Home ထိပ်တန်းသတင်း က‌လေးမြို့ ဆုံးဖြတ်ချက် ‌ကြေညာ စာတမ်းကို DAB ‌ထောက်ခံ

က‌လေးမြို့ ဆုံးဖြတ်ချက် ‌ကြေညာ စာတမ်းကို DAB ‌ထောက်ခံ

1950
‌အောက်တိုဘာလ ၂၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)က စစ်ကိုင်းတိုင်း၊ က‌လေးမြို့ ၂၂ နှစ်‌မြောက် ဇိုမီးအမျိုးသား ကွန်ဂရက် အခမ်းအနားမှ ထုတ်ပြန်ခဲ့သည့် က‌လေးမြို့ ဆုံးဖြတ်ချက် ‌ကြေညာစာတမ်းကို အပြည့်အဝ ‌ထောက်ခံ‌ကြောင်း သ‌ဘောထား ‌ကြေညာချက်တ‌စောင် ယ‌နေ့ ထုတ်ပြန်လိုက်သည်။

လက်ရှိ မြန်မာ့နိုင်ငံ‌ရေးပြဿနာ ‌ဖြေရှင်းနိုင်‌ရေးအတွက် တိုင်းရင်းသား‌ခေါင်း‌ဆောင်များ၊ နိုင်ငံ‌ရေးအင်အားစု‌ခေါင်း‌ဆောင်များ၊ ဒီမိုက‌ရေစီလှုပ်ရှားသူများ ‌ပေါင်းစည်း၍ ထုတ်ပြန်လိုက်သည့် ၎င်း‌ကြေညာချက်စာတမ်းပါ နိုင်ငံ‌ရေးသ‌ဘောထားများနှင့် လုပ် ငန်းစဉ် ၃ရပ်သည် မိမိတို့ DAB အဖွဲ့ချုပ် ချမှတ်ထားသည့် လုပ်ငန်းစဉ်များနှင့် တူညီသည့်အတွက် ‌ထောက်ခံရခြင်းဖြစ်သည် ဟု DAB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးမျိုးဝင်းက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “က‌လေးမြို့‌ကြေညာချက် နိုင်ငံ‌ရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံ‌ရေးသ‌ဘောထား‌တွေဟာ ကျ‌နော်တို့ DAB အဖွဲ့ ချမှတ်ထားတဲ့ နိုင်ငံ‌ရေး လုပ်ငန်းစဉ်နဲ့ တူညီမှုရှိတဲ့အ‌ပေါ်မှာ ဒါကို ‌ထောက်ခံတယ်။ ကြိုဆိုတယ်။ ပြီး‌တော့ ရည်မှန်းချက်‌တွေ ‌အောင်မြင်တဲ့ အထိ အတူတကွ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားဖို့ သူတို့နဲ့ ကျ‌နော်တို့ ဒီပြည်ပမှာရှိတဲ့ အင်အားစု‌တွေနဲ့ စုစုစည်း စည်းနဲ့ ကြိုးပမ်းသွားဖို့ကို ရည်ရွယ်ပြီး ဒီ‌ကြေညာချက်ကို ကျ‌နော်တို့ ထုတ်ရတာ ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ဆက်လက်၍ “အထူးသဖြင့် က‌လေးမြို့ ထုတ်ပြန်‌ကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လက်မခံဘူး။ ‌နောက် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို လက်မခံဘူးဆိုတဲ့ဟာ‌တွေလည်းပဲ ကျ‌နော်တို့ သ‌ဘောထားနဲ့တူတယ်။ ‌နောက် ကျ‌နော်တို့ ဆုံးရှုံး‌နေ တဲ့ ဒီမိုက‌ရေစီအခွင့်အ‌ရေးနဲ့ တိုင်းရင်းသားအခွင့်အ‌ရေး‌တွေကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံ‌ရေးအင်အားစု‌တွေနဲ့ လက်တွဲ အ‌ဖြေရှာ သွားမယ်။”ဟု ရှင်းပြသည်။

‌အောက်တိုဘာလ ၂၄ရက်‌နေ့က အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD) ‌ခေါင်း‌ဆောင်များ၊ ဝါရင့်နိုင်ငံ‌ရေးသမားများနှင့် တိုင်း ရင်းသား‌ခေါင်း‌ဆောင်များက မြန်မာနိုင်ငံကို တပြည်‌ထောင်စနစ်လည်းမဟုတ်၊ ခွဲထွက်‌ရေးစနစ်လည်းမဟုတ်၊ ဒီမိုက‌ရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အ‌ရေးကို အ‌ခြေခံ‌သော ဖယ်ဒရယ်ပြည်‌ထောင်စုစနစ်ဖြင့် တည်‌ဆောက်ရန်အတွက် ဒုတိယ ပင်လုံ ညီလာခံ ‌ခေါ်ယူကျင်းပသွားရန် တညီတညွှတ်တည်း သ‌ဘောတူညီ ဆုံးဖြတ်ခဲ့ကြသည်။

နအဖ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေသည် ပြည်သူလူတရပ်လုံး၏ သ‌ဘောထားနှင့် လုံးဝ ဆန့်ကျင်‌နေသည့်အပြင် အ‌ခြေခံဥပ‌ဒေ သည် ဒီမိုက‌ရေစီ‌ရေး၊ လူ့အခွင့်‌ရေး၊ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် အာမခံချက်မရှိဘဲ စစ်အာဏာရှင် စနစ် ရာသက်ပန် အာဏာတည်မြဲ‌ရေးသာ ဦးတည်သည့် ဥပ‌ဒေဖြစ်သည်ဟု DAB ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းအပြင် က‌လေးမြို့ ဆုံးဖြတ်ချက် ‌ကြေညာစာတမ်းပါ နိုင်ငံ‌ရေးလုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင် ‌ရေးအတွက် ပြည်တွင်းပြည်ပ မြန်မာပြည်တိုင်းရင်းသားတရပ်လုံးအ‌နေဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း ‌ကြေညာချက်၌ တိုက် တွန်းထားသည်။

မြန်မာနိုင်ငံ ဒီမိုက‌ရေစီ‌ရေး၊ လူ့အခွင့်အ‌ရေးရရှိ‌ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်‌ရေးအတွက် တိုင်းရင်းသားအင်အားစု၊ ဒီမိုက‌ရေစီအင်အားစု ၂၅ဖွဲ့ဖြင့် ‌ပေါင်းစည်းကာ ၁၉၈၈ခုနှစ်က စတင် ဖွဲ့စည်းခဲ့သည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အ ဖွဲ့ချုပ် DAB သည် မာနယ်ပ‌လောသ‌ဘောတူညီချက်၊ သူးမွဲကလိုး သ‌ဘောတူညီချက်ကို ရယူနိုင်ခဲ့သလို အမျိုးသားတန်းတူ ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖယ်ရယ်ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကိုလည်း ဦး‌ဆောင်‌ရေးဆွဲထားပြီးဖြစ်သည်။