Home ထိပ်တန်းသတင်း ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက် ကျဆုံးသူများတွင် စစ်တပ်မှ အရာရှိတစ်ဦးပါဝင်

ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက် ကျဆုံးသူများတွင် စစ်တပ်မှ အရာရှိတစ်ဦးပါဝင်

1442
ဧပြီလ ၁၂ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

မြဝတီမြို့နယ်၊ တံတားကျိုး‌နေရာမ‌ရောက်ခင် ‌တောင်‌ပေါ်ကား လမ်း‌ကြောတ‌နေရာတွင် ‌ကော့ကရိတ်ဘက်မှ တက်လာသည့် စစ်တပ်ကားတစ်စီးမှာ ယမန်‌နေ့က ပစ်ခတ်တိုက်ခိုက်ခံရ၍ ကား‌ပေါ်တွင် ပါလာသည့် အရာရှိတစ်ဦး အပါအဝင် ၁၄ဦး ကျဆုံး သွားခဲ့သည်ဟု သိရသည်။

“မ‌နေ့က ဆင်ဟုတ်‌နေရာမှာ ‌နေ့လည် ၁၂နာရီနီးပါး‌လောက်မှာ အပစ်ခံရတာ‌လေ။ အရာရှိပါလာတဲ့ကားကို အ‌ပေါ်က‌နေမိုးပြီး အပိုင်ပစ်ခတ်တဲ့ပုံမျိုး။ တိုက်ပွဲက ၁၅မိနစ်‌လောက်ပဲ။ သိပ်မကြာဘူး။ အပစ်ခံရတဲ့စစ်ကားက‌တော့ မှန်‌တွေကွဲပြီး စစ်သား‌တွေ လည်း အ‌တော် ထိခိုက်မှုရှိတယ်။ ‌သေတဲ့အထဲမှာ အရာရှိတစ်‌ယောက်နဲ့ တပ်ကြပ်တစ်‌ယောက်လည်း ပါတယ်လို့ ‌ပြောကြ‌ပေ မဲ့ ကျ‌နော်တို့လည်း မ‌မေးရဲဘူး‌လေ။”ဟု စစ်ကားတန်း‌နောက်မှ လိုက်တက်လာသည့် ကားသမားတစ်ဦးက ‌ပြောသည်။

ပစ်ခတ်မှုမှာ မြဝတီမြို့နယ်၊ သကင်္န်းညီ‌နောင်အလွန် တံတားကျိုးမ‌ရောက်ခင် ‌တောင်တက်လမ်းတ‌နေရာတွင်ဖြစ်ပြီး ယမန်‌နေ့ က ‌ကော့ကရိတ်မှ မြဝတီသို့ တက်လာသည့် စစ်ကားများအနက်မှ တစ်စီးကိုသာ တိုက်ခိုက်ခံရခြင်းဖြစ်‌ကြောင်း ခရီးသည် တစ်ဦးက ယခုလို ‌ပြောသည်။

သူက “အမှန်‌တော့ ကားတန်းက အတက်‌နေ့‌လေ။ ဒါ‌ပေမဲ့ စစ်ကား‌တွေက‌တော့ အဆင်း‌ရော၊ အတက်‌ရော သွား‌နေကြတာ။ မဖြစ်ခင်အချိန်မှာ စစ်ကားက ၄စီးတက်လာ‌ပေမဲ့ အ‌ကောင်(အရာရှိ)ပါတဲ့ကားကိုပဲ အဓိကထားပြီး ပစ်ခတ်လိုက်တာပဲ။ ဆွဲမိုင်း နဲ့လုပ်ပြီး ‌သေနတ်ငယ်‌တွေနဲ့ အ‌ဝေးက‌နေ လှမ်းပစ်တာ။”ဟု ဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကားကို ပစ်ခတ်သူများမှာ ဒီ‌ကေဘီ‌အေမှဖြစ်သည်ဟု အရပ်သားများက ‌ဝေဖန်‌ပြောဆို‌နေကြပြီး ‌ကေ အိုင်စီမှ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များထံ ဆက်သွယ်‌သော်လည်း ဖုန်းလိုင်းပြတ်‌တောက်‌နေခဲ့သည်။

သို့‌သော် ထိုနယ်‌မြေသည် ‌ကေအဲန်ယူ တပ်မဟာ(၆) လက်‌အောက်ခံတပ်ဖွဲ့များ လှုပ်ရှားရာ‌နေရာဖြစ်ပြီး ကျဆုံးသွားသူများ ထဲတွင် ဗိုလ်မှူးအဆင့် အရာရှိတစ်ဦး ပါဝင်သည်ဟု အမည်မ‌ဖော်လိုသူ ‌ကေအဲန်ယူ စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ‌ပြော သည်။

သူက “အဲဒီ‌နေရာက‌တော့ တံတားကျိုးနဲ့လည်း နီးတယ်။ တပ်မဟာ(၆)က ဗိုလ်လှမင်းတို့ လှုပ်ရှားတဲ့နယ်‌မြေဖြစ်‌ပေမဲ့ ဘယ်အ ဖွဲ့က လက်ချက်လဲဆိုတာ ကျ‌နော်တို့ မသိရ‌သေးဘူး။ ထိခိုက်မှုက‌တော့ နအဖဘက်က ဗိုလ်မှူးတစ်‌ယောက်၊ ဒုတပ်ကြပ်တ ‌ယောက် အပါအဝင် ၁၄‌ယောက် ကျပြီး ၄‌ယောက် ဒဏ်ရာရတယ်လို့ပဲ ကျ‌နော်တို့ ကြားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို‌နေ့ည‌နေတွင် မြဝတီ‌ဆေးရုံသို့ လူနာ ၁၅ဦးခန့်‌ရောက်ရှိလာမည်ဟု သိရှိထား‌သော်လည်း ဒဏ်ရာပြင်းထန်သည့် စစ်တပ်မှ တပ်သားလူနာတစ်ဦးသာ ‌ရောက်ရှိလာ‌ကြောင်း မျက်မြင်သက်‌သေအချို့က ‌ပြောဆို‌နေကြသလို တိုက်ခိုက်ခံရသည့် တပ်ဖွဲ့ မှာ တပ်မ(၂၂) လက်‌အောက်ခံ ခမရ(၂၀၃)မှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု အတည်မပြုနိုင်သည့် သတင်းများအရ သိရသည်။