Home ထိပ်တန်းသတင်း အုန်းဖျန်စခန်း သကြင်္န်တွင်း အလှမယ်‌ရွေးပွဲကျင်းပခဲ့

အုန်းဖျန်စခန်း သကြင်္န်တွင်း အလှမယ်‌ရွေးပွဲကျင်းပခဲ့

1776
ဧပြီလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်လှပျိုဖြူများ၏ သကြင်္န်အလှမယ်‌ရွေးပွဲ တခုကို အတာသကြင်္န် နှစ်ဆန်းတရက်‌နေ့ဖြစ်သည့် ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

၎င်းသကြင်္န်အလှမယ်‌ရွေးပွဲတွင် ကရင်၊ မွန်၊ ဗမာနှင့် ရခိုင် လူငယ်အမျိုးသမီး ၁၇ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ‌နော်ထ‌ရေစီက (ပထမ)၊ ‌နော်ဆဲထီ‌ဖောက (ဒုတိယ)နှင့် မလဝန်း‌ရွှေရီက (တတိယ)ဆုများကို အသီးသီး ဆွတ်ခူးရရှိခဲ့သည်ဟု အုန်းဖျန် စခန်း လူမှု‌ရေးတာဝန်ခံ ‌စောထူးကလယ်က ‌ပြောသည်။

မယ်‌ရွေးပွဲတွင် ပထမဆုဆွတ်ခူးရရှိသွားသူ ‌နော်ထ‌ရေစီ ၂၂နှစ်က “ကျမဘဝမှာ ဒီလို မယ်‌ရွေးပွဲတွင် ဝင်ပြိုင်တာ ၃ကြိမ် ‌လောက်ရှိပြီဆို‌ပေမဲ့ မ‌မျှော်လင့်ဘဲ အခုတကြိမ်မှာ ပထမဆုရသွားတဲ့အတွက် ကျမ ငိုလုမတတ် ‌ပျော်မိပါတယ်။ ‌နောက် ကျမ နဲ့အတူ ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ သူငယ်ချင်းအားလုံး တဦးနဲ့တဦး အပြန်အလှန် ‌လေးစားမှုနဲ့ နှစ်သိမ့်အား‌ပေးတာကိုကြည့်ရင် ကျမတို့လူငယ်‌တွေအတွက် အားတခုပါပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသကြင်္န်အလှမယ်‌ရွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ‌စောထူးကလယ်က “ကျ‌နော်တို့ဟာ ဒုက္ခသည်စခန်းတွင်းမှာ ‌နေ တယ်ဆို‌ပေမဲ့ စခန်းထဲက မျိုးဆက်သစ်လူငယ်‌လေး‌တွေဟာ သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်‌နေတာ‌တွေကို ‌လေ့လာစူးစမ်းဖို့၊ ပြင်ပဗဟုသုတ‌တွေရရှိဖို့နဲ့ စခန်းတွင်းမှာရှိတဲ့ ကရင်နဲ့ အခြားတိုင်းရင်းသား‌တွေ လူမှုဆက်ဆံ‌ရေးဘက်မှာ တဦးနဲ့တဦး အပြန် အလှန် အကျိုး‌ကျေးဇူး‌တွေ ရရှိဖို့ရည်ရွယ်ပြီး ဒီပွဲကိုလုပ်တာပါ။”ဟု ရှင်းပြသည်။

ဧပြီလ ၁၃မှ ၁၇ရက်‌နေ့အထိ အတာသကြင်္န်ကာလအတွင်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် အဆိုပါမယ်‌ရွေးပွဲနှင့်အတူ သကြင်္န် အက‌ဖျော်‌ဖြေပွဲများ၊ အသက် ၇၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုပူ‌ဇော်ပွဲ ပြုလုပ်ခဲ့ကြပြီး စခန်းအတွင်းရှိ လူထုပရိဿတ် ၂‌ထောင်ဝန်းကျင် တက်‌ရောက်အား‌ပေးခဲ့ကြသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဒုက္ခသည်စခန်းတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသကြင်္န်ပွဲ‌တော်ကို ၁၁ကြိမ် ကျင်းပလာခဲ့‌သော် လည်း သကြင်္န်အလှမယ်‌ရွေးပွဲကိုမူ ယခုနှစ်မှသာ ပထမဦးဆုံး ကျင်းပခဲ့ပြီး လာမည့်နှစ်များလည်း အလားတူ ထပ်မံပြုလုပ် ဖွယ်ရှိ‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

အလားတူ မယ်လနှင့် နို့ဖိုးဒုက္ခသည်စခန်းများ၌လည်း သကြင်္န်ပွဲ‌တော်ကို သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများက ကျင်းပပြု လုပ်ခဲ့ကြ‌ကြောင်း သိရသည်။