Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲမကျင်းပသည့် ‌ဒေသမှ လူထု ၁၀၀‌ကျော် ဆန္ဒထုတ်‌ဖော်

‌ရွေး‌ကောက်ပွဲမကျင်းပသည့် ‌ဒေသမှ လူထု ၁၀၀‌ကျော် ဆန္ဒထုတ်‌ဖော်

1744
နိုဝင်ဘာ ၂ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ ‌ရွေး‌ကောက်ပွဲ ကျင်းပခွင့်မရသည့် နယ်‌မြေများထဲမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကရင်လူထု ၁၀၀‌ကျော်သည် ယ‌နေ့မနက်တွင် ‌ရွေး‌ကောက်ပွဲ အလိုမရှိ‌ကြောင်း ဆန္ဒပြလမ်း‌လျှောက်ချီတက်ခဲ့ကြသည်ဟု သိရသည်။

ယ‌နေ့မနက် ၁၁နာရီမှ မွန်းတည့်ချိန်အထိ ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ရှေ့‌တောင်အရပ်ရှိ တံတားဦး၊ ကြိုးဝိုင်း၊ ဘုရား‌လေး ဆိပ်နှင့် ဝါ့မာ့ခီး ‌ခေါ် နတ်‌ချောင်းဖျား‌ကျေးရွာများမှ ရွာသူရွာသား ၁၀၀‌ကျော်သည် ‌ရွေး‌ကောက်ပွဲကို အလိုမရှိသည့် စာသား များ ‌ရေးသားထားသည့် စာရွက်များ ကိုင်‌ဆောင်ကာ တစ်နာရီကြာ လမ်း‌လျှောက်ဆန္ဒပြကြခြင်းဖြစ်သည်ဟု ရွာခံတစ်ဦးက ယခုလို ‌ပြောသည်။

“တံတားဦး၊ ကြိုးဝိုင်း၊ ဘုရား‌လေးဆိပ်နဲ့ ဝါ့မာ့ခီးရွာ‌တွေက ရွာသားစုစု‌ပေါင်း ၁၀၀‌ကျော် ငြိမ်းချမ်းစွာ လမ်း‌လျှောက်ဆန္ဒပြကြ တယ်‌လေ။ ရွာသား‌တွေက သူတို့ရွာဟာ ‌ရွေး‌ကောက်ပွဲကျင်းပခွင့်မ‌ပေးတာ ဘာ‌ကြောင့်လဲ။ မြန်မာပြည်ထဲက ကရင်ပြည်နယ် လူထု‌တွေဖြစ်လျက်နဲ့ ပစ်ပယ်ခံရတဲ့အတွက် ဒီစစ်အစိုးရဟာ မတရားဘူး။ ဒါ‌ကြောင့် ဒီအစိုးရလုပ်မဲ့ ‌ရွေး‌ကောက်ပွဲကလည်း မတရားဘူးဆိုပြီး သူတို့ဆန္ဒကို ထုတ်‌ဖော်ကြတာပါပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ လမ်း‌လျှောက်ဆန္ဒပြသူများသည် စာရွက်‌ပေါ်တွင် “တရားမျှတမှုမရှိ‌သော ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ အလိုမရှိ၊ တိုင်းရင်း သား ပြည်သူလူထု အားလုံး မဲ‌ပေးနိုင်‌ရေး” ဆိုသည့် စာသားများ ‌ရေးသားကိုင်‌ဆောင်ကာ တံတားဦးရွာမှ စတင် ချီတက်လမ်း ‌လျှောက်ကြခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့၏ အ‌ရှေ့‌တောင်‌ထောင့် ၆မိုင်အကွာရှိ ၎င်းနယ်‌မြေသည် စစ်အစိုးရတပ်များ၊ အပစ်ရပ်အဖွဲ့များနှင့် ‌ကေ အဲန်ယူတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာ‌နေသည့် ကြားနယ်‌မြေဖြစ်၍ မည်သည့်တပ်စခန်းမှ အတည်တကျ အ‌ခြေစိုက် စခန်း ထိုင်ခြင်းမရှိသည့်အတွက် ဆန္ဒပြပွဲမှာ အခက်အခဲမရှိ ပြီးဆုံးသွားခဲ့သည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၆)မှ ဗိုလ်ကြီး‌စောထဲ‌နေက “ကျ‌နော် သိရသ‌လောက် ဒီရွာသား‌တွေ ဆန္ဒပြတာကလည်း စစ်အစိုးရက ပြည်လုံးကျွတ် အ‌ထွေ‌ထွေ ညီလာခံဆိုပြီး သူတို့ရွာ‌တွေကိုကျ‌တော့ ပစ်ပယ်ခံရတဲ့အတွက် ဒီ‌ရွေး‌ကောက်ပွဲကို အလိုမရှိဘူးလို့ ဆန္ဒပြကြတာပါပဲ။ ဒါဟာ နိုင်ငံ‌ရေးအရ လူမျိုးစုကို သတ်တာပဲလို့ သူတို့ ယူဆထားကြတယ်။”ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်ရက်ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ‌ရေးမြို့နယ်အတွင်းမှ ‌ကျေးရွာများ စု‌ပေါင်း၍ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို လက်မခံသည့် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။