Home ထိပ်တန်းသတင်း ကရင်နယ်ခြား‌စောင့်တပ်များ စစ်သင်တန်း တက်‌ရောက်‌တော့မည်

ကရင်နယ်ခြား‌စောင့်တပ်များ စစ်သင်တန်း တက်‌ရောက်‌တော့မည်

1765
စက်တင်ဘာလ ၂၄ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်မှ နယ်ခြား‌စောင့်တပ်များသည် လာမည့် ၂၇ရက်‌နေ့တွင် စစ်သင်တန်းကို တက်‌ရောက်ရ‌တော့မည်ဖြစ်‌ကြောင်း မြဝတီမြို့နယ်၊ ‌ရွှေကုက္ကိုမှ နယ်ခြား‌စောင့်တပ်များက ‌ပြောဆို‌နေကြသလို နယ်စပ်သတင်းရပ်ကွက်များအရလည်း သိရှိရသည်။

အဆိုပါစစ်သင်တန်းကို စက်တင်ဘာလ ၂၇ရက်‌နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး သင်တန်းကာလမှာ သုံးပတ်ကြာမြင့်မည်ဖြစ် ‌ကြောင်း နယ်ခြား‌စောင့်တပ် တပ်ရင်းမှူးတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

နယ်ခြား‌စောင့်တပ်သင်တန်းကို အုပ်စုနှစ်စုခွဲ၍ တက်‌ရောက်ရမည်ဖြစ်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိ‌ကျေးရွာတွင် နယ်ခြား‌စောင့်တပ် တပ်ရင်း ၇ရင်းနှင့် သထုံမြို့တွင် တပ်ရင်း ၆ရင်း တက်‌ရောက်ရမည်ဖြစ်‌ကြောင်း ၎င်းတပ်ရင်းမှူးက ‌ကေ အိုင်စီကို ယခုလို ‌ပြောသည်။

“စစ်သင်တန်းကာလက ၂၁ရက်‌လေ။ သွားတက်ရမဲ့အဖွဲ့ကို နှစ်သုတ်ခွဲထားတယ်။ ဝဲဂလိမှာ တက်မဲ့တပ်ရင်း‌တွေက အမှတ် (၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)၊ (၁၀၂၀)၊ (၁၀၂၁)၊ (၁၀၂၂)နဲ့ အရင် ‌ကေပီအက်ဖ်က (၁၀၂၃)တပ်ရင်း‌တွေ‌ပေါ့။ သထုံမှာ တက်ရ မဲ့တပ်ရင်း‌တွေက‌တော့ အမှတ်(၁၀၁၁)က‌နေ (၁၀၁၆)အထိ‌လေ။”ဟု သူက ဆိုသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲဂလိ‌ကျေးရွာတွင် ယခင်က တပ်မ‌တော် ‌လေ့ကျင့်‌ရေး‌ကျောင်း တိုင်းဗဟို(၄)ကို ယခု အမှတ်(၁၂) တပ်မ‌တော်တန်းမြင့် ‌လေ့ကျင့်‌ရေး‌ကျောင်းဟု အမည်‌ပြောင်းလဲကာ စစ်‌လေ့ကျင့်‌ရေးသင်တန်းများ အစဉ် ပို့ချ‌ပေး လျှက်ရှိ‌ကြောင်း သိရသည်။

ယခု သင်တန်းပထမအုပ်စုတွင် တက်‌ရောက်မည့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်အင်အားမှာ တပ်ရင်းအမှတ် (၁၀၂၃)မှလွဲ၍ ကျန် တပ်ရင်းများမှ သင်တန်းသား‌ပေါင်း ၁၇၃ဝဦးဖြစ်ပြီး သင်တန်းရက်မတိုင်မီ သွား‌ရောက်ရမည်ဖြစ်‌ကြောင်း သိရသည်။

ယခုအုပ်စုတွင် တက်‌ရောက်သင်ကြားရမည့် နယ်ခြား‌စောင့်တပ်ရင်း အမှတ်(၁၀၁၉) တပ်ရင်းမှူး ဗိုလ်မှူး‌စောလိုက်သိန့်က “ကျ‌နော်တို့ နယ်ခြား‌စောင့်တပ်‌တွေ သင်တန်းသွားရမှာ‌တော့ ဟုတ်တယ်။ ကျ‌နော်တို့က ဝဲဂလိမှာ သွားတက်ရမယ်လို့ ‌ပြော တယ်။ ဒါ‌ပေမဲ့ သွားရမဲ့ရက်ကို မသိ‌သေးဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အမည်မ‌ဖော်လိုသူ အခြားတပ်ရင်းမှူးတစ်ဦးက နယ်ခြား‌စောင့်တပ်သည် စစ်တပ်ဖြစ်၍ စစ်သင်တန်းကို တက်‌ရောက်ကာ စစ် ပညာများကို ‌လေ့လာရမည်ဖြစ်‌ကြောင်း ‌ပြောဆိုသည်။ “စစ်တပ်ဆိုတာ သင်တန်း‌တော့ တက်ရမှာ‌ပေါ့။ ဒါ‌ကြောင့် သင်တန်းမှာ ပို့ချသင်ကြားမဲ့ စစ်ပညာကို ‌လေ့လာရမှာ‌ပေါ့။”ဟု ဆိုသည်။

ယခုလို စစ်သင်တန်း သွားတက်‌ရောက်ရမည့် နယ်ခြား‌စောင့်တပ်များ၏ ‌နေရာများတွင် နအဖ စစ်တပ်မှ တပ်ရင်းအချို့က ဝင် ‌ရောက်လာပြီး ‌နေရာယူထား‌သော်လည်း ၎င်းမှာ ယာယီမျှသာဖြစ်‌ကြောင်း နယ်ခြား‌စောင့်တပ် တပ်ရင်းမှူးတဦးက ‌ကေအိုင်စီ ကို ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)မှ နယ်ခြား‌စောင့် တပ်သို့ အသွင်‌ပြောင်းလိုက်သည့် တပ်ရင်း ၁၂ရင်းရှိပြီး ‌စောသုမူဟဲ ဦး‌ဆောင်ခဲ့သည့် ‌ဟောင်သ‌ရောငြိမ်းချမ်း‌ရေးအဖွဲ့(KPF)မှ နယ်ခြား‌စောင့်တပ်‌ပြောင်းသည့် တပ်ရင်း ၁ရင်းရှိသည်။

ကရင်နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များ၏ အကြံ‌ပေးအဖွဲ့ဝင်များမှာ (၁)‌စောသာထူး‌ကျော်၊ (၂)‌စော‌ကျော်သန်း၊ (၃)‌စောထွန်းလှိုင်၊ (၄)‌စော‌မောင်ကြည်၊ (၅)‌စောပြားပြား၊ (၆)‌စောဖားနွီးနှင့် (၇)‌စောချစ်သူတို့ ဖြစ်သည်။