Home သတင်း ဆစ်ဒနီတွင် ကရင့်‌နေ့ထူး(၃)ခု စု‌ပေါင်းကျင်းပခဲ့

ဆစ်ဒနီတွင် ကရင့်‌နေ့ထူး(၃)ခု စု‌ပေါင်းကျင်းပခဲ့

1807
‌ဖေ‌ဖော်ဝါရီလ ၇ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ကရင်‌နေ့ထူး‌နေ့မြတ် သုံးခုကို အထိမ်းအမှတ် အခမ်းအနားအဖြစ် ဩစ‌တြေးလျား‌ရောက် ကရင်တိုင်းရင်းသားများက ဆစ်ဒနီ မြို့ Villawood, Senior Citizen’s Hall ၌ ယမန်‌နေ့ ည‌နေတွင် ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ်‌ပေါင်း ၂၅၀‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

ဇန်နဝါရီ ၃၁ရက်တွင် ကျ‌ရောက်ခဲ့သည့် ၆၁ကြိမ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့၊ ‌ဖေ‌ဖော်ဝါရီ ၅ရက်တွင် ကျ‌ရောက် သည့် ၆၃ကြိမ်‌မြောက် ကရင်အမျိုးသားအစည်းအရုံး‌နေ့နှင့် ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့ များအတွက် ရည်ရွယ်၍ အများစု ရုံးပိတ်ရက်ဖြစ်သည့် ယမန်‌နေ့က ည‌နေ ၃နာရီမှ ည ၇နာရီအထိ စု‌ပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ‌နေ့ထူးသုံးမျိုး အခမ်းအနားသို့ ဩစ‌တြေးလျား‌ရောက် ကရင်လူမျိုးများအပြင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (လွတ် ‌မြောက်နယ်‌မြေ) ကိုယ်စားလှယ်များ၊ ဘားမားကမ်ပိန်းဆစ်ဒနီ ကိုယ်စားလှယ်များ၊ ၈၈ ‌ကျောင်းသားအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင် ရာ‌ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ဩစ‌တြေးလျ)၊ ဗမာလူမျိုးစုလူမှု‌ရေးအဖွဲ့(ဆစ်ဒနီ)၊ မြန်မာလူငယ်များအဖွဲ့ချုပ်(ဩ စ‌တြေးလျား)၊ မြန်မာလူမျိုးစု မြန်မာအသံတို့ တက်‌ရောက်ခဲ့ကြသည်ဟုသိရသည်။

ထိုအခမ်းအနားတွင် ကရင်လူမျိုးတို့၏ အမျိုးသား‌ရေး၊ ကရင့်နိုင်ငံ‌ရေး မြစ်ဖျားခံလာချိန်မှစ၍ KNU ‌နေ့ ဖြစ်‌ပေါ်လာပုံနှင့် ကရင့်သမိုင်း‌ကြောင်း အကျဉ်းကို ဩစ‌တြေးလျားနိုင်ငံ‌ရောက် KNU ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ‌စောဝင်းမင်းက တက် ‌ရောက်လာကြ‌သော လူထုပရိတ်သတ်ကို ယခုလို ‌ပြောကြားခဲ့သည်။

“အခု မြန်မာနိုင်ငံလို့‌ခေါ်တဲ့ နိုင်ငံထဲကို ဘီစီ (၇၃၉)ကတည်းက ကရင်‌တွေ အ‌စောဆုံး ဝင်‌ရောက်လာကြတယ်။ ‌ခေတ်အ ဆက်ဆက်မှာ သူတပါး အနိုင်ကျင့်တာကို အမြဲခံခဲ့ရတယ်။ အုပ်စိုးသူ‌တွေဟာ ကရင်လူမျိုး‌တွေ ထူးချွန်ထက်မြက်သွားမှာ စိုး တဲ့အတွက် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေးနဲ့ စီးပွား‌ရေး စတဲ့ ဖိနှိပ်တာကို ခံခဲ့ကြရတယ်။ ဒါ‌ကြောင့်မို့ ကရင်‌တွေ နိုင်ငံ‌ရေးအ မြင်ရှိဖို့ ကြိုးစားသင့်တယ်။ ‌နောက်ပြီး‌တော့ နယ်စပ်ဒုက္ခသည်စခန်း‌တွေက ‌ရောက်လာတဲ့ကရင်‌တွေကလည်း အားနည်းချက်၊ အားသာချက်‌တွေကို နင်ဘဲငါဆ လိုက်‌ပြော‌နေကြမဲ့အစား အမှားအယွင်း‌တွေကို စု‌ပေါင်းပြင်ဆင်ကြဖို့လိုတယ်။ ကရင်‌တွေ စည်းလုံးညီညွတ်မှုရှိမှ ရန်သူကို ပြိုင်တူဖြိုခွင်းနိုင်မယ်”ဟု ‌စောဝင်းမင်းက ‌ပြောကြားခဲ့သည်။

ဩစ‌တြေးလျား‌ရောက် ‌စောဝင်းမင်းမှ ဂုဏ်ပြုစကား ‌ပြောကြား‌နေစဉ်
ဩစ‌တြေးလျား‌ရောက် ‌စောဝင်းမင်းမှ ဂုဏ်ပြုစကား ‌ပြောကြား‌နေစဉ်

KWO(ဩစ‌တြေးလျဌာနခွဲ)ဥက္ကဌ နန်းမိုးမိုးက “ကျမတို့ ကရင်လူမျိုး‌တွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှု‌အောက်က တွန်းလှန်တိုက်ပွဲ ဝင်ခဲ့ကြတယ်။ ‌ခေါင်း‌ဆောင်ကြီး‌တွေချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း တ‌သွေမတိမ်း ‌လျှောက်လှမ်း‌နေကြတယ်။ ယ‌နေ့လူငယ် ‌တွေဟာ စိတ်ဓါတ်မကျဘဲ ဒီတာဝန်‌တွေ ဆက်လက်ထမ်း‌ဆောင်သွားရင် ပန်းတိုင်ကို တ‌နေ့ ‌ရောက်ရမှာ မလွဲပါဘူး”ဟု အား ‌ပေးစကား ‌ပြောဆိုခဲ့သည်။

“ဒီလိုကရင့် ‌နေ့ထူး‌နေ့မြတ်သုံးခုကို စုစည်းကျင်းပတဲ့ပွဲကို ဆင်နွဲခွင့်ရလို့ အရမ်း ဝမ်းသာမိတယ်။ ‌ရှေ့တန်းမှာ ကိုယ်ကျိုးစွန့် ပြီး ဒီ‌နေ့ထိတိုင် ဆက်လက်တိုက်ပွဲဝင်‌နေတဲ့ ကရင်ရဲ‌ဘော် ညီအစ်ကို‌တွေကလည်း ပြည်ပ‌ရောက်ကရင်‌တွေ ကိုယ့်လူမျိုးရဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေကို မ‌မေ့ဘဲ ကျင်းပ‌ပေးတာသိရင် စိတ်ဓာတ်ခွန်အား‌တွေ နိုးကြားလာနိုင်မယ်‌လေ”ဟု ပွဲတက်‌ရောက်ခဲ့သူ ‌စောဝီလျံက ဆိုသည်။

အခမ်းအနားတွင် ရန်ပုံ‌ငွေအဖြစ် အစားအစာများ ‌ရောင်းချသည့်အပြင် ကရင်လူငယ်များက ‌တော်လှန်‌ရေး၊ အမျိုးသား‌ရေး သီချင်းများနှင့် ရိုးရာဒုံးအကများဖြင့် ‌ဖျော်‌ဖြေခဲ့ကြပြီး ယခုလို ကရင်‌နေ့ထူး‌နေ့မြတ်ပွဲ ၂၀၀၅ခုနှစ်ကတည်းက ကျင်းပခဲ့ကြ သည်မှာ ယခုဆိုလျှင် ငါးကြိမ် ‌မြောက်ဖြစ်သည်။