Home ထိပ်တန်းသတင်း နအဖစစ်တပ် ရွာသားများကို အ‌ကြောင်းမဲ့ဖမ်းဆီး

နအဖစစ်တပ် ရွာသားများကို အ‌ကြောင်းမဲ့ဖမ်းဆီး

1425
ဇူလိုင်လ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လှုပ်ရှား‌နေ‌သော နအဖစစ်တပ်များသည် ‌ဒေသခံရွာသား များကို အ‌ကြောင်းမဲ့ ဖမ်းဆီး‌ခေါ်‌ဆောင်မှုများ ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်လုပ်‌ဆောင်ခဲ့သည်ဟု သိရှိရသည်။

ယခုလ ဇူလိုင်လ ၁၅ရက်‌နေ့တွင် စကခ(၇) လက်‌အောက်ခံ ခလရ(၁၀၂) တပ်ရင်းက ထန်းတပင်မြို့နယ်ရှိ ဟူးမုဒဲရွာသား များဖြစ်‌သော ‌စော‌ဘေး‌ဘေ့ထူနှင့် ‌စောဟဲက‌ရေ့တို့နှစ်ဦးအား ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ပြီး တရက်တည်းတွင် ခလရ(၇၃) တပ်ရင်းက ရှားဇီးဘိုရွာသား ‌စော‌စေးထယ်ကို ရှားဇီးဘိုတပ်စခန်းသို့ ‌ခေါ်‌ဆောင်သွားခဲ့ရာ ယ‌နေ့အချိန်ထိ ပြန်လွှတ်‌ပေး ခြင်း မရှိ‌သေး‌ကြောင်း မြန်မာပြည်လွတ်‌မြောက်‌ရေးအဖွဲ့ (Free Burma Ranger-FBR)က ‌ပြောသည်။

(FBR) အဖွဲ့ဝင် ‌စောမန်းကီးက“ရွာသား‌တွေကို လာဖမ်းသွားတာက ဘာအ‌ကြောင်း‌ကြောင့် ဖမ်းသလဲဆိုတာ ကျ‌နော်တို့ လည်း မသိဘူး။ ဖမ်းတာက ‌လေးငါးရက်ရှိပြီဆို‌ပေမယ့် အခုထိ မလွှတ်‌သေးဘူးလို့ ကျ‌နော်တို့ သိရတယ်”ဟု ‌ပြောသည်။

ထို့အပြင် ယခုလ ဇူလိုင်လ ၁၃ရက်‌နေ့တွင် ထန်းတပင်မြို့နယ်တွင် လှုပ်ရှား‌နေ‌သော နအဖ စစ်တပ် ခလရ(၇၃) တပ်ရင်း သည် ပယ်‌တော်‌ဒေးရွာသား ‌စောတာမလာဒိုနှင့် ‌စောဝါး‌နေ‌စေးတို့နှစ်ဦးအား ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ပြီး ယ‌နေ့အချိန်ထိ ပြန်လွှတ်‌ပေးခြင်း မရှိ‌ကြောင်း သိရသည်။

အဆိုပါ ‌ဒေသခံရွာသား ၅ဦးအား မည်သည့်အ‌ကြောင်း‌ကြောင့် ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းကို ‌ဒေသခံ ရွာသူရွာသားများက နားမလည်သည့်အပြင် ဖမ်းဆီး‌ခေါ်‌ဆောင်ခဲ့သည်မှာ ရက်သတ္တပတ်ရှိပြီဖြစ်သဖြင့် ကျန်ရစ်သူ မိဘ‌ဆွေမျိုးများက အလွန်စိုး ရိမ်‌နေကြ‌ကြောင်း ‌စောမန်းကီးက ‌ပြောသည်။

ထို‌ဒေသများ၌ လှုပ်ရှား‌နေ‌သော နအဖစစ်တပ်များသည် ယခင်ကလည်း ‌ဒေသခံရွာသားများကို အလားတူ ဖမ်းဆီး‌ခေါ် ‌ဆောင်မှုများ လုပ်‌ဆောင်ခဲ့ရာတွင် သက်ဆိုင်ရာ သူကြီးများ၏ ‌ထောက်ခံမှုဖြင့် ပြန်လွှတ်လိုက်ခြင်းရှိသလို တချို့မှာ မြင် ‌တွေ့သည့်‌နေရာ၌ပင် တန်းပြီး ပစ်သတ်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်‌နေ့၌ တိပ်ပုဂွင်ရှိ စကခ(၇)မှ နည်းဗျူဟာ-နဗဟ(၂)မှူးက တိပ်ပုနှင့် ‌ရေသိုးကြီး‌ကျေးရွာအတွင်း ရွာသူရွာသားများနှင့် သူစိမ်းလူများ ဝင်ထွက်သွားလာခြင်း မပြုရဟု အမိန့်ထုတ်ထား‌ကြောင်း သိရသည်။