Home ထိပ်တန်းသတင်း ဆည်‌ရေ ထပ်မံ မြင့်တက်လာမှု ‌ကြောင့် လယ်ကွင်း ၁၀၀‌ကျော်နှင့် ‌တောင်ယာ ၁၆ခင်း ‌ရေလွှမ်းမိုးခံရ

ဆည်‌ရေ ထပ်မံ မြင့်တက်လာမှု ‌ကြောင့် လယ်ကွင်း ၁၀၀‌ကျော်နှင့် ‌တောင်ယာ ၁၆ခင်း ‌ရေလွှမ်းမိုးခံရ

1705
စက်တင်ဘာလ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပဲခူးတိုင်း ‌ရွှေကျင်မြို့နယ်နှင့် ‌ကျောက်ကြီးမြို့ကြားတွင် တည်‌ဆောက်ထား‌သော ‌ရွှေကျင်‌ရေကာတာမှ ဆည်‌ရေ ဆက်လက် မြင့်တက်လာခြင်း‌ကြောင့် ယခုလအတွင်း ထို‌ဒေသမှ လယ်ကွင်း ၁၄ဝကွင်းနှင့် ‌တောင်ယာခင်း ၁၆ခင်း ‌ရေလွှမ်းမိုးခံရ‌ကြောင်း ‌ဒေသခံတစ်ဦးက ‌ပြောသည်။

(‌ရေလွှမ်းမိုးခံရသည့် ‌ဒေသ‌မြေပုံ)

‌ရွှေကျင်မြို့နယ်မှ ‌ဒေသခံ ‌စောခါးချူးက “အခု မိုး‌ရေကလည်း များလာသလို ဆည်က ‌ရေကလည်း တဖြည်းဖြည်းနဲ့ မြင့်တက် လာတဲ့အတွက် ၁၉၂ဧကရှိတဲ့ လယ်ကွင်း ၁၄ဝကွင်းနဲ့ ‌တောင်ယာ ၁၆ခင်း ‌ရေလွှမ်းမိုးခံရပြီ။ လက်ရှိ အ‌ခြေအ‌နေအရဆိုရင် ‌နောက်ထပ် ‌တောင်ယာစပါး ၈ခင်း ‌ရေဖုံးလွှမ်းမယ့် အ‌ခြေအ‌နေမှာရှိပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ ဆည်‌ရေသည် ယခုနှစ်ဆန်းပိုင်းက စတင် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယခုလို မိုးရာသီကာလတွင် မိုး‌ရေ များပြားလာ ‌သော‌ကြောင့် ‌ရေကာတာအမြင့်ကို ထပ်မြင့်လိုက်‌သောအခါ ဆည်‌ရေများ တဖြည်းဖြည်း မြင့်တက်လာ‌သော‌ကြောင့် လယ်‌မြေ၊ ‌တောင်ယာများ ‌ရေလွှမ်းမိုးခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

ယခုလို ‌ရေလွှမ်းမိုးသည့်အတွက်‌ကြောင့် လယ်ယာ၊ ‌တောင်ယာ၊ ဓညင်းခြံ၊ ‌ရှောက်ခြံများဖြင့် အဓိက အသက်‌မွေးဝမ်း‌ကျောင်း ပြုကြသည့် ‌ဒေသခံရွာသားများ၏ ဥယျာဉ်ခြံ ဧက‌ပေါင်း ၁၀,၀၀၀‌ကျော်ခန့် ‌ရေမြှုပ်ပျက်စီးကုန်သည်ဟု ‌စောခါးချူးက ‌ပြော သည်။

မြန်မာစစ်အစိုးရနှင့် တရုတ်နို်င်ငံမှ ကျွမ်းကျင်အင်ဂျင်နီယာများ၏ ‌မြေပုံညွှန်းအရ လျှပ်စစ်ဓါတ်အား ၇၅မီဂါဝပ်ရှိသည့် ထို‌ရေ ကာတာသည် ဆည်‌ရေအမြင့် ၁၈၅‌ပေ၊ အလျား ၃,၆၀၀‌ပေအထိတက်ရန်ရှိပြီး ‌ရေ‌လှောင်ပမာဏ ၁၆၈,၅၀၀-KBCနှင့် ကန်‌ရေ ပြင်ဧရိယာ (၄၄)စတုရန်းမိုင်အထိ ‌ရေလွှမ်းမိုးရန်ရှိ‌ကြောင်း ကြိုတင်တွက်ဆထား‌သော်လည်း လက်ရှိအချိန်တွင် ခန့်မှန်းထား သည်ထက် ပို၍ ‌ရေမြင့်တက်လာ‌ကြောင်း ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့(KRW)မှ ‌နော်‌ဖော‌ဂေခူက ‌ပြောသည်။

၎င်းက “လက်ရှိ တက်လာတဲ့‌ရေပမာဏဟာ အရင်သူတို့ဆွဲထားတဲ့ Map (‌မြေပုံ)ထက် အခု အသစ်ပြန်ထုတ်တဲ့ Map အသစ် တခုနဲ့ ပြန်တိုင်းကြည့်‌တော့ ဆည်‌ရေက အများကြီး ‌ကျော်လွန်‌နေပြီ။ မိုးကလည်း မကုန်‌သေးဘူး။ ဒီ့ထက် ထပ်တက်လာဖို့ လည်း ရှိ‌သေးတယ်။”ဟု ဆိုသည်။

အဆိုပါ ‌ရေကာတာ စီမံကိန်း စတင်စဉ်ကတည်းက ‌ရေကာတာ တည်‌ဆောက်သည့်‌နေရာ အနီးတဝိုက်တွင် နအဖ စစ်တပ်မှ နယ်‌မြေရှင်းလင်းမှုများ လာ‌ရောက်လုပ်‌ဆောင်ခဲ့ရာ ထို‌ဒေသတွင်းရှိ စူးမုထာ၊ ဆီးဆိုကုန်း၊ ပိုလို၊ ဒူ‌ဘော၊ ညာ့မူကွီး၊ က‌ဆော ဝါးကွီး၊ လယ့်ဝါး စသည့်‌ကျေးရွာများမှ ရွာသူရွာသား ၅၀၀‌ကျော်မှာ ၎င်းတို့၏ အိုးအိမ်ပစ္စည်းများကို စွန့်ခွာပစ်ထားခဲ့ရပြီး ထွက် ‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။

၎င်းရွာသူရွာသားများသည် ဥယျာဉ်ခြံများ အားလုံး ဆုံးရှုံးသွားသည့်အတွက် ‌တောင်‌ပေါ်‌ဒေသများသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်သူ များရှိသလို အချို့မှာ ‌ရေကာတာအနီးရှိ ‌ရွှေကျင်‌ချောင်း ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းတွင် ‌နေ့စားအလုပ်ဖြင့် ၎င်းတို့၏ စားဝတ်‌နေ ‌ရေးကို ‌ဖြေရှင်း‌နေကြရသည်ဟု KRW က ‌ပြောသည်။

(ဆည်‌ရေလွှမ်းမိုးသွားသည့် ‌ကျေးလက်‌ဒေသတ‌နေရာ) Photo-Ler Doh township

‌ရွှေကျင်‌ရေကာတာကို မြန်မာစစ်အစိုးရက တရုတ်နိုင်ငံရှိ ကျွမ်းကျင်အင်ဂျင်ယာများကို ‌ခေါ်ယူပြီး ၂၀၀ဝခုနှစ်က စတင် အ ‌ကောင်အထည်‌ဖော်ခဲ့ပြီး မြန်မာစစ်အစိုးရသည် ထိုင်း၊ တရုတ် ကုမ္ပဏီများနှင့် ပူး‌ပေါင်းပြီး ကရင်ပြည်နယ်၊ ‌ကေအဲန်ယူ ထိန်း ချုပ်ရာ ခရိုင် ၇ခုအတွင်းတွင် တည်‌ဆောက်ပြီးစီးသည့် ‌ရေကာတာနှင့် တည်‌ဆောက်ဆဲ ‌ရေကာတာ အားလုံး စုစု‌ပေါင်း (၇) ခုရှိသည်ဟု KRW က ဆိုသည်။