Home ထိပ်တန်းသတင်း ‌ရွှေကျင်‌ရေကာတာ ‌ရေလွှမ်းမိုးမှု‌ကြောင့် ‌ဒေသခံလူထု ၅၀၀‌ကျော် အိုးအိမ်မဲ့ဖြစ်

‌ရွှေကျင်‌ရေကာတာ ‌ရေလွှမ်းမိုးမှု‌ကြောင့် ‌ဒေသခံလူထု ၅၀၀‌ကျော် အိုးအိမ်မဲ့ဖြစ်

1769
စက်တင်ဘာလ ၁၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ညောင်‌လေးပင်ခရိုင်၊ ‌ရွှေကျင်မြို့နယ်အတွင်း တည်‌ဆောက်ထားသည့် ‌ရွှေကျင်‌ရေကာတာမှ ဆည်‌ရေမြင့်တက် လာခြင်း‌ကြောင့် ယခုလအတွင်း ရွာ‌ပေါင်း ၄ရွာတွင် ‌ရေလွှမ်းမိုးသည့်အတွက် ရွာသူရွာသား ၅၀၀‌ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အခြား‌နေရာများသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ရသည်ဟု ‌ဒေသခံတဦးက ‌ပြောသည်။

“အခု အဲဒီ‌ဒေသမှာ ‌ရေလွှမ်းမိုးတာ သစ်ပင်‌တွေဆိုရင် ဟိုး ထိပ်အထိ ‌ရေတက်တာ။ အိမ်‌တွေက အကုန်မြှုပ်တာ‌ပေါ့။ လူထု‌တွေ အကုန်‌ပြောင်းရတယ်။ အခုလက်ရှိ ‌ရေလွှမ်းမိုးတဲ့ တ‌နေးဖား၊ ‌ကျောက်နဂါး၊ သရက်‌ချောင်းနဲ့ ထီး‌ကေထာ့မှ ရွာသူရွာသား ၅၀ဝ ‌ကျော်ဟာ နီးစပ်ရာ ‌ဒေသ‌တွေမှာ ‌ပြောင်း‌နေရတယ်။”ဟု ‌ညောင်‌လေးပင်‌ဒေသအတွင်း ‌နေထိုင်သူ ဖူးခါးချူးက ‌ကေအိုင်စီကို ‌ပြော သည်။

ထို‌ဒေသအတွင်း ‌နေထိုင်‌သော ရွာသူရွာသားအများစုသည် ‌တောင်ယာ၊ ဓညင်းခြံ၊ ‌ရှောက်ခြံများဖြင့် အသက်‌မွေးဝမ်း‌ကြောင်း ပြု ကြပြီး ၎င်းတို့‌ဒေသအတွင်း ယခုလို ‌ရေလွှမ်းမိုးသည့်အတွက်‌ကြောင့် ဥယျာဉ်ခြံ ဧက‌ပေါင်း ၁၀,၀၀၀‌ကျော်ခန့် ‌ရေမြှပ်ပျက်စီးကုန် သည်ဟု ထို‌ဒေသခံက ဆိုသည်။

ဤ‌ဒေသတွင် ‌ရေကြီးမှု ဖြစ်ပွား‌နေသည်မှာ ဩဂုတ်လကတည်းဖြစ်ပြီး ‌ရေကာတာမှ ‌ရေများမြင့်တက်လာကာ ‌ကျေးရွာများကို ‌ရေ လွှမ်းမိုးသွားခြင်းဖြစ်သည်ဟု ‌ကော်သူး‌လေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FTUK)မှ စည်းရုံး‌ရေးတာဝန်ခံ ‌စော‌လေ‌စေးက ယခု လို ‌ပြောသည်။

သူက “ဒီ‌ဒေသမှာ ‌ရေကြီး‌နေတာ ဩဂုတ်လကတည်းကပဲ။ ‌ရေက ‌လျော့မသွား‌တော့ ‌ရေကာတာထဲက ‌ရေ‌တွေကလည်း ပိုများ လာတာ‌ပေါ့။ ဒါ‌ကြောင့် အနီးတဝိုက်က ရွာသား‌တွေရဲ့ ‌နေအိမ်‌တွေ၊ လယ်နဲ့ ဥယျာဉ်ခြံ‌တွေ ‌ရေလွှမ်းကုန်တာ‌ပေါ့။”ဟု ဆိုသည်။

အဆိုပါ ‌ရေကာတာ စီမံကိန်း စတင်စဉ်ကတည်းက ‌ရေကာတာ တည်‌ဆောက်သည့်‌နေရာ အနီးတဝိုက်တွင် နအဖ စစ်တပ်မှ လာ ‌ရောက် နယ်‌မြေရှင်းလင်းခဲ့ကာ ထို‌ဒေသတွင်းရှိ စူးမုထာ၊ ဆီးဆိုကုန်း၊ ပိုလို၊ ဒူ‌ဘော၊ ညာ့မူကွီး၊ က‌ဆောဝါးကွီး၊ လယ့်ဝါးစသည့် ‌ကျေးရွာများမှ ရွာသူရွာသားများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အကုန် စွန့်ပစ်ထားခဲ့ရပြီး အိုးမဲ့အိမ်မဲ့အဖြစ် ထွက်‌ပြေးတိမ်း ‌ရှောင်ခဲ့ရသည်။

‌ရွှေကျင်‌ရေကာတာကို မြန်မာစစ်အစိုးရက တရုတ်နိုင်ငံရှိ ကျွမ်းကျင်အင်ဂျင်ယာများကို ‌ခေါ်ယူပြီး ၂၀၀ဝခုနှစ်က စတင် အ‌ကောင် အထည်‌ဖော်ခဲ့ကာ ပြီးခဲ့‌သော ၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင် စတင်‌ရေသို‌လှောင်ခဲ့သည်ဟု ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့ (KRW)မှ ‌နော်‌ဖော‌ဂေခူက ‌ကေအိုင်စီကို ‌ပြောသည်။

သူမက “ဒီ‌ရေကာတာက ၂၀၀ဝခုနှစ်ကတည်းက စတင်ခဲ့တာပါ။ မနှစ်က ဒီဇင်ဘာမှာ စပြီး‌တော့ ‌ရေစသို‌လှောင်တယ်။ ‌ရေက တဖြည်းဖြည်း မြင့်တက်သွားတာ‌ပေါ့‌နော်။ အဲဒီ ‌ရေကာတာ‌ကြောင့် အနီးတဝိုက်က ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော် ပျက်စီးတယ်။ အဲဒီ ‌ဒေသမှာ လူထုဘယ်‌လောက်ရှိတယ်။ အဲဒီ‌ရေကာတာက ရလာတဲ့ လျှပ်စစ်စွမ်းအင်‌တွေကို ဘယ်‌နေရာမှာ သုံးမယ်ဆိုတာ ကျမ တို့ လုပ်‌ဖော်ကိုင်ဖက်‌တွေ ကွင်းဆင်း‌လေ့လာ‌နေဆဲပါ။”ဟု ဆိုသည်။

မြန်မာစစ်အစိုးရသည် ထိုင်း၊ တရုတ် ကုမ္ပဏီများနှင့် ပူး‌ပေါင်းပြီး ကရင်ပြည်နယ်၊ ‌ကေအဲန်ယူထိန်းချုပ်ရာ ခရိုင် ၇ခုအတွင်းတွင် တည်‌ဆောက်ပြီးစီးသည့်‌ရေကာတာနှင့် တည်‌ဆောက်ဆဲ ‌ရေကာတာ အားလုံး စုစု‌ပေါင်း (၇)ခုရှိသည်ဟု KRW က ဆိုသည်။