Home ထိပ်တန်းသတင်း သုံး‌လောင်းပြိုင် လူသတ်မှု က‌နေဒါ‌ရောက် ကရင်မိသားစုတွင် ဖြစ်ပွား

သုံး‌လောင်းပြိုင် လူသတ်မှု က‌နေဒါ‌ရောက် ကရင်မိသားစုတွင် ဖြစ်ပွား

2178
ဩဂုတ်လ ၉ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

က‌နေဒါနိုင်ငံ REGINA မြို့‌မြောက်ပိုင်းရှိ ကရင်ဒုက္ခသည်မိသားတစုတွင် ပြီးခဲ့သည့်အပတ်က သုံး‌လောင်းပြိုင် လူသတ်မှု ဖြစ် ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ‌ဒေသဆိုင်ရာရဲများက စစ်‌ဆေးစုံစမ်းလျှက်ရှိ‌ကြောင်း သိရသည်။

အခင်းဖြစ်တဲ့‌နေအိမ်ကို ရဲများ စစ်‌ဆေး‌နေစဉ်

‌သေဆုံးသူများသည် မြန်မာပြည်မှ ကရင်ဒုက္ခသည်တစ်ဦးဖြစ်ပြီး အမျိုးသားမှာ Crown Shred & Recycling Company တွင် ၂နှစ်ခန့် အလုပ်လုပ်‌နေသူဖြစ်‌ကြောင်း ၎င်းကုမ္ပဏီမှ ကြီးကြပ်‌ရေးမှူး Jack Shaw က ထိုမြို့ရှိ Leader Post သတင်းဌာနကို ‌ပြောပြသည်။

သူက “ဒီလူက ကရင်ဒုက္ခသည်‌လေ။ သူက ခင်ဖို့လည်း‌ကောင်းသလို အလုပ်ကြိုးစားသူလည်း ဟုတ်တယ်။ သူက အလုပ်မှာ ခွင့်တစ်ပတ်ယူထားပြီး အဂင်္ါ‌နေ့မှာ အလုပ်ပြန်ဆင်းတာ မ‌တွေ့ဘူး။ ဒါနဲ့ သူ့ကို အလုပ်ပြန်ဝင်ဖို့ ဆက်သွယ်‌ပေမဲ့ မရဘူး။ အခု လို မထင်မှတ်ဘဲ ဖြစ်သွားလိမ့်မယ်လို့လည်း မထင်ထားမိဘူး။ သူက လူ‌ကောင်းတစ်‌ယောက်ပါ။”ဟု ‌ပြောသည်။

အိမ်နီးချင်းတစ်ဦးက အသတ်ခံရသူများ၏ အိမ်မှ အပုပ်နံ့ဆိုးဆိုး ထွက်ရှိလာသည့်အတွက် ပြီးခဲ့သည့် ‌သောကြာ‌နေ့တွင် သွား ‌ရောက်ကြည့်ရှုရာ ၎င်းတို့ကို ဓားဒဏ်ရာများဖြင့် ‌သေဆုံး‌နေ‌ကြောင်း ‌တွေ့ရှိပြီး ရဲကို တိုင်ကြားရာမှ လူသတ်မှု ‌ပေါ်‌ပေါက်သွား ခြင်း ဖြစ်သည်။

ထိုအမှုကို စစ်‌ဆေး‌နေဆဲဖြစ်သည့် REGINA ရဲများက ‌သေဆုံးသူများသည် မည်သူမည်ဝါဖြစ်‌ကြောင်း မ‌ပြောနိုင်‌သော်လည်း ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှ ၂၀၀၈ခုနှစ်တွင် က‌နေဒါနိုင်ငံသို့ ထွက်ခွာသွားကြသည့် ‌စော ‌နေ‌ကော်မူး ၃၆နှစ်၊ ဇနီး ‌နော်‌မော် ၂၃နှစ်နှင့် သားငယ် ‌စောဆဲဗင်းဂျူး ၃နှစ်တို့ဖြစ်ကြသည်ဟု ထိုသူများနှင့် ရင်းနှီးခဲ့သူတစ်ဦး ဖြစ်သည့် ‌စောအယ်ဒိုဝါးက ‌ပြောသည်။

“‌စော‌နေ‌ကော်မူးက နယ်စပ်မှာတုန်းက ကျ‌နော်နဲ့ အရမ်းခင်တယ်။ သူတို့ကို ဗုဒ္ဓဟူး‌နေ့မှာ ဓားနဲ့ထိုးပြီး သွားလုပ်ကြံတယ်လို့ သိရတယ်။ ဖြစ်ဖြစ်ချင်း‌တော့ ဘယ်သူမှ မသိလိုက်ဘူး။ ဒါ‌ပေမဲ့ အိမ်‌ဘေးနားက အဂင်္လိပ်တစ်‌ယောက်က ယင်‌ကောင်‌တွေ ပျံ တယ်။ အနံ့လည်း မ‌ကောင်းဘူး။ အနံ့ဆိုး‌တော့ ပုလိပ်ဆီကို တိုင်တယ်။ အဲ‌တော့ ‌သောကြာ‌နေ့ညမှာ ပုလိပ်‌တွေက အိမ်ကိုဝင် ပြီး သွားကြည့်လိုက်‌တော့ သူ့မိန်းမ‌ကော၊ သူ့က‌လေး‌ကော အကုန်လုံး အသတ်ခံရတာပါ။ သူ့မိန်းမမှာ ကိုယ်ဝန်ရှိတယ်။”ဟု ဆက်လက် ‌ပြောဆိုသည်။

‌သေဆုံးသူများသည် REGINA မြို့၊ Oakview Drive အိမ်‌ဂေဟာတွင် ‌နေထိုင်သူဖြစ်ပြီး အိမ်ရှင်အမျိုးသားမှာ အပြင်မထွက်ခင် ၎င်း၏‌နေအိမ်တံခါးကို အ‌သေအချာပိတ်ကာ အပြန်ပြန်စစ်‌ဆေးပြီးမှ သွား‌လေ့ရှိ‌ကြောင်းနှင့် ၎င်းတို့တွင် တစုံတရာကို ကာ ကွယ်ရမည့် စိုးရိမ်စရာ အ‌ကြောင်းအရာ ရှိနိုင်‌ကြောင်း အမည်မ‌ဖော်လိုသည့် အိမ်နီးချင်း အမျိုးသမီးက ရဲကို ‌ပြောသည်။

‌စောအယ်ဒိုဝါးက “ကျ‌နော် သိရသ‌လောက်က သူတို့သွား‌နေတဲ့မြို့က ကရင်လူမျိုး‌တွေ မရှိဘူး။ များ‌သောအားဖြင့် နိုင်ငံခြား သား‌တွေနဲ့ လူမည်း‌တွေပဲ များတယ်လို့ က‌နေဒါက သူငယ်ချင်း‌တွေက ‌ပြောပြတယ်။ ‌နောက်ပြီး သူတို့က ကျန်တဲ့ကရင်လူမျိုး ‌တွေနဲ့လည်း အဆက်အသွယ် မလုပ်‌တော့ အလှမ်း‌ဝေးတာ‌ပေါ့။”ဟု ဆိုသည်။

ယင်းသို့ဖြစ်ပွားခဲ့မှုအ‌ပေါ် မဲ‌ဆောက်မြို့ရှိ ‌စော‌နေ‌ကော်မူး၏ ညီအစ်ကို တဝမ်းကွဲ‌တော်သူက “သူတို့မိသားစု ဒီလိုလုပ်ကြံခံရ တယ်ကြား‌တော့ ကျ‌နော်လည်း စိတ်မ‌ကောင်းဖြစ်တာအမှန်ပဲ။ ဘာဖြစ်လို့လည်းဆို‌တော့ သူတို့က နိုင်ငံခြား‌ရောက်‌နေ‌ပေမဲ့ ဒီ ဘက်မှာကျန်ခဲ့တဲ့ မိသားစုကို တတ်နိုင်သ‌လောက် ပြန်ပြီး ကူညီတယ်‌လေ။ ဒီလိုဖြစ်တာ ‌ဆွေမျိုးတစ်‌ယောက်အ‌နေနဲ့ တကယ် စိတ်မ‌ကောင်းဘူး။ ဝမ်းနည်းမိတာအမှန်ပဲ။”ဟု ‌ပြောသည်။

ယခုအချိန်တွင် ‌သေဆုံးသူများ၏ အ‌လောင်းများကို REGINA မြို့မှ ရဲများက စုံစမ်းစစ်‌ဆေး‌နေဆဲဖြစ်ပြီး မနက်ဖြန်တွင် က‌နေ ဒါ‌ရောက် ကရင်လူမှုအသိုင်းအဝိုင်းထံ အပ်နှံကာ ၎င်းတို့အတွက် ဝတ်ပြုဆု‌တောင်းကာ သဂြင်္ိုလ်သွားမည်ဟု သိရသည်။