Home ထိပ်တန်းသတင်း ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကိစ္စ ကုလသမဂ္ဂညီလာခံတွင် မဲခွဲဆုံးဖြတ်

၂၀၁ဝ ‌ရွေး‌ကောက်ပွဲကိစ္စ ကုလသမဂ္ဂညီလာခံတွင် မဲခွဲဆုံးဖြတ်

1853
နိုဝင်ဘာလ ၁၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်‌နေ့က မြန်မာနိုင်ငံအတွင်း နအဖ စစ်အစိုးရ ဦးစီးကျင်းပခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲသည် တရား မျှတမှု ရှိမရှိကို ကမ္ဘာ့ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံတွင် လူ့အခွင့်အ‌ရေး‌ကော်မတီ အဖွဲ့ဝင်နိုင်ငံများက မဲခွဲဆုံးဖြတ်ခဲ့သည် ဟု သိရသည်။

အ‌မေရိကန်၊ ဥ‌ရောပသမဂ္ဂနှင့် အ‌နောက်နိုင်ငံများ ‌ရေးသားပြုစုသည့် မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်ကို ကုလသမဂ္ဂ လူ့အခွင့် အ‌ရေး‌ကော်မတီက ယမန်‌နေ့၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ‌ထောက်ခံမဲ ၉၆မဲ၊ ကန့်ကွက်မဲ ၂၈မဲနှင့် ကြား‌နေမဲ ၆ဝမဲဖြင့် မဲ‌ပေးဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်။

ထိုမဲခွဲဆုံးဖြတ်ချက်အ‌ပေါ် မြန်မာ့နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ ကို‌အောင်နိုင်ဦးက “ဒီဆုံးဖြတ်ချက်ဟာ ဒီလိုလုပ်လိုက်တာ‌တော့ ‌ကောင်းပါတယ်။ ဒါ‌ပေမဲ့ အလုပ်ဖြစ်မယ်လို့‌တော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ နအဖရဲ့ ‌ရွေး‌ကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာ မဲခွဲဆုံးဖြတ်စရာ‌တောင် မလိုဘူး။ ပြီး‌တော့ မဲခွဲဆုံးဖြတ်ပြီး ‌ရွေး‌ကောက်ပွဲ တရားမျှတမှုမရှိလို့ ‌နောက်ဆက်တွဲ အ ‌ရေးယူမှု‌တွေလုပ်ဖို့ ဘာမှမပါလို့ပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

သို့‌သော် အာရှစီးပွား‌ရေး အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက အဆိုပါ မဲခွဲဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချလိုက်သည့် အပြင် ယခု ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ တိုးတက်မှုကို အသိအမှတ်မပြုရာ‌ရောက်‌ကြောင်း တရုတ်သံအမတ်က ‌ပြောခဲ့သည်ဟု ဘီဘီစီသတင်းစာမျက်နှာတွင် ‌ဖော်ပြထားသည်။

အ‌ဝေး‌ရောက်ညွှန့်‌ပေါင်းအစိုးရ(NCGUB)၏ ကုလသမဂ္ဂ‌ရေးရာ တာဝန်ခံ ‌ဒေါက်တာ‌သောင်းထွန်းက တရုတ်အစိုးရသည် မြန်မာ နိုင်ငံ ဆုံးဖြတ်ချက်ကိစ္စ အား‌ပျော့‌အောင် လုပ်လာသည်ကို ပိုသတိထားမိ‌ကြောင်း ဘီဘီစီတွင် ‌ပြောဆိုခဲ့သည်။

တရားမျှတမှု မရှိသည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ မဲခွဲဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအတွင်းရှိ ဖမ်းဆီးအကျဉ်းချခံ‌နေရသူ နိုင်ငံ‌ရေး အကျဉ်းသား‌ပေါင်း ၂,၀၀ဝ ‌ကျော်ကိုလည်း လွှတ်‌ပေးရန်လည်း ပါရှိသည်။

နအဖ စစ်အစိုးရ၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုအတွက် စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင်တခုဖွဲ့ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် မစ္စတာ‌သောမတ်အို‌ဟေးကင်တားနားက ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လုံခြုံ‌ရေး‌ကောင်စီ အဖွဲ့ဝင်နိုင်ငံများထံ ပြီးခဲ့သည့် မတ်လ၌ အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုတင်သွင်းမှုကို အ‌မေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ က‌နေဒါ၊ ဩစ‌တြေးလျား၊ ဟန်ဂရီ၊ စလိုဗက်ကီးယား၊ ချက်သမ္မတနိုင်ငံ စသည့်နိုင်ငံများက ‌ထောက်ခံခဲ့‌သော်လည်း နိုဝင်ဘာလ ၅ရက်‌နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ အ‌ထွေ‌ထွေ ညီလာခံတွင် မြန် မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ အကိုးအကားများ ချန်လှပ်ခဲ့သည့်အတွက် စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင် ဖွဲ့‌ရေး ‌ဆွေး‌နွေးမှုမှာ မဖြစ်‌မြောက်ခဲ့‌ပေ။