Home ထိပ်တန်းသတင်း ဥယျာဉ်ခြံ ဧက (၂၀)‌ကျော် မီးရှို့ဖျက်ဆီးခံရ

ဥယျာဉ်ခြံ ဧက (၂၀)‌ကျော် မီးရှို့ဖျက်ဆီးခံရ

1728
မတ်လ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ နအဖ လှုပ်ရှားတပ်ဖွဲ့ဝင်များသည် မတ်လဆန်းပိုင်းမှစ၍ တိပ်ပု‌ကျေးရွာအုပ်စုမှ ဥယျာဉ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုဆိုလျှင် ဧက (၂၀)‌ကျော်ရှိပြီဟု ‌ဒေသခံရွာသားတဦးက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

ဥယျာဉ်ခြံများ မီးရှို့ဖျက်ဆီး‌နေရသည့် ‌ကျေးရွာများမှာ တိပ်ပု(ဖ‌လေးဆာလို)၊ ပါတာလား‌မြောင်(တာဘာခီး)၊ ‌မျောက်‌ချောင်း (ယယ်လို)၊ ဟန်သို(က‌လော‌ဘောဒဲ)၊ ဘီဘဲ(‌ပေါ်ဖာ့)၊ ကန်ဘဲ့‌မြောင်(‌လေးဝန်လို)၊ ‌ရေတံခွန်(ဘ‌လောမီးဒဲ) စသည့် ‌ကျေး ရွာများဖြစ်သည်ဟု သိရသည်။

တိပ်ပု‌ကျေးရွာအုပ်စု၌ လှုပ်ရှား‌နေသည့် နအဖ စစ်ကွပ်ကဲ‌ရေး ဌာနချုပ် (စကခ)(၇)လက်‌အောက်ခံ ခလရ (၂၆၁) တပ်ရင်း သည် ပြီးခဲ့သည့် မတ်လ ၄ရက်တွင် တိပ်ပုရွာအနီး ခလိုး‌ဒေါခိုလူရွာ လူ‌နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများ၏ ဥယျာဉ်ခြံများကိုလည်း ထို‌နေ့၌ပင် စတင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်‌ကြောင်း အဆိုပါရွာသားက ယခုလို ‌ပြောသည်။

“မီးရှို့ဖျက်ဆီးခံရတဲ့ ဥယျာဉ်ခြံ‌တွေက‌တော့ ကွမ်းပင်၊ ကွမ်းရွက်ခြံ၊ ဖာလာခြံ၊ ဖက်ခြံ၊ ဒူးရင်းခြံ၊ ဓညှင်းခြံနဲ့ အခြားသစ်သီးခြံ စတာ‌တွေပဲ ဖြစ်တယ်။ ဒီခြံ‌တွေ ဖျက်ဆီးတဲ့အခါကျ‌တော့ ရွာသား‌တွေအတွက် စားစရာနဲ့ အသက်‌မွေးဝမ်း‌ကျောင်းအတွက် ‌တော်‌တော်ထိခိုက်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ရွာသား‌တွေဟာ သူတို့ခြံထဲကထွက်တဲ့ အသီးအရွက်‌တွေကို ‌ရောင်းပြီး ဝင်‌ငွေရှာကြတယ်‌လေ။ ‌နောက်ပြီး အိမ်‌မွေးတိရိစ ္ဆာန်‌တွေကိုလည်း ပစ်ခတ်စား‌သောက်တယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ နအဖ တပ်ဖွဲ့သည် လဆန်းပိုင်းက အိမ်သုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆား၊ ဆီ၊ ငါးပိတို့ကို ယူ‌ဆောင်သွားခြင်း၊ အဝတ်အစားများကို မီးရှို့ခဲ့သည့်အပြင် ‌တွေ့သမျှ ရွာသားများ၏ စပါးကျီများကိုလည်း မီး ရှို့ပစ်ခဲ့ရာ ယခုလို လုပ်‌ဆောင်မှုကို ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ ပြုလုပ်လျှက်ရှိသည်။

၎င်း‌ဒေသတွင် နအဖ စကခ (၇)လက်‌အောက်ခံ ခလရ(၂၆၁)၊ ခမရ(၄၂၁)၊ ခမရ(၄၂၇) တပ်ရင်းများနှင့် ‌ကေအဲန်ယူ တပ် မဟာ (၂)လက်‌အောက်ခံ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၆)၊ တပ်မဟာ စစ်ဆင်‌ရေးတပ်ဖွဲ့တို့ ပုံမှန်လှုပ်ရှားလျှက်ရှိသည်။