Home ထိပ်တန်းသတင်း အသတ်ခံခဲ့ရသည့် အဖွဲ့ဝင် ကရင်လူငယ်ကို MKO မှ ဈာပနလုပ်‌ဆောင်‌ပေးခဲ့

အသတ်ခံခဲ့ရသည့် အဖွဲ့ဝင် ကရင်လူငယ်ကို MKO မှ ဈာပနလုပ်‌ဆောင်‌ပေးခဲ့

1447
စက်တင်ဘာလ ၂၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

သတ်ဖြတ်ခံခဲ့ရသည့် မ‌လေးရှား‌ရောက် ကရင်လူငယ်တစ်ဦး၏ ဈာပနကို မ‌လေးရှားကရင်အဖွဲ့အစည်း(MKO)မှ စက်တင်ဘာ လ ၁၆ရက်‌နေ့က Petaling Jaya, Jalan 229, Kuala Lumpur တွင် မီးသဂြိင်္ုလ်‌ပေးခဲ့သည်ဟု ၎င်းအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

Photo-MKO (‌သေဆုံးခဲ့သူ ‌စောထွန်းနိုင်)
ဘားအံမြို့နယ် ‌ကော့ကဒါ‌ကျေးရွာအုပ်စု ‌ကော့စံဘလဲရွာသားဖြစ်သူ အသက် ၂၆နှစ်အရွယ် ‌စောထွန်းနိုင်သည် မ‌လေးရှား နိုင်ငံသို့ လွန်ခဲ့သည့် ၅နှစ်က ‌ရောက်ရှိကာ KEI WEI Restaurant တွင် အလုပ်လုပ်‌နေသူဖြစ်ပြီး စက်တင်ဘာလ ၁၃ရက်‌နေ့ ည ၁၂နာရီ အလုပ်နားချိန်တွင် တဆိုင်တည်းမှ လုပ်‌ဖော်ကိုင်ဖက် ၂ဦးနှင့်အတူ ဘီယာ‌သောက်ရင်း ရန်ဖြစ်ကြရမှ အသတ်ခံရ ခြင်းဖြစ်သည်ဟု MKO သတင်းနှင့် ပြန်ကြား‌ရေး တာဝန်ခံ ‌စောဒါးဘူက ‌ပြောသည်။

“အဲဒီညက သူတို့ ၁၂နာရီ‌လောက် အလုပ်ဆင်းချိန်မှာ ဘီယာ‌သောက်ကြတယ် ထင်တယ်။ အဲလို‌သောက်ရင်း စကားများ ရန် ဖြစ်ကြပြီး ‌သောက်‌ဖော်‌သောက်ဖက် ၂‌ယောက်က သူ့ကို အဂင်္‌တေကျိုးပိုင်းနဲ့ ဇက်ကို မ‌သေမချင်း ထုသတ်တာ‌လေ။ သူတို့က အရင်က‌တော့ နည်းနည်း ရန်စနည်းနည်းရှိကြ‌ပေမဲ့ အဲ‌လောက်မကြီးမားပါဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌သေဆုံးသူ ‌စောထွန်းနိုင်၏အ‌လောင်းကို တရားခံများက ဆိုင်‌ရှေ့လမ်း‌ဘေး‌မြောင်းသို့ သွား‌ရောက်ပစ်ရန် ဆွဲသွားချိန် ဆိုင်ပိုင် ရှင်သူ‌ဌေးက အ‌ပေါ်ထပ်မှ လှမ်းမြင်ကာ ရဲကို အ‌ကြောင်းကြားလိုက်ခြင်းဖြစ်‌ကြောင်းလည်း ‌စောဒါးဘူက ဆက်လက် ‌ပြောဆို သည်။

သူက “သူတို့ဆိုင် ကျ‌နော် ‌ရောက်ဖူးတယ်။ သူ‌ဌေးက စား‌သောက်ဆိုင် အ‌ပေါ်ထပ်မှာ‌နေတာ။ စား‌သောက်ဆိုင်က ‌မြေညီ ထပ်။ အ‌ပေါ်က‌နေ မြင်တာနဲ့ ရဲကို ဖုန်းဆက်။ ရဲ‌ရောက်ချိန် ဟို‌ကောင်‌တွေက ထွက်‌ပြေးသွားပြီ။ အဲဒီအချိန်က မနက် ၃နာရီ ‌လောက်ရှိပြီတဲ့။”ဟု ဆိုသည်။

လူသတ်တရားခံနှစ်ဦးမှာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နှင့် မ‌ကွေးတိုင်း ‌ချောက်မြို့မှဖြစ်ကြပြီး ‌သေဆုံးသူ ဈာပန ပြုလုပ်သည့် ‌နေ့တွင် လှိုင်းဘွဲမြို့မှ တရားခံ မင်းမင်းကို မ‌လေးရဲများက ဖမ်းဆီးမိကာ ကျန်တစ်ဦးမှာ ယ‌နေ့အချိန်ထိ ထွက်‌ပြေးလွတ် ‌မြောက်‌နေဆဲဖြစ်၍ ‌သေဆုံးသူ၏ညီ ‌စောမြသင်းမှာ အမှုအတွက် ဆက်လက် လုပ်‌ဆောင်‌နေရဆဲ ဖြစ်သည်။

တရုတ်လူမျိုး သူ‌ဌေးပိုင်ဆိုင်သည့် ၎င်းစား‌သောက်ဆိုင်မှာ Coffee shop ပုံစံမျိုးဖြစ်ပြီး တရုတ်အစားအစာများ ‌ရောင်းချကာ ဆိုင်တွင် မြန်မာအလုပ်သမား ၇ဦးရှိရာ ‌စောထွန်းနိုင်၏ ဈာပနအခမ်းအနားသို့ လူ ၅ဝခန့် လာ‌ရောက်ခဲ့ကြသည်ဟု သိရသည်။

‌စောဒါးဘူက “ဈာပန ကုန်ကျစရိတ်ကို သူ့သူ‌ဌေးက ခံ‌ပေးပြီး အ‌လောင်းထုတ်ဖို့နဲ့ အခြားကိစ္စ‌တွေကို MKO ရုံးက‌နေပဲ လုပ်‌ပေး ပါတယ်။”ဟု ‌ပြောသည်။

မ‌လေးရှားနိုင်ငံတွင် ‌ရောက်ရှိ‌နေသည့် ကရင်လူမျိုးဦး‌ရေ တစ်‌သောင်းဝန်းကျင်ရှိပြီး ၂၀၁၁ခုနှစ်အတွင်း ‌စောထွန်းနိုင် အပါအ ဝင် မ‌လေးရှား‌ရောက် ကရင်လူမျိုး MKO အဖွဲ့ဝင် ၃ဦး အသတ်ခံရကာ ‌သေဆုံးခဲ့သည်ဟု MKO မှတ်တမ်းအရ သိရသည်။