Home ထိပ်တန်းသတင်း အချိန်တိုအတွင်း PSDP မဲဆွယ်စည်းရုံး‌ရေး လုပ်ငန်းများ အလျင်စလို လုပ်‌နေရ

အချိန်တိုအတွင်း PSDP မဲဆွယ်စည်းရုံး‌ရေး လုပ်ငန်းများ အလျင်စလို လုပ်‌နေရ

1802
စက်တင်ဘာလ ၂၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

‌ရွေး‌ကောက်ပွဲ ကျင်းပရန် တလ‌ကျော်သာ လို‌တော့သည့် ယခုအချိန်တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်များအတွင်းရှိ လူထုများအား ပါတီ၏ လုပ်ငန်းမူဝါဒများ ချပြနိုင်ရန်အတွက် မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်းစဉ်များ အလျင်စလို လုပ်‌နေရသည်ဟု ဖလုံ-စ‌ဝေါ် ဒီမိုက ရက်တစ်ပါတီ(PSDP)မှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းတစ်ဦးက ‌ပြောသည်။

ဖားအံမြို့နယ် မဲဆန္ဒနယ်‌မြေ အမှတ်(၁) ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေအွာက “ကျမတို့ အချိန်သိပ် မရှိ‌တော့ဘူး‌ပေါ့ ‌နော်။ ဒီတစ်လအတွင်းမှာပဲ လှုပ်ရှားရ‌တော့မယ်ဆို‌တော့ အဲ‌တော့ ကျမတို့ တစ်ရွာကို တ‌နေ့လုံး အချိန်ဖြုန်းလို့ မဖြစ်‌တော့ဘူး။ အခု တကယ်လို့ ရတဲ့အချိန်နဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကို ကြည့်ပြီး‌တော့ ကျမတို့ တရွာနဲ့ တရွာက အလှမ်းဘယ်‌လောက် ‌ဝေး သလဲ။ ကျမတို့ တ‌နေ့ကို ဘယ်နှစ်ရွာ‌လောက် သွားနိုင်သလဲ။ အဲလိုမျိုး လုပ်သွားဖို့ ရှိတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ရွေး‌ကောက်ပွဲတွင် ဖားအံမြို့နယ် မဲဆန္ဒနယ်၌ ဝင်‌ရောက်အ‌ရွေးခံမည့် PSDP ၏ ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်နှင့် ပြည်နယ်လွွှှတ်‌တော် ကိုယ်စားလှယ်များက ၎င်းတို့၏ လူထုမဲဆွယ်စည်းရုံး‌ရေးလုပ်ငန်းကို ကိုယ်ပိုင်အစီအစဉ်ဖြင့် စက်တင်ဘာလ ၂၇ရက်‌နေ့မှ စတင် လုပ်‌ဆောင်‌နေပြီဟု သိရသည်။

ယင်းသို့ လုပ်‌ဆောင်ရာတွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ခွင့်ပြု‌ပေးထားသည့် အချိန်အတွင်း အချိန်မီ ပြီးစီးရန်နှင့် PSDP မူဝါဒသ‌ဘောထားများနှင့် ကိုယ်စားလှယ်များအ‌ကြောင်းနှင့် ပတ်သက်၍ လူထုများ သိရှိနားလည်ရန် ရည်ရွယ်၍ ‌ကျေးရွာ များသို့ စည်းရုံး‌ရေးဆင်းသည့်တချိန်တည်းတွင် ‘ပြည်နယ်မြို့ရွာ ‌အေးချမ်းဖို့ ဖလုံ-စ‌ဝေါ်ကို မဲ‌ပေးစို့’ ‌ခေါင်းစဉ်ပါ လက်ကမ်းစာ ‌စောင်များကိုလည်း ထုတ်‌ဝေဖြန့်ချိလျှက်ရှိ‌ကြောင်း နန်း‌စေအွာက ရှင်းပြ‌ပြောဆိုသည်။

သူမက “ကျမတို့က တခြားသူ‌တွေနဲ့ ယှဉ်ရမှာဆို‌တော့ palm-flatထဲမှာ ကျမတို့တစ်ဦးချင်းရဲ့ Biography ‌ပေါ့‌နော်။ ကျမတို့လူ ‌တွေ ဘယ်ကလာလဲ။ ဘာ‌တွေလဲဆိုတာ‌တွေကို‌လေ။ လူထု‌တွေ သိရ‌အောင်‌ပေါ့‌နော်။ ပြီး‌တော့ အဲဒီမှာဆိုရင် ကျမတို့က ‘ပြည် နယ်မြို့ရွာ ‌အေးချမ်းဖို့ ဖလုံ-စ‌ဝေါ်ကို မဲ‌ပေးစို့’ဆိုပြီး ‌ခေါင်းစဉ်‌လေးလုပ်ထား‌ပေးပါတယ်။ ပြီး‌တော့ ကျမတို့ ဖလုံ-စ‌ဝေါ် logo တံဆိပ်ဖြစ်တဲ့ ဖားစည်ရယ် ကျွဲချိုရယ်‌ပေါ့‌နော်။ အဲဒါ‌လေး‌တွေရဲ့ ‌ဘေးနားမှာ right လုပ်ထားလိုက်တာ‌ပေါ့။”ဟု ဆိုသည်။

မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ “မဲဆွယ်စည်းရုံးမှုက ကျမတို့ သိပ်ပြီး‌ပြောဖို့ မလိုဘူး။ ကရင်‌ဒေသ‌တွေပဲ‌လေ။ ကျမတို့ နဲနဲပါးပါး ရှင်းပြလိုက်ရင် သူတို့ သ‌ဘော‌ပေါက်တယ်။ ပြီးရင် စာ‌စောင်‌ပေးလိုက်တယ်။ ပြီး‌တော့ မဲကို ဘယ်လိုထည့်ရလဲဆိုတာကို ကျမတို့ က နဲနဲပါးပါး ‌ပြော‌ပေးရတယ်‌ပေါ့‌နော့။ အခုလက်ရှိ မဲထည့်ပုံထည့်နည်း‌တွေကို ‌ကျေးရွာလူထု‌တွေက မသိကြ‌သေးဘူး‌လေ။”ဟုု ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်က ‌ပြောသည်။

ထို့အပြင် PSDP ၏ လက်ကမ်းစာ‌စောင်တွင် အ‌ရွေးခံမည့် ကိုယ်စားလှယ်‌လောင်း၏ ကိုယ်‌ရေးအကျဉ်းအပြင် မဲအနိုင်ရပါက ၎င်း တို့လုပ်‌ဆောင်‌ပေးမည့် မူဝါဒနှင့် ကျင့်စဉ်များ အချက် ၆ချက်ကို ထည့်သွင်း‌ဖော်ပြထား‌ကြောင်း သိရသည်။

အဆိုပါအချက်များမှာ ပင်လုံစိတ်ဓါတ်ကို အ‌ခြေခံပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် တည်‌ဆောက်မည်။ အသင်းအဖွဲ့ မည်သည့်နိုင်ငံ‌ရေးပါတီကိုမျှ မဆန့်ကျင်ပါ။ လူငယ်များအတွက် အသိပညာ၊ အတတ်ပညာ ဘက်စုံဖွံ့ဖြိုး‌အောင် ‌ဆောင်ရွက်မည်၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း၊ ကုန်ကူးခြင်းအပြင် ဘဝလုံခြုံမှုရှိ‌အောင် ကြိုးပမ်းမည်၊ ‌ကျေးလက်‌ဒေသ များအတွက် လိုအပ်‌သော စာသင်‌ကျောင်း၊ ‌ဆေး‌ပေးခန်းနှင့် ဝန်ထမ်း အပြည့်အဝရှိ‌စေရန် ‌ဆောင်ရွက်‌ပေးမည်။ အသိပညာရှင်၊ အတတ်ပညာရှင်၊ စီးပွား‌ရေးလုပ်ငန်းရှင်များကို ‌လေးစားတန်ဖိုးထားပြီး လာဘ်‌ပေးလာဘ်ယူမှုနှင့် မသမာမှုပြုလုပ်ခြင်းကို လုံးဝ ဆန့်ကျင်မည်ဟူ၍ ဖြစ်သည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က နိုင်ငံ‌ရေးပါတီများအား ၎င်းတို့၏ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများစာရင်းကို ဩ ဂုတ်လ ၃ဝရက်‌နေ့ တင်ပြရန် ‌ကြေညာခဲ့ပြီး‌နောက် PSDP အ‌နေဖြင့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ ‌ရွေးချယ်စည်းရုံးခဲ့ရာ အချိန်မလုံ‌လောက်သဖြင့် ဖာပွန်မြို့နယ် မဲဆန္ဒနယ်၏ ကိုယ်စားလှယ်‌လောင်းကို ‌ရွေးချယ်ချိန်မရ‌တော့ဘဲ ဖြစ်ခဲ့ရသည်။

‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ် ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် PSDP လွှတ်‌တော်ကိုယ်စား လှယ်သုံးဦးမှာ နန်း‌စေအွာ(ပြည်သူ့လွှတ်‌တော်)၊ ‌စော‌အောင်‌ကျော်နိုင်(အမျိုးသားလွှတ်‌တော်)နှင့် ‌စောကြည်လင်း(ပြည်နယ်လွှတ် ‌တော်) တို့ဖြစ်ကြသည်။