Home သတင်း ‌ကျောက်နဂါး ‌ရေကာတာ‌ကြောင့် ရွာ ၂၀‌ကျော်နှင့် ဥယျာဉ်ခြံ ရာနှင့်ချီ ‌ရေလွှမ်းမိုးခံရ

‌ကျောက်နဂါး ‌ရေကာတာ‌ကြောင့် ရွာ ၂၀‌ကျော်နှင့် ဥယျာဉ်ခြံ ရာနှင့်ချီ ‌ရေလွှမ်းမိုးခံရ

2147
မတ်လ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပဲခူးတိုင်းအ‌ရှေ့ဘက်ခြမ်း ‌ညောင်‌လေးပိုင်ခရိုင် ‌ရွှေကျင်မြို့နယ်တွင် စစ်အစိုးရပိုင်ကုမ္ပဏီများက ‌ကျောက်နဂါး ‌ရေကာတာ ‌ဆောက်လုပ်မှု‌ကြောင့် ‌ရွှေကျင်‌ချောင်းအနီးတဝိုက်ရှိ ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော်နှင့် ဥယျာဉ်ခြံ‌ပေါင်း ၆၀၀‌ကျော် ‌ရေလွှမ်းမိုးခံ‌နေရ သည်ဟု သိရသည်။

အဆိုပါ ‌ရေကာတာမှာ ‌ရွှေကျင်‌ချောင်းကို အမှီပြုထားခြင်းဖြစ်ပြီး အဆိုပါ ‌ချောင်းတဝိုက်ရှိ လယ့်ဝါး၊ ထီးဆဲထာ့၊ လယ့်‌ပေါ့်ချာ့၊ လယ့်ထာကွီး၊ က‌ဆောဝါးကွီး၊ ဒူး‌သော၊ မယ့်‌လော်လာ၊ ညာ့လူ့ကွီး၊ ကဲဟဲခို့၊ တ‌နေးထာ့၊ စူးမူ့ထာ့၊ ပိုလူး၊ ထီး‌ကေးထာ့ စသည့် ရွာများမှ လူ‌နေအိမ်များနှင့် ‌ရှောက်ခြံ‌ပေါင်း ၆၀၀‌ကျော် ‌ရေလွှမ်းမိုးခံရပြီး ရွာသားများမှာ ‌ဘေးလွတ်ရာသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ခဲ့ ရသည်ဟု ကိုယ်တိုင်မြင်‌တွေ့ခဲ့ရသူ ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့(‌ကေအာရ်ဒဗလျူ)မှ အဖွဲ့ဝင်တဦးက ‌ပြော သည်။

သူမက “‌လော‌လောဆယ်‌တော့ ‌ရေက တဖြည်းဖြည်း တက်လာပြီး အခု အဲဒီ‌ဒေသက ရွာ‌ပေါင်း ၂၃ရွာ၊ ‌ရှောက်ခြံ‌ပေါင်း ၆၀ဝ ‌ကျော် ‌ရေဖုံးလွှမ်းခံရ‌နေပြီ။ တချို့ရွာက ရွာသား‌တွေဟာ ‌မြေပြန့်ဘက်ကို ‌ပြောင်း‌ရွှေ့သွားသလို တချို့က‌တော့ ‌တောင်‌ပေါ်ကို ‌ပြောင်း‌ရွှေ့‌နေထိုင်ကြတယ်။ ‌ရှောက်ခြံ‌တွေက‌တော့ ဘာမှ လုပ်စားလို့မရ‌တော့ဘူး‌ပေါ့”ဟု ‌ပြောသည်။

‌ရေအားလျှပ်စစ် (၇၅)မဂ္ဂါဝပ် ထုတ်လုပ်မည့် ‌ကျောက်နဂါး‌ရေကာတာသည် အမြင့် ၁၈၅‌ပေ၊ အနံ ၃၆၀‌ပေနှင့် ဧရိယာ စတု ရန်းမိုင် ၄၄ ပတ်လည်ရှိပြီး ‌ရွှေကျင်‌ချောင်းတွင် ၂၀၀ဝခုနှစ်ကတည်းက စတင် အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်ခဲ့သည့် ‌ကျောက်နဂါး‌ရေကာတာကို ယခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ်‌တော့မည်ဟု စစ်အစိုးရက ထုတ်ပြန်‌ကြေညာခဲ့‌ကြောင်း သိရသည်။

ထို‌ဒေသရှိ ရွာသားအများစုသည် ‌ရှောက်ခြံကို မှီခိုအားထားကာ အသက်‌မွေးဝမ်း‌ကျောင်းပြုကြသူများ ဖြစ်‌သော‌ကြောင့် ယင်း သို့ ဥယျာဉ်ခြံ ‌မြောက်များစွာ ဆုံးရှုံးခဲ့ပြီး မည်သည့်‌လျော်‌ကြေးမှ မရရှိသည့်အ‌ပေါ် လက်ရှိအချိန်တွင် ဘဝရပ်တည်‌ရေးအ တွက် အခက်ကြုံ‌နေကြရသည်ဟု ‌ကော်သူး‌လေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ‌စော‌ဒေါ့‌လေးမူက ‌ပြောသည်။

“တန်ရာတန်‌ကြေး တစုံတရာ မ‌ပေးဘဲ ဒီလို ‌ရှောက်ခြံ‌တွေ အများကြီး တခါတည်း ပျက်စီးဆုံးရှုံးခံရ‌တော့ ‌ရှောက်ခြံနဲ့ အဓိက အသက်‌မွေးဝမ်း‌ကျောင်းပြုကြတဲ့ ရွာသား‌တွေအတွက် ‌တော်‌တော်‌လေး အထိနာတယ်‌ပေါ့‌နော်။ စစ်အစိုးရအ‌နေနဲ့ ‌ပြောင်း‌ရွှေ့ ခံရတဲ့ ရွာသား‌တွေအတွက် နစ်နာ‌ကြေး‌တော့ နည်းနည်းပါးပါး ‌ပေးသင့်ပါတယ်။ အခုဟာက ဘာမှမ‌ပေး‌တော့ အခြား‌နေရာကို ‌ပြောင်း‌ရွှေ့ရတဲ့ ရွာသား‌တွေလည်း အခက်အခဲ‌တွေ အများကြီး‌တွေ့‌နေရတယ်”ဟု ဆိုသည်။

‌ကျောက်နဂါး‌ရေကာတာကို စစ်အစိုးရပိုင် ကုမ္ပဏီများနှင့် အကျိုးတူ စီးပွား‌ရေးသမားများက တာဝန်ယူ‌ဆောက်လုပ်ခြင်းဖြစ်ပြီး ယခင်က တရုတ်နှင့် ဂျပန်နိုင်ငံမှ ‌ရေကာတာ‌ဆောက်လုပ်‌ရေး ပညာရှင်များ လာ‌ရောက်ကြည့်ရှုခဲ့‌သော်လည်း ပထဝီအ‌နေအ ထားနှင့် ‌မြေသားတည်‌ဆောက်မှု အ‌ခြေအ‌နေ‌ကြောင့် ၎င်းပညာရှင်များ တာဝန်ယူ ‌ဆောက်လုပ်ခြင်း မရှိခဲ့‌ပေ။

အလားတူ ‌ရွှေကျင်နှင့် ‌ကျောက်ကြီးမြို့နယ်ကို ဖြတ်သန်း‌နေသည့် ‌ဘောကထာ့‌ချောင်းကို အမှီပြု၍ ‌ရေကာတာတခု ထပ်မံ ‌ဆောက်လုပ်ရန်အတွက် နအဖစစ်အစိုးရပိုင် ကုမ္ပဏီများက စတင်လုပ်‌ဆောင်လျှက်ရှိသည့်အပြင် သံလွင်မြစ်ကို အမှီပြုမည့် ဟတ်ကြီး‌ရေကာတာကိုလည်း ဆက်လက်‌ဆောက်လုပ်သွားမည်ဟု ထိုင်းစွမ်းအင်ဝန်ကြီးဌာနမှ ယခင်လက သတင်းထုတ်ပြန် ခဲ့သည်။

ကရင်ပြည်နယ်တွင် ဟတ်ကြီး၊ ဝဲကြီး၊ ဒါးခွင်၊ ‌ကျောက်နဂါးနှင့် ‌ဘောကထာ့ ‌ရေကာတာ (၅)ခု ‌ဆောက်လုပ်ရန် စစ်အစိုးရ ကုမ္ပဏီများက လျာထားခဲ့‌သော်လည်း လက်ရှိအချိန်တွင် ‌ကျောက်နဂါး‌ရေကာတာ တခုတည်းသာ တည်‌ဆောက်ပြီးစီးခဲ့သည်။