Home သတင်း မတူကွဲပြားမှုများ ‌ပေါင်းစည်းရန်‌မွေး‌နေ့တွင် ‌ဒေါက်တာစင်သီယာ‌မောင် တိုက်တွန်း

မတူကွဲပြားမှုများ ‌ပေါင်းစည်းရန်‌မွေး‌နေ့တွင် ‌ဒေါက်တာစင်သီယာ‌မောင် တိုက်တွန်း

2129
ဒီဇင်ဘာလ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မတူညီကွဲပြားသည့် တိုင်းရင်းသားလူမျိုးနှင့် ဓ‌လေ့ရိုးရာခြားနားမှုများကို ပြန်လည်‌ပေါင်းစည်းကြဖို့ အားလုံးပါဝင်ပူး‌ပေါင်း ‌ဆောင်ရွက်ရန် ဆရာမ ‌ဒေါက်တာစင်သီယာ‌မောင်က ယမန်‌နေ့ ကျ‌ရောက်သည့် သူမ၏ ၅ဝပြည့်နှစ်‌မြောက် ‌မွေး‌နေ့တွင် တိုက်တွန်း‌ပြောကြားလိုက်သည်။

“ကျမတို့ မြန်မာပြည် တိုင်းရင်းသားလူမျိုးစု‌တွေ ပြန်လည်စုစည်းမှု တည်‌ဆောက်တဲ့အပိုင်းမှာ အများကြီး လိုပါ‌သေးတယ်။ ဒါ ‌ကြောင့် ကျမတို့ တဦးချင်းစီရဲ့ အရည်အ‌သွေး‌တွေ တိုးမြှင့်‌အောင် ‌ဆောင်ရွက်ရင်းနဲ့ အစုအဖွဲ့တခုနဲ့တခု အပြန်အလှန် ပူး ‌ပေါင်း‌ဆောင်ရွက်မယ့် လမ်း‌ကြောင်း‌တွေကို ဆက်လက်ရှာပြီး‌တော့ ကျမတို့နိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးနဲ့ ဒီမိုက‌ရေစီဖွံ့ဖြိုး‌ရေးအ တွက် အားလုံး ပါဝင်‌စေချင်တယ်”ဟု ‌ဒေါက်တာစင်သီယာ‌မောင်က ‌ပြောသည်။

ဆက်လက်၍ သူမက မြန်မာပြည်‌ဒေသအသီးသီးမှ လူမှုလုပ်ငန်းများ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ၊ တချိန် တည်းမှာပင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာ မိသားစုများနှင့်လည်း ဆက်ဆံခွင့် ရခဲ့သည့်အ ‌ပေါ် စုစည်းမှုသည် လာမည့်အနာဂတ်အတွက် ခွန်အားများ ဖြစ်‌စေနိုင်မည်ဟု ယုံကြည်‌ကြောင်း ‌ပြောဆိုသည်။

အဆိုပါ ‌မွေး‌နေ့အခမ်းအနား တက်‌ရောက်ခဲ့သူ ‌စောလွီးစီကလည်း “ဒီလို ဆရာမကြီးရဲ့ ‌မွေး‌နေ့အခါသမယမှာ ကျ‌နော်တို့ ဆင်နွဲရတဲ့အတွက် အင်မတန် ဂုဏ်ယူပါတယ်။ အရမ်းလည်း ‌ပျော်တယ်။ ဆရာမကြီး သက်ရာ‌ကျော်ရှည်ပါ‌စေ။ ဆရာမကြီး ‌ရှေ့ဆက်လုပ်မယ့် လုပ်ငန်း‌တွေလည်း ‌အောင်မြင်ပါ‌စေလို့ ကျ‌နော် ဆု‌တောင်းပါတယ်”ဟု ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်အား ဂုဏ်ပြုသည့်အ‌နေဖြင့် ‌မွေး‌နေ့ မနက်ပိုင်းအခမ်းအနားအပြီးတွင် ဖ‌ယောင်းတိုင်မီးထွန်း ဆု ‌တောင်းခြင်း၊ ဖဲကြိုးဖြတ် မိုးပျံပူ‌ပေါင်းလွှတ်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ ကရင်ရိုးရာ ဒုံးယိမ်းအကနှင့် မူကြိုက‌လေးများအကဖြင့် ‌ဖျော်‌ဖြေခဲ့ကြသည်။ ည‌နေပိုင်းတွင် ကချင်၊ ကယား၊ ပ‌လောင်၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားအကများအပြင် လူရွှင်‌တော် ‌ဂေါ်ဇီလာ ဦး‌ဆောင်သည့် သီး‌လေးသီး ‌ဆေး‌ရောင်စုံအဖွဲ့က တင်ဆက်‌ဖျော်‌ဖြေခဲ့သည်။

ဆရာမကြီး၏ ၅ဝနှစ်‌မြောက်‌မွေး‌နေ့ကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံ အ‌ခြေစိုက် လူမှုအဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များနှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ အပါအဝင် ပရိဿတ်‌ပေါင်း ၂,၀၀ဝခန့် တက်‌ရောက်အား‌ပေးခဲ့ကြသည်။

ရီမန်မက်‌စေး‌စေးဆု အပါအဝင် နိုင်ငံတကာမှ ချီးမြှင့်သည့်ဆု‌ပေါင်း (၂၀)ခန့် ရရှိထားသူ ‌ဒေါက်တာစင်သီယာ‌မောင်သည် ၁၉၈၉ခုနှစ်မှစ၍ မယ်‌တော်‌ဆေးခန်းကို စတင် တည်‌ထောင်ခဲ့များထဲတွင် တဦးအပါအဝင်ဖြစ်ပြီး ထိုင်းနိုင်ငံ‌ရောက် ‌ရွှေ့ ‌ပြောင်းမြန်မာအလုပ်သမားများ၊ နယ်စပ်‌ဒေသနှင့် ပြည်တွင်းမှ မြန်မာပြည်သူများကို အခမဲ့ ‌ဆေးကုသမှု‌ပေးခြင်း၊ တိုင်းရင်း သား‌ဒေသများ၌လည်း ကျန်းမာ‌ရေး၊ ပညာ‌ရေး ကူညီ‌စောင့်‌ရှောက်မှု လုပ်ငန်းများနှင့် မျိုးဆက်သစ်လူငယ်များ ပညာသင် ကြားနိုင်‌ရေးအတွက် အခမဲ့စာသင်‌ကျောင်းများ ဖွင့်လှစ်‌ပေးခြင်းများကို ‌ဆောင်ရွက်လျှက်ရှိသည်။