Home သတင်း ထိုင်းစစ်တပ်က ဒုက္ခသည်အသစ်များကို ‌နေရပ်အတင်းပြန်ပို့

ထိုင်းစစ်တပ်က ဒုက္ခသည်အသစ်များကို ‌နေရပ်အတင်းပြန်ပို့

1998
စက်တင်ဘာလ ၁၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ နိုဘိုးဒုက္ခသည်စခန်းသစ်သို့ ယမန်‌နေ့ ‌နေ့လည်ပိုင်းတွင် ထွက်‌ပြေးလာသည့် ကရင်ရွာသား ၁၅ဦးကို ‌ရောက်ရှိပြီး နာရီ ပိုင်းအကြာတွင် ထိုင်းစစ်တပ်က ကားဖြင့် အတင်းအဓမ္မ ‌နေရပ်ပြန်ပို့လိုက်သည်ဟု သိရသည်။

ဖားအံမြို့နယ်အတွင်းရှိ မဲ့တနာ့ခီးရွာမှ မိသားစု (၂)စုနှင့် ပိုင်ကျုံမြို့နယ်၊ တ‌ငေါရွာမှ မိသားစု (၁)စုသည် ဒီ‌ကေဘီ‌အေ၏ ‌ငွေ‌ကြေး ‌ကောက်ခံမှုနှင့် လုပ်အား‌ပေး‌စေခိုင်းခြင်းကို မခံမရပ်နိုင်သည့်အတွက် ထွက်‌ပြေးလာခြင်းဖြစ်ပြီး ထိုအထဲတွင် က‌လေးအများစု ပါဝင် သည်ဟု သိရသည်။ ၎င်းတို့အား ကျိုးအရာ့ ဦး‌ဆောင်သည့် လွဲဟ ထိုင်းစစ်တပ်က မည်သည့်အ‌ကြောင်းပြချက်မှ မရှိဘဲ ယခုလို လာ ‌ရောက်‌ခေါ်‌ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း နိုဘိုးဒုက္ခသည်စခန်းသစ်မှ တာဝန်ရှိသူတဦးက ‌ပြောသည်။

သူက “ဒီလူ‌တွေက တကယ်ဒုက္ခ‌ရောက်ကြတဲ့သူ‌တွေ။ သူတို့ ‌ရောက်လာတာ ခဏ‌လေးပဲ။ ‌နောက် စခန်းထဲကလူ‌တွေနဲ့လည်း သူတို့ တ‌ယောက်မှ မသိကြဘူး။ ကြုံရာအိမ်ပဲ ခွင့်‌တောင်းပြီး အနားယူတယ်။ စခန်းက လူ‌တွေက သူတို့ကို ‌တော်‌တော်သနားကြ တယ်။ သူတို့‌တွေ ထမင်းလည်း မစားရ‌သေးဘူး။ ထမင်းချက်‌ကျွေးမယ်ဆိုပြီး‌တော့ ချက်‌ရော။ ထမင်းအိုးဆူရုံမှာပဲ ထိုင်းစစ်တပ်က ‌ရောက်လာပြီး နင်တို့‌တွေ ဒီမှာ ‌နေခွင့်မ‌ပေးဘူးဆိုပြီး ‌ခေါ်သွား‌တော့တာပဲ”ဟု ‌ပြောသည်။

“ရွာသား‌တွေဟာ ရွာမှာ‌နေ‌တော့လည်း ဒီ‌ကေဘီ‌အေရဲ့ ‌ရော်ဘာခြံက မြက်‌တွေ ‌နေ့တိုင်း ခုတ်ရှင်း‌ပေးရတယ်။ ‌နောက် လတိုင်းလ တိုင်း နှစ်ကြိမ်၊ သုံးကြိမ် ရိက္ခာ‌ကြေး၊ ဘာ‌ကြေးညာ‌ကြေး ‌ပေးရတယ်။ တခါ‌တောင်းရင် မြန်မာ‌ငွေ ‌သောင်းဂဏန်းအထိ ‌ပေးရတယ်။ ဒါကို မ‌ပေးနိုင်‌တော့လို့ ထွက်‌ပြေးလာတယ်လို့ ကျ‌နော်တို့ကို ‌ပြောပြတယ်”ဟု ၎င်းက ဆက်လက်‌ပြောဆိုသည်။

ရွာသားများကို တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ် မဲ့တန်‌ကျေးရွာမှတဆင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်ဟု သိရပြီး ထိုးစစ်တပ်ဘက်မှ ထိုကိစ္စကို ယခုအချိန်ထိ တစုံတရာ ထုတ်‌ဖော်‌ပြောဆိုခဲ့ခြင်း မရှိသည့်အပြင် ပြန်ပို့ခံရသူများ မည်သည့်‌နေရာ ‌ရောက်ရှိ‌နေသည်ကို မသိရ‌သေး‌ပေ။

ယခုနှစ် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်‌ပြေး‌ရောက်ရှိလာကြသည့် ကရင်ရွာသူရွာသား ၅၀၀ဝ နီးပါးကို ထိုင်းအာဏာပိုင်များက ဒုက္ခသည်ကူညီသည့်အဖွဲ့များနှင့် ညှိနှိုင်းကာ မိုးတွင်းကုန်ဆုံးချိန်အထိသာ ထိုင်းနိုင်ငံတွင် လက်ခံ ထားရှိသွားမည်ဖြစ်ပြီး ထပ်မံ‌ရောက်ရှိလာသူများကို လက်မခံနိုင်သဖြင့် ယခုလို ဖမ်းဆီးပြန်ပို့ခြင်းဖြစ်သည်ဟု ဒုက္ခသည်များက ခန့် မှန်း‌ပြောဆို‌နေကြသည်။