Home ထိပ်တန်းသတင်း ဘုရားသုံးဆူမြို့တွင် ‌နေ့ခင်းဘက် ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် အိမ်မီး ‌လောင်ကျွမ်း

ဘုရားသုံးဆူမြို့တွင် ‌နေ့ခင်းဘက် ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် အိမ်မီး ‌လောင်ကျွမ်း

2003
ဇွန် ၁၄ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အတွင်း၌ အမည်မသိ လက်နက်ကိုင်အဖွဲ့က ယ‌နေ့ ‌နေ့လည် ၁၂နာရီခွဲ အချိန်တွင် ဝင်‌ရောက်ပစ်ခတ်ခဲ့ရာ လူ‌နေအိမ်တစ်လုံး မီး‌လောင်ကျွမ်းသွား‌ကြောင်း ဘုရားသုံးဆူမြို့ခံများက ‌ပြောသည်။

အင်အား အတိအကျ မသိရှိရသည့် ၎င်းလက်နက်ကိုင်အဖွဲ့မှာ ကားဖြင့် ဝင်‌ရောက်လာခြင်းဖြစ်ပြီး စီးပွား‌ရေးလုပ်ငန်းရှင် ဦး‌အောင် တင်ဝင်း၏ ‌နေအိမ်ကို ပစ်ခတ်မီးရှို့ခဲ့သည်ဟု ကိုယ်တိုင်‌တွေ့မြင်ရသူ မြို့ခံတစ်ဦးက ‌ပြောသည်။

“လာပစ်တဲ့သူ‌တွေက မျက်နှာဖုံးစွပ်ပြီး ကားနဲ့လာတာ။ မိနစ် ၂၀‌လောက် ပစ်ခတ်မှုဖြစ်တယ်။ ဦး‌အောင်တင်ဝင်းရဲ့ အိမ်တစ်ခုလုံး မီး‌လောင်လို့ မီးခိုး‌တွေ လက်ကုန် အူထွက်‌နေတာ ထိုင်းဘက်က‌နေ‌တောင် မီးလာဝိုင်းငြိမ်း‌ပေးရတယ်။ မြို့ထဲက လူ‌တွေက‌တော့ ဝရုန်းသုံးကား ဖြစ်ကုန်တာပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ဘာသာ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးကလည်း “မြို့ခံ‌တွေက‌တော့ ‌ပြေးလွှားလိုက်ကြတာ။ တချို့လူ‌တွေက ‌ကျောင်း မှာရှိတဲ့ သူတို့က‌လေး‌တွေကို အ‌ပြေးအလွှား သွားကြို‌နေကြသလို တချို့က ဆိုင်ကယ်၊ ကား ရမ်း‌မောင်းတဲ့လူ‌တွေလည်း ရှိတယ်။ ‌တော်ကြာ ပစ်တာမထိဘဲ ကား၊ ဆိုင်ကယ် အချင်းချင်း တိုက်မိပြီး ထိခိုက်မှုဖြစ်မှာ‌တောင် စိုးရိမ်ရတယ်။”ဟု ဆိုသည်။

မီး‌လောင်ခံရသည့် ‌နေအိမ်၏ပိုင်ရှင်မှာ ဆီ၊ ဓာတ်ဆီတို့၊ လမ်း‌ဖောက်နဲ့ အ‌ဆောက်အဦး ကန်ထရိုက်၊ သတ္တု၊ သစ် အ‌ရောင်းအ ဝယ် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး အစိုးရစစ်တပ်နှင့် စီးပွား‌ရေး ‌ပေါင်းဖက်လုပ်‌ဆောင်သူဖြစ်သည်ဟု သိရသည်။

ထိုပစ်ခတ်မှုအ‌ပေါ် အစိုးရ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်သည်ကို မ‌တွေ့ရ‌သေး‌ကြောင်း ဘုရားသုံးဆူမြို့ခံများက ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှု‌ကြောင့် ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီး ပျက်စီးသွားသလို မြို့ခံမွတ်ဆလမ်လူမျိုးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ သည်ဟု မွန်သတင်း‌ထောက်တစ်ဦးက ‌ပြောသည်။

ဘုရားသုံးဆူမြို့ခံ ကုန်သည်တစ်ဦးက “ဒီလိုမျိုးလာပစ်တာ‌တော့ မ‌ကောင်းဘူး‌ပေါ့။ ကျ‌နော်တို့ပြည်သူ‌တွေဟာ ဘာလက်နက်မှ မရှိ‌တော့ ဘယ်သူလာပစ်ပစ် ခံရမှာပဲ။ သူတို့ရန်သူက စစ်တပ်ဆို စစ်တပ်‌နေရာကို သွားပစ်‌ပေါ့။ အခုဖြစ်‌နေတာက စစ်တပ်နဲ့အ‌ဝေး ကြီးပဲ။ ဒါမျိုးလုပ်တာက တမင်သက်သက် လူထုကို ထိခိုက်‌စေလိုတာလား။ ‌ခြောက်လှန့်တာလား။ ဘာရည်ရွယ်ချက်လဲ မသိ‌ပေမဲ့ ပစ်ခတ်တဲ့ပုံစံက နိုင်ငံ‌ရေးမဆန်ဘူး‌လေ။”ဟု ‌ပြောသည်။

(မီး‌လောင်ကျွမ်းသွားသည့် ဘုရားသုံးဆူမြို့တွင်းမှ လူ‌နေအိမ်)

ဝင်‌ရောက်ပစ်ခတ်သူများကို ကရင်လက်နက်ကိုင်တပ်ဖွဲ့ဟု မြို့ခံများက ‌ပြောဆို‌နေကြသည့်အ‌ပေါ် ‌ကေအဲန်ယူထံ ဆက်သွယ်‌မေး မြန်းရာ ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “လူထု‌တွေက သူတို့သိတဲ့ကြားတဲ့အတိုင်း‌တော့ ‌ပြောမှာပါပဲ။ ဒါ‌ပေမဲ့ ကျ‌နော်တို့ဘက်ကလည်း အဲဒီ‌ဒေသဆိုင်ရာ တပ်‌တွေရဲ့ ပုံမှန် သို့မဟုတ် တိုက်ရိုက် သို့မဟုတ် အ‌ရေး‌ပေါ် ဆက်သွယ်မှု မရှိ‌သေးဘဲနဲ့‌တော့ ကရင်တပ်ကပါလို့ ‌ပြောရမှာ‌တော့ ခက်ပါတယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက်‌နေ့တွင်လည်း ဘုရားသုံးဆူမြို့ စရဖရုံးနှင့် မြို့လည်ဓမ္မာရုံကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့တစ်ခုမှ လက်နက်ငယ်များ၊ ဗုံးများနှင့် ဝင်‌ရောက်ပစ်‌ဖေါက်ခဲ့ရာ က‌လေးငယ်တစ်ဦး ‌သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်။