Home ထိပ်တန်းသတင်း ‌ရေကာတာဆန့်ကျင်‌ရေး ဆု‌တောင်းပွဲ ‌ဒေသခံ ၆၀၀‌ကျော် ပါဝင်ဆင်နွဲ

‌ရေကာတာဆန့်ကျင်‌ရေး ဆု‌တောင်းပွဲ ‌ဒေသခံ ၆၀၀‌ကျော် ပါဝင်ဆင်နွဲ

1909
မတ်လ ၁၆ရက်။ ‌စောထွန်းနိုင် (‌ကေအိုင်စီ)

ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သံလွင်မြစ်အတွင်း ပူး‌ပေါင်းတည်‌ဆောက်မည့် ‌ရေကာတာများကို ဆန့်ကျင်‌ကြောင်း မြစ်ရိုးတ ‌လျှောက်ရှိ ‌ဒေသခံပြည်သူများက ဆု‌တောင်းပွဲတခုကို မတ်လ ၁၄ရက်‌နေ့တွင် ပြုလုပ်ခဲ့ရာ လူဦး‌ရေ ၆၀၀‌ကျော် ပူး‌ပေါင်းပါဝင် သည်ဟု သိရသည်။

ယင်းဆု‌တောင်းပွဲတွင် ထိုင်းဘက်ခြမ်းရှိ ‌ကျေးရွာ ၄ဝနှင့် ကရင်ပြည်နယ်ဘက်ရှိ ‌ကျေးရွာ ၂၁ရွာမှ ရွာသူရွာသားများက သံလွင် မြစ်ကမ်းနံ‌ဘေးရှိ အီတိုးထာ့ပြည်တွင်းဒုက္ခစခန်းတွင် စုစည်းကာ ဖ‌ယောင်းတိုင်မီးများ ကိုယ်စီထွန်းညှိပြီး မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆု‌တောင်း‌မေတ္တာပို့ရင်း ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည်ဟု ကရင်မြစ်‌ချောင်းများ ‌စောင့်ကြည့်‌ရေးအဖွဲ့ (‌ကေအာ ရ်ဒဗလျူ)မှ ‌နော်‌ဖော‌ဂေခူက ‌ပြောသည်။

“သံလွင်မြစ်ကမ်း တဖက်တချက်က ထိုင်းနဲ့ မြန်မာဘက်ကမ်း ရွာ‌တွေက ရွာသူရွာသား ၆၀၀‌ကျော်က အီတိုးထာ့စခန်း‌နေရာမှာ ‌ရေကာတာ ဆန့်ကျင်‌ရေး ဆု‌တောင်းပွဲပြုလုပ်ကြတယ်။ ဒီနှစ်လုပ်တဲ့ ဆု‌တောင်းပွဲမှာ ပူး‌ပေါင်းပါဝင်တဲ့သူ‌တွေက အရင်နှစ် ထက် ပိုများတယ်”ဟု သူမက ဆိုသည်။

ဆု‌တောင်းပွဲ ပြုလုပ်ကြသည့် ‌ဒေသခံများသည် သံလွင်မြစ်ရိုးတ‌လျှောက်တွင် ‌တောင်ယာစပါး၊ လယ်စပါး စိုက်ပျိုးခြင်း၊ ကွမ်းခြံ များဖြင့် အသက်‌မွေးကြသည့်အပြင် အမဲလိုက်၊ ငါးဖမ်းလုပ်ငန်းများပါ လုပ်ကိုင်‌နေရသည့်အတွက် ‌ရေကာတာပြီးစီးသွားပါက ၎င်းတို့အတွက် ဒုက္ခပို‌ရောက်နိုင်‌ကြောင်း ရွာသားတဦးက ‌ပြောသည်။

သံလွင်မြစ်ကို အ‌ခြေခံကာ တည်‌ဆောက်မည့် ဟတ်ကြီး‌ရေကာတာ ပြီးစီးသွားပါက ‌ဒေသခံလူထုအတွက် အကျိုးသက်‌ရောက် မှု မရှိသည့်အပြင် လက်ရှိအချိန်တွင် ဒုက္ခမျိုးစုံ ရင်ဆိုင်‌နေရသည်ဟုလည်း ‌နော်‌ဖော‌ဂေခူက ယခုလို ဆက်လက် ‌ပြောဆို သည်။

သူမက “ဒီ‌ရေကာတာ‌တွေဟာ လူထုအတွက် ဘာမှအကျိုးမရှိတဲ့အပြင် လူထုရဲ့ လယ်ယာ၊ ကွမ်းခြံ‌တွေပါ ဆုံးရှုံးရတယ်။ ‌ကျေးရွာ‌တွေလည်း ‌ပြောင်း‌ရွှေ့‌နေထိုင်ရ‌တော့ ဆင်းရဲဒုက္ခနဲ့ ပိုကြုံရတယ်။ ဒါ‌ကြောင့် ဘာမှ‌ကောင်းကျိုးမ‌ပေးတဲ့ ဒီ‌ရေကာတာ ‌တွေကို မလိုလား‌ကြောင်း ရွာသား‌တွေက သူတို့ဆန္ဒကို အခုလို ထုတ်‌ဖော်ပြီး ဆု‌တောင်းကြတာပဲ ဖြစ်တယ်”ဟု ‌ပြောသည်။

သံလွင်မြစ်အတွင်း ‌ရေကာတာတည်‌ဆောက်ရန်အတွက် လွန်ခဲ့သည့် ၂၀၀၅ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရ တို့ နှစ်နိုင်ငံ သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြပြီး ဖြစ်သည်။