Home ထိပ်တန်းသတင်း လိုင်စင်မဲ့ကားများ စတင်ဖမ်း ဆီးမည့် သတင်း‌ကြောင့် ကား တချို့ ‌တောထဲ သွား‌ရောက် ဝှက်ထား

လိုင်စင်မဲ့ကားများ စတင်ဖမ်း ဆီးမည့် သတင်း‌ကြောင့် ကား တချို့ ‌တောထဲ သွား‌ရောက် ဝှက်ထား

1860
ဇူလိုင်လ ၁ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

လိုင်စင်မဲ့ကားများကို စတင်ဖမ်းဆီးမည့်သတင်း‌ကြောင့် ကရင်ပြည်နယ်မှ နယ်စပ်မြို့များတွင် လိုင်စင်မဲ့ ကားတချို့သည် လိုက်လံဝှက်ထားမှုများ လုပ်‌ဆောင်‌နေကြသည်ဟု မြို့ခံများ၏ ‌ပြောပြချက်အရ သိရ သည်။

မြန်မာနိုင်ငံတွင် လိုင်စင်မဲ့ကားများကို ဇွန်လ ဆန်းပိုင်းမှစ၍ စတင်ဖမ်းဆီးခဲ့သလို ကရင်ပြည်နယ် ဘား အံမြို့တွင်လည်း ဇွန်လ လယ်ပိုင်းမှစကာ ဖမ်းဆီးမှုများ စတင်လုပ်‌ဆောင်သည့်အတွက်‌ကြောင့် ယခုရက် ပိုင်းအတွင်း နယ်စပ်မြို့များဖြစ်သည့် မြဝတီနှင့် ဘုရားသုံးဆူမြို့၌ လိုင်စင်မဲ့ကားများကို လက်ဝယ်ထားရှိ သူများက လိုက်လံဝှက်ထားကြခြင်းဖြစ်သည် သိရသည်။

ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်‌သော ဘုရားသုံးဆူမြို့ဘက်တွင် လိုင်းစင်မဲ့ကားတချို့က ‌ကေအဲန်ယူ ထိန်း ချုပ်ရာနယ်‌မြေများသို့ သွား‌ရောက်ဝှက်ထားသလို နီးစပ်ရာအသိများထံကိုလည်း သွားဝှက်ထားသည်ဟု မြို့ခံတဦးက ယခုလို‌ပြောသည်။

“ဒီတရက်နှစ်ရက်‌တောအတွင်းမှာ လိုင်စင်မရှိတဲ့ ကား‌တွေကို ဖမ်းမယ်လို့ ကြိုတင်အသိ‌ပေးထားတဲ့အ တွက် ကားပိုင်ရှင်တချို့က သူတို့ကား‌တွေကို လိုက်ဝှက်ထားတာ ဒီ‌နေ့အပါအဝင်ဆို နှစ်ရက်သုံးရက် ရှိပြီ။ တချို့က ‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေဖြစ်တဲ့ မဲ့ကသာဘက်မှာတို့။ ‌တောရွာက အသိ‌တွေဆီကို သွား ဝှက်ထားတာတို့ လုပ်တာရှိတယ်”ဟု ‌ပြောသည်။

ထိုကဲ့သို့ လိုက်လံဖမ်းဆီးရာမှာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ကားနှင့် သာသနာအကျိုးပြုကားများ ကို နားလည်မှုသ‌ဘောဖြင့် ဖမ်းဆီးမည် မဟုတ်‌ကြောင်း ဘုရားသုံးဆူမြို့ရှိ သံဃာ‌တော်တစ်ပါးက ‌ကေ အိုင်စီကို မိန့်ကြားသည်။

ဘုရားသုံးဆူမြို့သည် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အ‌ခြေချရာ မြို့တမြို့ဖြစ်‌သော‌ကြောင့် အစိုးရအ ‌နေဖြင့် အတင်းအကြပ်လုပ် ‌ဆောင်လိမ့်မည်မဟုတ်‌ကြောင်း ကားပိုင်ရှင်တဦးက ‌ပြောသည်။

“ကြာအင်းဆိပ်ကြီးနဲ့ မုဒုံတို့ဘက်မှာ လိုင်စင်မရှိတဲ့ကား‌တွေ ပိုင်ဆိုင်ထားတဲ့လူ‌တွေကို အာဏာပိုင်‌တွေ က စားရင်းတင်ခိုင်းတာရှိ‌ပေမယ့် ကျ‌နော်တို့မြို့မှာ အတင်းအကြပ်လုပ်လို့မရဘူး။ ဖမ်းဆီးသိမ်းဆည်းမှု ‌တွေ အတင်းလုပ်လာလို့ရှိရင် ပြဿနာ‌တွေ တက်ကုန်မှာ‌ပေါ့” ဟု ‌ပြောသည်။

ဘားအံမြို့ခံတစ်ဦးက“ ‌မော်‌တော်ပီကယ်(‌မော်‌တော်ယျာဉ်ထိန်းသိမ်း‌ရေးအဖွဲ့)က ဒီ‌ကေဘီ‌အေဆိုင်ကယ် တို့ ကား‌တွေတို့ဆို လိုင်စင်လုံးဝမစစ်ရဲဘူး။ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်‌လောက်က ဒီ‌ကေဘီ‌အေ စီးလာ တဲ့ ဆိုင်ကယ်တစ်စီးကို ‌မော်‌တော်ပီကယ်က ဝင်စစ်‌တော့ ‌သေနတ်နဲ့ ခြိမ်း‌ခြောက် အပစ်ခံရတယ်လို့ ကြားတယ်။ အဲဒီ‌နောက်ပိုင်းမှာ ဒီ‌ကေဘီ‌အေဆို လုံးဝမစစ်‌တော့ဘူး”ဟု ‌ပြောသည်။

လိုင်စင်မဲ့ကားအပြင် ယခုဇူလိုင်လ ၁ရက်‌နေ့မှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များကိုလည်း ဥပ‌ဒေနှင့်အညီ ဖမ်းဆီးမည်ဟု စစ်အစိုးရက ပြီးခဲ့သည့် ဇွန်လ(၁၁)ရက်‌နေ့က ၎င်းတို့ပိုင် သတင်းဌာနများတွင် ထုတ်ပြန် ခဲ့သည့်‌နောက် ယခုချိန်တွင် မြို့အတွင်း စစ်‌ဆေးဖမ်းဆီးမှုများ စတင်လုပ်‌ဆောင်‌နေပြီဟု ဘားအံမြို့ခံများ က ‌ပြောသည်။