Home ထိပ်တန်းသတင်း ကျိုက်မ‌ရောမြို့နယ်တွင် ဘိလပ်‌မြေစက်ရုံ နှစ်ရုံတည်‌ဆောက်မည်

ကျိုက်မ‌ရောမြို့နယ်တွင် ဘိလပ်‌မြေစက်ရုံ နှစ်ရုံတည်‌ဆောက်မည်

1930
စက်တင်ဘာလ ၅ရက်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် ‌ကော့ပါ‌နော့‌ကျေးရွာအနီး ထုံး‌ကျောက်‌တောင်များအနီးတွင် ဘိလပ်‌မြေစက်ရုံ နှစ်ရုံ တည် ‌ဆောက်သွားမည်ဟု ယမန်‌နေ့ထုတ် အစိုးရသတင်းစာတွင် ‌ဖော်ပြထားသည်။

အမှတ်(၁) စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အတူ တန် ၁,၀၀ဝကျ ဘိလပ်‌မြေစက်ရုံများအတွက် ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုဖြစ် သည့် ပီ‌အေစီလင့်ခ် ထရိတ်ဒင်းကုမ္မဏီနှင့် ဂျွန်ကုမ္ပဏီတို့ တည်‌ဆောက်သွားမည်ဖြစ်ပြီး အဆိုပါစက်ရုံများ တည်‌ဆောက်ခွင့်ရ သည့် ကုမ္ပဏီနှစ်ခုက ထို‌ဒေသရှိ ‌မြေ‌နေရာများကို ဝယ်ယူရရှိနိုင်ရန် ‌ဆောင်ရွက်‌နေကြသည်ဟုလည်း ပါရှိသည်။

သို့‌သော် စက်ရုံတည်‌ဆောက်မည့် ဧရိယာတဝိုက်မှ စီမံကိန်းတွင် ပါသွားသည့် လယ်ယာ‌မြေများအတွက်မူ ကုမ္ပဏီမှ ထိုက် သင့်သည့် ‌လျော်‌ကြေးကို အနည်းအကျဉ်းသာ ‌ပေး‌ဆောင်‌ကြောင်း ‌ဒေသခံများက ‌ပြောပြ‌ကြောင်း မွန်လူ့အခွင့်အ‌ရေး‌ဖောင် ‌ဒေးရှင်းက ‌ပြောသည်။

မွန်လူ့အခွင့်အ‌ရေး‌ဖောင်‌ဒေးရှင်းမှ တာဝန်ခံ နိုင်အွန်းမွန်က “သိရသ‌လောက်က‌တော့ ‌လျော်‌ကြေးသ‌ဘောနဲ့ ‌မြေတဧကကို ၃သိန်းခွဲနဲ့ပဲ ‌ပေးတယ်၊ အဲဒါ‌တောင် အားလုံး ရကြတာ မဟုတ်ဘူး အခုကာလတန်ဖိုးနဲ့ တွက်ကြည့်ရင် ‌ဒေသခံ‌တွေ အများကြီး နစ်နာမှုရှိတယ်။”ဟု ‌ပြောသည်။

ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် ‌ဒေသတဝိုက်တွင် ‌ဒေသခံတို့၏ လယ်‌မြေဧက ၈၀ဝ ဝန်းကျင် ပါဝင်‌နေ‌ကြောင်းလည်း သူ က ဆက်‌ပြောသည်။

လက်ရှိတွင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ ထူး၊ က‌မ္ဘောဇ ‌ရွှေ‌တောင်၊ G-4၊ ‌အေးရှားဝါးလ်၊ Jade Land၊ အိုင်ဂျီအီး၊ ယုဇန၊ ဂျွန်၊ ဆန်းလင်းအင်တာ‌နေရှင်နယ်၊ မြန်မာ‌ကောင်းတုံ၊ မြန်မာ နိုင်၊ YIG၊ ရှမ်းရိုးမအင်မိုင်း၊ မင်းအ‌နောရထာ၊ ‌ငွေရည်ပုလဲ၊ ထွန်းသွင်မိုင်းနင်း၊ သံ‌တော်မြတ်၊ ပီစီလင့်ခ် စသည့် ပုဂ္ဂလိက ကုမ္ပ ဏီများ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လည်ပတ်‌နေ‌သော ဘိလပ်‌မြေစက်ရုံ စုစု‌ပေါင်း ၁၄ရုံရှိပြီး ပုဂ္ဂလိကပိုင်မှ မက်စ်မြန်မာ၊ ထူး၊ က‌မ္ဘောဇ၊ ‌ရွှေ‌တောင်နှင့် G-4 ကုမ္ပဏီတို့သာ စတင် ‌ဆောင်ရွက်‌နေကြသည်။

မြန်မာပြည်တွင်း လိုအပ်‌နေသည့် ဘိလပ်‌မြေကို ပြည်ပမှ အဓိက ဝယ်ယူတင်သွင်း‌နေရပြီး အထူးသဖြင့် ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းလျက်ရှိသည်။ အစိုးရစက်ရုံများမှ ‌ဆောင်ရွက်‌နေခြင်းအပြင် ပုဂ္ဂလိကကဏ္ဍမှလည်း ဘိလပ်‌မြေစက်ရုံများ လုပ်ကိုင် ခွင့်ပြုခဲ့ရာ ကုန်ကြမ်းရရှိ နိုင်မည့် ထုံး‌ကျောက်‌တောင်များရှိရာ ‌ဒေသများနှင့် စက်ရုံလည်ပတ်နိုင်ရန် ‌ကျောက်မီး‌သွေး ရရှိနိုင် သည့် ‌ဒေသများဖြစ်‌သော ရှမ်းပြည်နယ်၊ မန္တ‌လေးတိုင်း ‌ဒေသကြီးအစပ်နှင့် မွန်ပြည်နယ်တို့တွင် လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု အစိုးရသတင်းစာထဲတွင် ‌ဖော်ပြထားသည်။

ထိုစီမံကိန်းကို ယခင်က ‌ဇေကမ္ဘာကုမ္ပဏီမှ တည်‌ဆောက်သွားရန် လာ‌ရောက်တိုင်းတာမှုပြုခဲ့ပြီး ယခုမှသာ ပီ‌အေစီလင့်ခ် ထရိတ်ဒင်းကုမ္ပဏီနှင့် ဂျွန်ကုမ္ပဏီတို့ကို တည်‌ဆောက်ခွင့်ပြုခဲ့သည်။ သို့‌သော် ‌ဇေကမ္ဘာကုမ္ပဏီလည်း စီမံကိန်းရှယ်ယာတွင် တစိတ်တပိုင်း ပါဝင်နိုင်‌ကြောင်း သုံးသပ်‌နေကြသူများလည်း ရှိသည်။