Home သတင်း အိုင်ဒီပီ‌ဒေသတွင် ကူးစက်‌ရောဂါပြန့်နှံ့ဖြစ်ပွားရာ က‌လေးတဦး‌သေဆုံး

အိုင်ဒီပီ‌ဒေသတွင် ကူးစက်‌ရောဂါပြန့်နှံ့ဖြစ်ပွားရာ က‌လေးတဦး‌သေဆုံး

1857
‌အောက်တိုဘာ ၈။ နန်းထူးစံ (‌ကေအိုင်စီ)

ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်တွင် ဖြစ်ပွားလျှက်ရှိ‌သော ကူးစက်‌ရောဂါသည် ယခုရက်ပိုင်းအတွင်း ထို‌ဒေသအတွင်းရှိ ပြည် တွင်းဒုက္ခသည်များ ‌နေထိုင်ရာ တယ်သိုးပ‌လောနှင့် တယ်သိုးထာ့‌ဒေသများတွင် ထပ်မံကူးစက်ပြန့်နှံ့သွားပြီး ‌ရောဂါကူးစက်ခံရ သူများထဲမှ က‌လေးငယ်တဦး ‌သေဆုံးသွားသည်ဟု ‌ဒေသခံ ‌ဆေးဝန်ထမ်းများ၏ သတင်း‌ပေးချက်အရ သိရသည်။

“ဒီ‌ဒေသမှာ လွန်ခဲ့တဲ့အပတ်က ‌ရောဂါစဖြစ်တာလို့ သိရတယ်။ အဲဒီ တယ်သိုးပ‌လော၊ တယ်သိုးထာ့ဆိုတာက ပြည်တွင်းဒုက္ခ သည်(အိုင်ဒီပီ)‌တွေ စုစည်း‌နေထိုင်တဲ့ ‌ဒေသဖြစ်တယ်။ အခုရက်ပိုင်းမှာ ‌ရောဂါကူးစက်ခံရသူ‌ပေါင်း (၁၈၀)‌ကျော်‌လောက် ရှိ‌နေ တယ်။ အဲဒီထဲက လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်မှာ တယ်သိုးထာ့‌ဒေသက (၇)နှစ်အရွယ် က‌လေးငယ်တ‌ယောက် ‌သေဆုံးသွား တယ်လို့ ကျ‌နော်တို့ သိရတယ်ခင်ဗျ”ဟု ဖာပွန်ခရိုင် ကျန်းမာ‌ရေးမှူး ဆရာ‌စောဝင်း‌ကျော်က ‌ကေအိုင်စီကို ‌ပြောသွားသည်။

ဆက်လက်၍ သူက “‌ရောဂါဖြစ်ပွားတဲ့ လက္ခဏာက ‌သေးမူဒဲ၊ တာအိုထာ့မှာ ဖြစ်တဲ့‌ရောဂါနဲ့ အတူတူပဲ။ ‌သေးမူဒဲ‌ကျေးနယ် ဘက်မှာ ‌တော့ ‌ရောဂါအ‌ခြေအ‌နေ နည်းနည်းသက်သာလာပါပြီ။ ဒါ‌ပေမယ့် အနည်းအကျဉ်း ဖြစ်‌သေးတယ်။ ဒီအ‌တောအတွင်း ကျ‌နော်တို့ ထိန်းထားတဲ့ကြားက အဲဒီတယ်သိုးပ‌လော၊ တယ်သိုးထာ့ဘက်မှာ ‌ရောဂါထပ်ဖြစ်တာ။ ကျ‌နော်တို့အခု အဲဒီမှာ ဆင်းပြီး‌တော့ ကုသမှု၊ ကာကွယ်မှု၊ ပညာ‌ပေးမှု‌တွေ လုပ်ဖို့ စီစဉ်‌နေတယ်”ဟု ‌ပြောဆိုသွားသည်။

လွန်ခဲ့သည့် စက်တင်ဘာလလယ်ခန့်က စတင်ဖြစ်ပွား‌နေသည့် ထိုကူးစက်‌ရောဂါမှာ တုပ်‌ကွေးအမျိုးအစားဖြစ်သည်ဟု ကျန်း မာ‌ရေးဝန်ထမ်းများက ခန့်မှန်းခဲ့ကြသည်။ သို့‌သော် ကူးစက်ပြန့်နှံ့မှု မြန်ဆန်သည့်အတွက် ‌ဒေသခံ ကျန်းမာ‌ရေးဝန်ထမ်းများက စိုးရိမ်မှုများဖြစ်လာပြီး တိကျသည့်‌ရောဂါ အမျိုးအစား သိရှိနိုင်‌အောင် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့မှ လူနာ (၅)ဦး၏ သလိပ်ကို ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဆေးရုံကြီးတွင် ပို့‌ဆောင်စစ်‌ဆေးထားပြီးဖြစ်‌သော်လည်း ‌ဆေးစစ်ချက်အ‌ဖြေ ကို မသိရှိရ‌သေး‌ပေ။

လက်ရှိအချိန်တွင် ဖာပွန်ခရိုင်အတွင်း လူနာ ၇၀၀ဝန်းကျင်ခန့် အဆိုပါ‌ရောဂါကူးစက်ခံ‌နေရပြီး ယခု ကူးစက်မှု ထပ်မံဖြစ်ပွားရာ ပြည်တွင်းဒုက္ခသည်များ ‌နေထိုင်ရာ‌ဒေသမှာ ထို‌ရောဂါ စတင်ဖြစ်ပွားသည့် ‌သေးမူဒဲ‌ကျေးနယ်၏ အ‌နောက်‌မြောက်ဘက်တွင် တည်ရှိပြီး ‌ကျေးရွာ‌ပေါင်း(၂၁)ရွာခန့်တွင် ရွာသူရွာသား‌ပေါင်း (၁၇၀၀)‌ကျော်ရှိသည်ဟု သိရသည်။