Home သတင်း အိုင်ဒီပီ ရန်ပုံ‌ငွေရှာ‌ဖွေပွဲ ကျင်းပပြီးစီး

အိုင်ဒီပီ ရန်ပုံ‌ငွေရှာ‌ဖွေပွဲ ကျင်းပပြီးစီး

1697
‌အောက်တိုဘာလ ၁၁ရက်။ ‌စော‌ကျော်ခွိ (‌ကေအိုင်စီ)

ကရင်စစ်‌ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးနိုင်‌ရေးအတွက် ရန်ပုံ‌ငွေရှာပွဲတခုကို ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ (Villawood Senior Citizenship Hall)၌ ‌အောက်တိုဘာလ ၁ဝရက်‌နေ့၊ မွန်းလွဲ ၃နာရီမှ ၇နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြရာ လူထုပရိသတ် ၃၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အိုးအိမ်မဲ့ ရွာပုန်းရွာ‌ရှောင် ပြည်တွင်းဒုက္ခသည်များအ‌ရေး ရန်ပုံ‌ငွေ ရှာ‌ဖွေပွဲကို ဩစ‌တြေးလျား‌ရောက် ကရင်အဖွဲ့အစည်း(‌အေ‌ကေအို)က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာပတိဖြစ်သူ ‌အေ‌ကေအို ဥကဌ ‌စောလွင်ဦးက ယခုလို မိန့် ခွန်း‌ပြောဆိုခဲ့သည်။

“နအဖရဲ့ မျိုးဖြုတ်စစ်ဆင်‌ရေး‌ကြောင့် နယ်စပ်အသီးသီးကို ထွက်‌ပြေး‌နေကြရတဲ့ ကရင်ဒုက္ခသည်ဦး‌ရေဟာ တသန်းထက်မ နည်း ရှိ‌နေပြီး ဆူဒန်နိုင်ငံ၊ ဒါဖားမှာ ဖြစ်‌နေတဲ့ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေနဲ့ နှိုင်းယှဉ်ရင် ကရင်ဒုက္ခသည်‌တွေရဲ့ အ‌ခြေအ ‌နေဟာ အင်မတန်မှ ဆိုးရွား‌နေပါတယ်”ဟု ဆိုသည်။

၎င်းအပြင် သူက “ကျ‌နော်တို့အ‌နေနဲ့ ကုလသမဂကို တင်ပြတိုက်တွန်းချင်တာက လူ့အခွင့်အ‌ရေး‌ကော်မရှင်ဖွဲ့ပြီး နအဖ စစ်အ စိုးရရဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေကို စုံစမ်းစစ်‌ဆေးပြီး နိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို တင်ဖို့ ကြိုးပမ်းသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေနှင့် ကျင်းပသွားမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲရလာဒ်ကို အသိအမှတ်မပြု‌ရေး၊ သုံးပွင့်ဆိုင် ‌စေ့စပ် ‌ဆွေး‌နွေး‌ရေး ဖြစ်‌ပေါ်လာ‌ရေး နအဖကို ပိုမိုဖိအား‌ပေးဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဆက်လက်‌ပြောဆိုသည်။

fund-for-idp0
ဆစ်ဒနီမြို့၌ ကျင်းပသည့် ရန်ပုံ‌ငွေရှာပွဲ (ပုံ-‌စော‌ကျော်ခွိ)

အဆိုပါရန်ပုံ‌ငွေရှာပွဲတွင် အစားအ‌သောက်များ၊ အချိုရည်များ၊ ဗူးသွပ်အစားအစာများ၊ စွပ်ပြုတ်များ ‌ရောင်းချခဲ့ကြပြီး နိုင်ငံခြား ဧည့်သည်များ၊ မဟာမိတ်အဖွဲ့အစည်း ကိုယ်စားပြုကိုယ်စားလှယ်များ၊ အ‌ဝေး‌ရောက်ကရင်အမျိုးသားများ တက်‌ရောက်အား ‌ပေးခဲ့ကြသည်။

ရန်ပုံ‌ငွေပွဲသို့ တက်‌ရောက်လာသည့် ‌စောတာမလာ‌ဂေါက “ဒီပွဲမှာ လူအ‌တော်များများက စိတ်‌ရောကိုယ်ပါ တက်တက်ကြွကြွ လာ ‌ရောက်ပူး‌ပေါင်းလုပ်‌ဆောင်ကြတာကို မြင်‌တော့ အင်မတန်မှ ဝမ်းသာမိပါတယ်”ဟု ‌ပြောဆိုခဲ့သည်။

‌အေ‌ကေအိုအဖွဲ့အ‌နေနှင့် ယခုလို သီးသန့်ရန်ပုံ‌ငွေ ရှာ‌ဖွေပွဲကို ယခုနှစ်အတွင်း နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပရာမှ ရရှိလာသည့် ရန်ပုံ‌ငွေများကိုလည်း ပြည်တွင်းကရင်ဒုက္ခသည်များအတွက် အလျင်းသင့်သလို ကူညီ‌ပေးမှုများရှိ ‌ကြောင်း သိရသည်။