Home ထိပ်တန်းသတင်း ပြည်နယ်၊ တိုင်းအလိုက် ငြိမ်းချမ်း‌ရေး ကမ်းလှမ်းချက် UNFC ငြင်းဆိုပြန်ကြား

ပြည်နယ်၊ တိုင်းအလိုက် ငြိမ်းချမ်း‌ရေး ကမ်းလှမ်းချက် UNFC ငြင်းဆိုပြန်ကြား

1542
ဩဂုတ်လ ၃ဝရက်။ (‌ကေအိုင်စီ)

မြန်မာအစိုးရ၏ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရန် ကမ်းလှမ်းချက်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတွက် ရလဒ်‌ကောင်း မရရှိနိုင်သည့်အတွက် လက်မခံနိုင်‌ကြောင်း ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ UNFC မှ ယမန်‌နေ့က ထုတ်ပြန်လိုက်သည်။

UNFC အ‌နေဖြင့် တဖွဲ့ချင်း သီးခြားဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်း‌ဒေသကြီးအစိုးရများနှင့် ပဏာမဆက်သွယ်ရန် ဆို သည့်အချက်အ‌ပေါ် လုံးဝ လက်မခံနိုင်‌ကြောင်းနှင့် ၎င်းမှာ ရလဒ်‌ကောင်းမရနိုင်‌ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ထိုသို့ တဖွဲ့ချင်းဖိတ်‌ခေါ်မှုသည် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို “သပ်လျှိုဖြိုခွဲရာကျ သည်”ဟု ယူဆသည့်အပြင် ယခင် အ‌တွေ့အကြုံများအရ တဖွဲ့ချင်း ‌ဆွေး‌နွေးခြင်းအားဖြင့် ထိ‌ရောက်မှုမရှိ ရလဒ်‌ကောင်းမရနိုင် ‌ကြောင်း ‌ကြေညာချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

“ပြည်နယ်အလိုက် ‌ဆွေး‌နွေးတယ်ဆိုတာ တိုင်းရင်းသား‌တွေကို ခွဲချင်တဲ့သ‌ဘောပဲ။ ဘာလို့လဲဆို‌တော့ အရင်ကလဲ ဒီလိုပဲ။ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး‌တွေ လုပ်ခဲ့တယ်။ ဒါ‌ပေမယ့် ရလဒ် ဘာမှ‌ပေါ်မလာဘူး။”ဟု UNFC အဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသားအ စည်းအရုံး၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ‌ပြောသည်။

UNFC ထုတ်ပြန်ချက်တွင် နိုင်ငံ‌ရေးပြဿနာသည် တိုင်း‌ဒေသကြီး/ပြည်နယ်အလိုက် သီးခြားဖြစ်ပွား‌နေခြင်းလည်းမဟုတ်၊ ပြည်‌ထောင်စုအဆင့် သို့မဟုတ် တမျိုးသားလုံးအဆင့်၌ ဖြစ်‌ပေါ်‌နေ‌သော ပြဿနာများသာဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ‌ဆွေး‌နွေး ‌ဖြေရှင်းမှသာလျှင် ‌ပြေလည်နိုင်မည်ဟု (UNFC) အ‌နေနှင့် ယုံကြည်ထားခြင်း‌ကြောင့် အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံခြင်း ဖြစ်သည်ဟု ‌ပြောဆိုထားသည်။

UNFC က ချမှတ်ထားသည့် မူအတိုင်း တဖွဲ့ချင်း‌ဆွေး‌နွေးမည်မဟုတ်‌ကြောင်း တိုင်းရင်းသားအားလုံးသည်လည်း နိုင်ငံ‌ရေး ပြဿနာများကို ‌ဖြေရှင်းရာတွင် အတူတကွ ပူး‌ပေါင်း‌ဆွေး‌နွေးလို‌ကြောင်း ‌နော်စီဖိုးရာစိန်က ‌ပြောသည်။

အစိုးရဘက်မှ ‌ဆွေး‌နွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းပြီးပါက အဆိုပါ အဖွဲ့အစည်းနှင့် (UNFC) ဘက်မှ အလားတူ ဖွဲ့စည်းတာဝန် ‌ပေးအပ်ထား‌သော “‌ဆွေး‌နွေး‌ရေးအဖွဲ့”နှင့် တိုက်ရိုက်ဆက်သွယ်ဆက်ဆံ၍ ‌ဆွေး‌နွေးသွားခြင်းဖြင့် လက်နက်ကိုင်တိုက်ပွဲများ ကို ရပ်စဲ‌စေပြီး နိုင်ငံ‌ရေးပြဿနာများ ‌ပြေလည်‌စေကာ ငြိမ်းချမ်း‌ရေးကိုလည်း ‌ဖော်‌ဆောင် ‌အောင်မြင်နိုင်မည်ဖြစ်‌ကြောင်း UNFC က ပြန်ကြားထားသည်။

ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်မှ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ၂ဦး ‌ကေအဲန်ယူနှင့် လာ‌ရောက်‌တွေ့ဆုံခဲ့‌ကြောင်း အတည် မပြုနိုင်‌သေးသည့် သတင်းအရ သိရ‌သော်လည်း ‌ကေအဲန်ယူဘက်မှ မဟုတ်မှန်‌ကြောင်း ငြင်းဆိုထားသည်။

ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC ကို ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး‌နောက် အမာခံအဖွဲ့ ၆ဖွဲ့ဖြစ်သည့် ကချင်ပြည်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၊ သျှမ်း ပြည်တိုးတက်‌ရေးပါတီ(SSPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်တိုးတက်‌ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး(PSLF)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)၊ ညီညွှတ်‌သော ရခိုင်အမျိုးသားပါတီ (NUPA)၊ ဝ အမျိုးသားအဖွဲ့ချုပ်(WNO)၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့(PNLO)၊ ကချင်အမျိုးသားအဖွဲ့(KNO) တို့ သည် ဆက်စပ်အဖွဲ့များအဖြစ် တည်ရှိ‌နေသည်။