Home ထိပ်တန်းသတင်း ရိက္ခာသယ်ရန်နှင့် ‌မြေမြုပ်မိုင်း ရှင်းရန် နအဖမှ ကားများ ‌ချောဆွဲ

ရိက္ခာသယ်ရန်နှင့် ‌မြေမြုပ်မိုင်း ရှင်းရန် နအဖမှ ကားများ ‌ချောဆွဲ

1595
ဒီဇင်ဘာလ ၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ နအဖ လှုပ်ရှားတပ်များက ခလယ့်လာ၊ ‌ကော်‌သေး ဒဲရွာများမှ ရွာသူရွာသားများ၏ ကားများကို နိုဝင်ဘာလအတွင်း ‌ချောဆွဲထားပြီး ရိက္ခာသယ်‌ပေးရန်နှင့် ‌မြေမြုပ်မိုင်းရှင်း‌ပေး ရန်အတွက် ခိုင်း‌စေလျှက်ရှိသည်ဟု ‌တောင်ငူခရိုင်မှ လာသည့် သတင်းအရ သိရသည်။

နအဖ စကခ(၇) ဗျူဟာမှူး မျိုးလှနှင့် ၎င်း၏ လက်‌အောက်ခံ တပ်ရင်းများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ရက်‌နေ့မှစ၍ အဆိုပါ ရွာနှစ်ရွာမှ ခရီးသည်တင်ကားနှင့် ကုန်တင်ကား ၇စီးကို ‌ချောဆွဲခဲ့ရာ ယခုအချိန်ထိ မလွှတ်‌ပေး‌သေးဘဲ လုပ်အား ‌ပေးခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ‌ချောဆွဲခံရသည့် ကားပိုင်ရှင်များမှာ ‌စောတာ့ထို၊ ‌စောယိုနား၊ ‌စော‌မောင်က‌ရော၊ ‌စော‌မောင်‌ထွေး၊ ‌စော‌ရှေးဒို့၊ ‌နော် လူးနှင့် ‌နော်ချယ်ရီတို့ ဖြစ်ကြပြီး ယခုလို ကားများကို ‌ခေါ်ယူ လုပ်အား‌ပေးခိုင်း‌စေသည့်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အလုပ် ကို မလုပ်အား‌တော့‌ကြောင်း ‌ဒေသခံရွာသားတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“သူတို့ရဲ့ ဘူဒိုဇာကား(‌မြေတူးလမ်း‌ဖောက်ကား)‌နောက်ကို လိုက်ခိုင်းတယ်။ ‌နောက် မိုင်းရှင်းဖို့ဆိုပြီး သူတို့ရဲ့ ဘူဒိုဇာကား ‌ရှေ့မှာလည်း သွားခိုင်းတယ်။ ကိုယ့်ထမင်း၊ ဟင်းလည်း ကိုယ့်ဖာသာ ကိုယ်ယူသွားရတယ်။ ဘယ်‌တော့ လွှတ်‌ပေးမလဲဆို တာ‌တော့ သူတို့အ‌ပေါ်မှာပဲ မူတည်တယ်”ဟု သူက ‌ပြောသည်။

အဆိုပါ‌ဒေသရှိ နအဖ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်‌နေ့မှ ၂၇ရက်‌နေ့အထိ ‌ဒေသခံရွာသူရွာသားများကို လူ၊ ကား၊ ဆိုင်ကယ်တို့ဖြင့် ‌တောင်ငူမြို့ထဲသို့ ‌ဈေးသွားဝယ်ခွင့်မပြုခဲ့‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောဆိုသည်။

ထို‌ဒေသတွင် ‌တောင်ငူမြို့သို့ ဆက်သွယ်‌ဖောက်လုပ်ထားသည့် ‌တောင်‌ပေါ်ကားလမ်းဖြင့် ရွာသူရွာသားများသည် ၎င်းတို့ လိုအပ်သည့် အဝတ်အထည်နှင့် စားသုံးကုန်ပစ္စည်းများဖြစ်‌သော ဆန်၊ ဆီ၊ ‌ဆေး၊ ဆား၊ ငါးပိ၊ ‌ခေါက်ဆွဲ၊ အချိုမှုန့်၊ ကြက် သွန်ဖြူ/နီ တို့ကို ‌ရောင်းဝယ်၊ စားသုံးရန်အတွက် ‌တောင်ငူမြို့‌ပေါ်တက်၍ ပုံမှန် သွားလာဝယ်ယူကြသည်။

နအဖ စကခ(၇) လက်‌အောက်ခံ တပ်ရင်းများသည် ထန်းတပင်မြို့နယ်အတွင်းရှိ ခလယ့်‌ကျေးရွာအုပ်စုမှ ခလယ့်လာ၊ ‌ကော်‌သေးဒဲ။ ‌မော်ဖားဒါး၊ လယ်ကို၊ က‌လေစိုးခီးရွာများမှ ရွာသူရွာသားများကို သစ်၊ ဝါးများ ခုတ်ခိုင်းကာ ဖက်များဖြင့် စခန်း ပြင်ဆင်ခြင်း၊ ရိက္ခာသယ်ခိုင်းခြင်းများကို ပုံမှန် ခိုင်း‌စေလျှက်ရှိ‌ကြောင်း ‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်၏ သတင်းများအရ သိရ သည်။