Home ထိပ်တန်းသတင်း အကြိမ် (၁၀၀)‌မြောက် နိုင်ငံတကာ အမျိုးသမီးများ‌နေ့ မဲ‌ဆောက်တွင် ကျင်းပ

အကြိမ် (၁၀၀)‌မြောက် နိုင်ငံတကာ အမျိုးသမီးများ‌နေ့ မဲ‌ဆောက်တွင် ကျင်းပ

1620
မတ်လ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်သည့် အကြိမ်(၁၀၀)‌မြောက် နိုင်ငံတကာအမျိုးသမီးများ‌နေ့ကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၌လည်း အမျိုးသမီးသမဂ္ဂ-မြန်မာနိုင်ငံ(WLB)က ဦး‌ဆောင်၍ အခမ်းအနားတခု ပြုလုပ်ကျင်းပခဲ့သည်။

ယခုလို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ (WLB)သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ ‌ဒေါ်နိုးနိုးထက်စံက “ဒီနိုင်ငံ တကာ အမျိုးသမီးများ‌နေ့ကို ကျမတို့ ကျင်းပရတာဟာ လွန်ခဲ့ပြီးတဲ့ အမျိုးသမီး‌တွေရဲ့ လှုပ်ရှားမှုကို အသိအမှတ်ပြုတာပါ။ ‌နောက်တခုက ကျမတို့မြန်မာနိုင်ငံက အခြားနိုင်ငံ‌တွေနဲ့ မတူတဲ့အချက်‌ပေါ့‌နော်။ ကျမတို့က ကိုယ့်နိုင်ငံရဲ့ အမျိုးသမီး‌တွေရဲ့ ဘဝကို ထင်ဟပ်ပြသတဲ့ ‌နေရာတခုအဖြစ်လည်း ဖန်တီးပြီး‌တော့ ဒီနိုင်ငံတကာ အမျိုးသမီးများ‌နေ့ကို ကျင်းပရတာ ဖြစ်ပါ တယ်။”ဟု ‌ပြောသည်။

ဧည့်ပရိဿတ် ၁၀ဝနီးပါးတက်‌ရောက်ခဲ့သည့် အဆိုပါအခမ်းအနားတွင် (WLB)က ထုတ်ပြန်‌ကြေညာချက်တ‌စောင် ထုတ်ပြန်ခဲ့ ပြီး အမျိုးသမီးနှင့် ပတ်သက်သည့် နံရံကပ်ပန်းချီကားများ ပြသထားခြင်းနှင့် “‌ကောက်ကျစ်မှုအဖုံဖုံ ညစ်နည်းစုံ”အမည်ရှိ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအကြိုကာလက ပြုစုထားသည့် အချက်အလက်စာအုပ်ကိုလည်း ဖြန့်‌ဝေခဲ့သည်။

WLB ထုတ်ပြန်ခဲ့သည့် ‌ကြေညာချက်တွင် လက်ရှိ စစ်အစိုးရသည် နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲ‌ရေးနှင့် အမျိုးသမီးဘဝ လုံခြုံမှုရှိ ‌စေ‌ရေး လုပ်‌ဆောင်မည့်အစား အတုအ‌ယောင် ဒီမိုက‌ရေစီအစိုးရတရပ် ‌ပေါ်ထွန်း‌ရေးကိုသာ ကြိုးပမ်းခဲ့သည့်အ‌ကြောင်းနှင့် လက်ရှိဖြစ်‌ပေါ်‌နေ‌သော ပြည်တွင်းစစ်နှင့် နိုင်ငံ‌ရေး မတည်မငြိမ်မှု‌ကြောင့် ‌ထောင်‌ပေါင်းများစွာ‌သော အမျိုးသမီး၊ က‌လေးနှင့် အပြစ်မဲ့ပြည်သူများ အိမ်နီးချင်းနိုင်ငံသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေသည့်အ‌ကြောင်း ပါရှိသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ တွဲဖက်အတွင်း‌ရေးမှူး(၁) ‌နော်ဘလူးမင်းနိုက်ဇံက “နိုင်ငံတကာမှာ အမျိုးသမီး အခွင့် အ‌ရေးနဲ့ပတ်သက်ပြီး ပြဌာန်းထားတာ အများကြီးပဲ။ လက်‌တွေ့ကျင့်သုံးတာ နည်းတယ်။ အထူးသဖြင့် မြန်မာပြည် စစ်အာဏာ ရှင်လက်‌အောက်မှာ ကျမတို့ တိုင်းရင်းသား အမျိုးသမီး‌တွေ ပိုပြီး ဖိနှိပ်ခံရတာကို မျက်ဝါးထင်ထင် မြင်ရတုန်းပဲ။ ဒါ‌ကြောင့် အမျိုးသမီးအခွင့်အ‌ရေး အပြည့်အဝရဖို့ တိုက်ပွဲဝင်ရအုံးမယ်။ အမျိုးသား‌တွေလည်း ပူး‌ပေါင်းဝါဝင်ဖို့ လိုတယ်။”ဟု ‌ပြောသည်။

နအဖ စစ်အစိုးရအ‌နေဖြင့် တိုင်းရင်းသား‌ဒေသ၌ ထိုးစစ်ရပ်တန့်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲပြုလုပ်ရန်၊ နိုင်ငံ‌ရေးအကျဉ်းသားများ အားလုံး လွှတ်‌ပေးရန်နှင့် နှစ်‌ပေါင်းများစွာ တရားဝင်ခွင့်ပြုထားသည့် အမျိုးသမီးများအ‌ပေါ် အဓမ္မပြုကျင့် ရပ်တန့်‌ပေးရန်တို့ကို WLB ‌ကြေညာချက်တွင် ‌တောင်းဆိုထားသည်။

WLB တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသူအမျိုးသမီးအဖွဲ့ဝင်‌ပေါင်း ၁၂ဖွဲ့ ပါဝင်ပြီး ၁၉၉၉ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။