Home သတင်း ကမ္ဘာ့ငြိမ်းချမ်း‌ရေး‌နေ့ မဲ‌ဆောက်တွင် လမ်း‌လျှောက်ချီတက်

ကမ္ဘာ့ငြိမ်းချမ်း‌ရေး‌နေ့ မဲ‌ဆောက်တွင် လမ်း‌လျှောက်ချီတက်

2464
စက်တင်ဘာလ ၂၁ ရက်။ ‌ကေအိုင်စီ

ယ‌နေ့ကျ‌ရောက်သည့် ကမ္ဘာ့ငြိမ်းချမ်း‌ရေး‌နေ့တွင် သံဃာ‌တော်များ ဦး‌ဆောင်‌သော လူဦး‌ရေ ၁၀၀‌ကျော်သည် ထိုင်းနိုင် ငံ၊ မဲ‌ဆောက်မြို့ အ‌ဝေး‌ပြေးလမ်းမကြီးမှ ထိုင်း-မြန်မာချစ်ကြည်‌ရေးတံတားအထိ လမ်း‌လျှောက်ချီတက်ခဲ့ကြသည်။

မြန်မာပြည် ငြိမ်းချမ်း‌ရေးနှင့် ဒီမိုက‌ရေစီ‌ရေးအတွက် ရည်ရွယ်၍ ဂျာမဏီနိုင်ငံမှ အရှင်ဦး‌သောဘာဂနှင့် ထိုင်းနိုင်ငံ၊ သံဃာ့ဥ ‌သျှောင်အတွင်း‌ရေးမှူး အရှင်ဣဿရိယ အပါအဝင် သံဃာ‌တော် ၁၅ပါး၊ မဲ‌ဆောက်‌ဒေသရှိ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ နိုင်ငံခြားသားအချို့နှင့် ထိုင်းနိုင်ငံသားများက ဘာသာ‌ပေါင်းစုံ ဆု‌တောင်းဝတ်ပြုပွဲ ပြုလုပ်ပြီး နံနက် ၉နာရီခွဲမှစ၍ ယခုလို လမ်း‌လျှောက်ချီတက်ကြခြင်းဖြစ်သည်။

အရှင်ဦး‌သောဘာဂက “မြန်မာပြည် ငြိမ်းချမ်း‌ရေးနဲ့ အခြားမငြိမ်းချမ်း‌သေးတဲ့ နိုင်ငံ‌တွေအတွက်ပါ အခုလို ကမ္ဘာ့ငြိမ်းချမ်း‌ရေး ‌နေ့မှာ ဦးဇင်းတို့ လမ်း‌လျှောက်ချီတက်ကြတာပါ”ဟု ဆိုသည်။

သံဃာ‌တော်များက ‌မေတ္တာသုတ်ရွတ်ဖတ်ကာ ထိုင်း၊ မြန်မာ၊ အဂင်္လိပ်ဘာသာများဖြင့် ငြိမ်းချမ်း‌ရေးပိုစတာများ ကိုင်‌ဆောင် ကာ ချီတက်သည့် ယ‌နေ့ ‌မေတ္တာပို့လမ်း‌လျှောက်ပွဲတွင် ထိုင်းအာဏာပိုင်များက တားဆီးပိတ်ပင်မှုမရှိ‌သော်လည်း ခရီးဆုံးဖြစ် သည့် ‌သောင်ရင်းမြစ်ကမ်းနားအထိ သွားခွင့်မပြုဘဲ ချစ်ကြည်‌ရေးတံတားအထိသာ ခွင့်ပြုခဲ့သည်ဟု သိရသည်။

ယ‌နေ့ပြုလုပ်သည့် ‌မေတ္တာပို့လမ်း‌လျှောက်ချီတက်ပွဲတွင် မြန်မာ့အ‌ရေး‌ဆောင်ရွက်‌နေသည့် အစိုးရမဟုတ်‌သော ထိုင်းအဖွဲ့အ စည်းအချို့နှင့် မြန်မာ့ဒီမိုက‌ရေစီအဖွဲ့များ ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။