုင်‌ကြောင်း ယခုလို ‌ပြောဆိုသည်။

“တိုက်ပွဲဖြစ်တာက‌တော့ မှန်ပါတယ်။ ဒါ‌ပေမယ့် ဗမာစစ်သား သုံး‌ယောက် အသတ်ခံရတဲ့ကိစ္စက အဲဒီမှာရှိတဲ့ ကျ‌နော်တို့တပ် ဖွဲ့‌တွေ သတင်းပို့လာတာ မ‌တွေ့‌သေးဘူး။ ‌သေနတ်ကိုင်ထားတဲ့စစ်သားက ရိုက်သတ်ခံရတယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ရမ်းကားချင်တိုင်း ရမ်းလို့ရ‌အောင် အထက်ကို တင်ပြတာပဲ ဖြစ်နိုင်ပါတယ်။”ဟု ‌ပြောသည်။

ယခုအချိန်တွင် ၎င်း‌ဒေသ၌ လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များက ချုံခိုတိုက်ခိုက်ခံရမှု၊ သတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ ‌ဒေသခံ ရွာသားများအား အကြပ်ကိုင်၊ ခြိမ်း‌ခြောက်မှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု နယ်‌မြေခံ ‌ကေအဲန်ယူဘက်မှ ‌ပြောဆိုသည်။

တနသင်္ာရီ‌ချောင်း၏ အ‌နောက်ဘက်ခြမ်း ၁မိုင်အကွာရှိ အဆိုပါ‌ဒေသတွင် အစိုးရစစ်တပ်ဘက်မှ တပ်ရင်း ၆ရင်းထက်မနည်း လှုပ်ရှား‌နေသကဲ့သို့ ‌ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့တို့ အ‌ခြေချလှုပ်ရှားရာ နယ်‌မြေလည်းဖြစ်‌သော‌ကြောင့် ပစ်ခတ်မှု၊ လူ သတ်မှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။