Home ထိပ်တန်းသတင်း ထားဝယ်ဆိပ်ကမ်း စီမံကိန်း‌ကြောင့် ရွာ ၅ရွာ အရင်ဆုံး ‌ပြောင်း‌ရွှေ့ ရမည်

ထားဝယ်ဆိပ်ကမ်း စီမံကိန်း‌ကြောင့် ရွာ ၅ရွာ အရင်ဆုံး ‌ပြောင်း‌ရွှေ့ ရမည်

1607
ဩဂုတ်လ ၂၉ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း ထားဝယ်‌ရေနက်ဆိပ်ကမ်း ‌ဆောက်လုပ်‌ရေး စီမံကိန်း‌ကြောင့် ထားဝယ်မြို့နယ်တွင်းရှိ နဘူးလယ်‌ကျေး ရွာအုပ်စုရှိ ရွာ ၅ရွာ ပထမဆုံးအသုတ်အ‌နေနှင့် ‌ပြောင်း‌ရွှေ့ခံရ‌တော့မည်ဟု ထားဝယ်‌ဒေသခံများက ‌ပြောသည်။

ထားဝယ်ဆိပ်ကမ်း စီမံကိန်းနယ်‌မြေအတွင်း ကျ‌ရောက်‌နေ‌သော‌ကြောင့်ဟု ဆိုကာ ‌ပြောင်း‌ရွှေ့ရန် ဩဂုတ်လအတွင်း က အစိုးရနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က အဆိုပါ ရွာများသို့ သွား‌ရောက် အသိ‌ပေးခဲ့သည်။ သို့‌သော် မည်သည့်ရက်လ အတွင်း အပြီးအပိုင် ‌ပြောင်း‌ရွှေ့ရမည်ကိုမူ အချိန်ကန့်သတ်ထားခြင်း မရှိ‌သေး‌ကြောင်း ထားဝယ်‌ဒေသခံတဦးက ‌ပြော သည်။

“ရွာ‌တွေကို ‌ပေါင်းပြီး တစုတည်းပဲ ‌ပေါင်းထားမယ်။ (‌နေရာသစ်မှာ) အုတ်ကာ သွပ်မိုး၊ ‌နောက် သစ်သားအိမ်‌တွေ ‌ဆောက်‌ပေးမယ်‌ပေါ့။ သူတို့(ကုမ္ပဏီနှင့် အစိုးရအာဏာပိုင်) က အိမ်နံပါတ်‌တွေ လာတပ်‌ပေး‌နေပြီ။”ဟု ‌ပြောသည်။

နဘူးလယ်‌ကျေးရွာ အပါအဝင် ပရဒတ်၊ ထိန်ကြီး၊ လွဲ‌ရှောင်နှင့် မူဒူး‌ကျေးရွာများကို နဘူးလည်‌ကျေးရွာအုပ်စု နယ်‌မြေ အတွင်းရှိ ဘာဝရွာနှင့် ဘာဝဆိပ်ကမ်းအကြားသို့ ‌ပြောင်း‌ရွှေ့ရမည်ဖြစ်သည်။

ထို‌ဒေသကို သွား‌ရောက်ခဲ့သည့် ‌ဒေသခံ သတင်း‌ထောက်တဦးဖြစ်သူ ‌စောအယ်နာက “အဲဒီရွာသား‌တွေ ‌ပြောင်း‌ရွှေ့ လိုက်ပြီဆိုရင် သူတို့အတွက် လုပ်ကိုင်စား‌သောက်ရတာ အခက်အခဲ‌တွေ့မယ်။ ဘာဖြစ်လဲဆို‌တော့ သူတို့ အလုပ်လုပ် ဖို့ ‌မြေကွက်‌တွေ မရှိ‌တော့ဘူး‌လေ။”ဟု ‌ပြောသည်။

ထို‌ဒေသခံများသည် အများအားဖြင့် ဓနိ၊ ထန်း၊ ရာဘာ၊ နာနတ်နှင့် သီဟိုဠ် စသည့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျှက်ရှိသည့်အပြင် ငါးဖမ်းလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်း‌ကြောင့် ထားဝယ်မြို့နယ်တွင် မြန်မာ၊ ကရင်နှင့် မွန် ‌ဒေသခံရွာ‌ပေါင်း ၃၀‌ကျော် ‌ပြောင်း‌ရွှေ့ရဖွယ်ရှိသည်ဟုလည်း ‌စောအယ်နာက ‌ပြောသည်။

ယခုကဲ့သို့ အ‌စောဆုံးအသုတ်အ‌နေနှင့် ရွာ ၅ရွာကို ‌ပြောင်း‌ရွှေ့ရန် အစိုးရနှင့် ကုမ္ပဏီတို့က စီစဉ်‌နေ‌သော်လည်း ‌ဒေသ ခံများ၏ ဆုံးရှုံးမှုများအား ‌လျော်‌ကြေး‌ပေး‌ရေးနှင့် မည်သည့်‌လျော်‌ကြေးပမာဏ ‌ပေးမည်ကို မသိရ‌သေး‌ပေ။
ထားဝယ်‌ရေနက်ဆိပ်ကမ်းကို ဘန်‌ကောက်အ‌ခြေစိုက် Italial-Thai Development က ထိုင်းဘတ်‌ငွေ ၄၀ဝ ဘီလျံ ‌ကျော် ရင်းနှီးမြုပ်နှံထားပြီး စီမံကိန်း‌နေရာကို ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာ‌ရောက်‌လေ့လာ ခဲ့သည်။ ၂၀၀၈ခုနှစ်၊ ‌မေလတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရတို့က နားလည်မှုစာချွန်လွှာ ‌ရေးထိုးခဲ့သည်။

ထားဝယ်ဆိပ်ကမ်း စီမံကိန်းတွင် ‌ရေနက်ဆိပ်ကမ်း တည်‌ဆောက်‌ရေး၊ သ‌ဘေင်္ာတည်‌ဆောက်‌ရေး၊ စက်မှုဇုံနယ်‌မြေများ တည်‌ဆောက်ခြင်း၊ ‌ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူ‌ထောင်ခြင်း၊ ‌ရေနံချက်စက်ရုံ တည်‌ဆောက်ခြင်း၊ သံမဏိ စက်ရုံ၊ လျှပ်စစ်စက်ရုံများ တည်‌ဆောက်ခြင်း၊ ထားဝယ်-ကန်ချနဘူရီ(ထိုင်းနိုင်ငံ) အ‌ဝေး‌ပြေးကားလမ်းနှင့် ရထားလမ်း ‌ဖောက်လုပ်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းတစ်‌လျှောက် ‌ရေနံပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်သည်။