Home သတင်း နအဖနှင့် ဒီ‌ကေဘီ‌အေ ထိုးစစ်‌ကြောင့် ကရင်ရွာသား ၂၀၀၀‌ကျော် ထိုင်းဘက်ကမ်းသို့ ထွက်‌ပြေးလာ

နအဖနှင့် ဒီ‌ကေဘီ‌အေ ထိုးစစ်‌ကြောင့် ကရင်ရွာသား ၂၀၀၀‌ကျော် ထိုင်းဘက်ကမ်းသို့ ထွက်‌ပြေးလာ

2015

ဇွန်လ ၅ ရက်၊ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်း တပ်ဖွဲ့သည် ဇွန် လဆန်းပိုင်း မှစ၍ ကရင်အမျိုးသား အစည်းအရုံး (‌ကေအဲန်ယူ) ၏ တပ်မဟာ (၇) နယ်‌မြေကို ထိုးစစ်ဆင် တိုက်ခိုက် လာသည့်အတွက် ကရင် ရွာသူ ရွာသား ၂၀၀ဝ ‌ကျော် ထိုင်းဘက်ကမ်းသို့ ထွက်‌ပြေး တိမ်း‌ရှောင် ‌နေရသည်။

မိသားစုအလိုက် ထွက်‌ပြေးလာ‌သော အဆိုပါ ရွာသားများသည် ဖားအံခရိုင်၊ ပိုင်ကျုံ မြို့နယ်ရှိ ဝါးမီကလား‌ကျေးနယ်၊ မဲလာအာခီး၊ မဲလာအာထ၊ ထီးက‌ဟော၊ ‌ဆေဖိုးခီး နှင့် လှိုင်းဘွဲ မြို့နယ် ခလယ်‌ဒေး ‌ကျေးနယ်ရှိ လယ်တူ‌ဝေါ်၊ ခလယ်ခို များမှ ဖြစ်ကြပြီး ထိုင်းဘက်ကမ်းရှိ တိုးထာ့၊ အူးသူးထာ့၊ နိုဘိုး အင်‌တော၊ လယ့်‌ဘောဟဲ၊ ခလ့ယ်ခို နှင့် မဲတရီ ‌နေရာများသို့ ‌ရောက်ရှိ ခိုလှုံလျှက် ရှိသည်ဟု ‌ကေအဲန်ယူ၏ ပိုင်ကျုံ မြို့နယ် ဥက္ကဌ ‌စောဘာတီဖိုးက ‌ပြောသည်။

ထွက်‌ပြေးလာသူ မဲလာအားခီး ရွာသူကြီး ‌စောတင်လှက “လွန်ခဲ့တဲ့ သုံးရက် ကတည်းက ဗမာစစ်တပ်နဲ့ ဒီ‌ကေဘီ‌အေက တက်လာ‌တော့မယ် ဆိုတာ ကြားတာနဲ့ ည‌နေပိုင်းမှာပဲ ကျ‌နော်တို့ တရွာလုံး ဘာမှ‌တောင် မယူအား‌တော့ဘဲ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာခဲ့တာပဲ။ သူတို့က တိုက်ပွဲဖြစ်ရင် ကျ‌နော်တို့ကို ‌ပေါ်တာ‌ခေါ်တယ်၊ နှိပ်စက်တယ်၊ သတ်တဲ့အထိ‌တောင် လုပ်ခဲ့ဘူး‌တော့ ကျ‌နော်တို့ ရင်မဆိုင်ရဲ‌တော့လို့ ထွက်‌ပြေးလာရတယ်” ဟု ကရင်သတင်းစဉ်ကို ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ်အတွင်းသို့ ထွက်‌ပြေးလာသည့် ကရင် ရွာသူ ရွာသားများ ထဲတွင် လသားအရွယ် က‌လေးငယ်များ၊ သားသည်မိခင်များ ပါဝင်ပြီး ၎င်းတို့ ထွက်‌ပြေး တိမ်း‌ရှောက်လာချိန်သည် မိုးသည်းထန်စွာ ရွာသွန်းလျှက်ရှိသဖြင့် ၎င်းတို့အတွက် စား‌ရေး‌သောက် ‌ရေး၊ အဝတ်အစားနှင့် ‌နေ‌ရေးထိုင်‌ရေး အခက်အခဲများ ရင်ဆိုင်‌နေရ‌ကြောင်း သိရှိရပါသည်။
တိုက်ပွဲဖြစ်ဖွားသည့် နယ်‌မြေရှိ နယ်စပ်‌ကျောင်းမှ ‌ကျောင်းဆရာ (၉) ဦးနှင့် ‌ကျောင်းသူ ‌ကျောင်းသား (၁၀၀) ‌ကျော်မှာလည်း ထိုင်းဘက်ကမ်းသို့ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရပြီး လက်ရှိ အချိန်တွင် ပညာသင်ကြား‌ရေး အပြင် ‌နေ‌ရေးထိုင်‌ရေးနှင့် ကျန်းမာ‌ရေး အခက်အခဲများ ရှိသည်ဟုလည်း ဆရာတဦး ဖြစ်သူ ‌စောအဲကလူက ယခုလို‌ပြောသွားပါတယ်၊

“‌ကျောင်း စဖွင့်တဲ့ ‌နေ့မှာဘဲ တိုက်ပွဲဖြစ်လို့ ကျ‌နော်တို့မှာလည်း က‌လေး‌တွေနဲ့အတူ ထိုင်းဘက်ကမ်းကို ထွက်‌ပြေးရတယ်၊ ‌ကျောင်းသူ ‌ကျောင်းသား‌တွေက အသက် ၄ နှစ်‌ကျော်က‌နေ ၁၈နှစ်အထိ ရှိကြပါတယ်၊ မိန်က‌လေး (၆၈) ဦးနဲ့ ‌ယောက်ျား‌လေး (၆၁) ဦး ဖြစ်ပြီး စုစု‌ပေါင်း (၁၂၉) ဦး ဖြစ် တယ်။ သူငယ်တန်းက‌နေ ‌ခြောက်တန်းအထိ ရှိတယ်။ အခု ယာယီ ‌နေရတဲ့ ‌နေရာကလည်း ‌တော‌တောင်ထဲမှာ ဆို‌တော့ က‌လေး‌တွေက မ‌ပျော်ဘူး။ အဖျား တက်တာ၊ ‌အော့အန်တာ၊ ဝမ်း‌လျှောတာ‌တွေ ဖြစ်‌နေတယ် ” ဟု ဆရာ ‌စောအဲကလူက ဆိုသည်။

နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်ဖွဲ့သည် ‌ကေအဲန်ယူ တပ်မဟာ (၇) နယ်‌မြေကို ဝင်‌ရောက် တိုက်ခိုက်ရာ ‌ကေအဲန်အယ်လ်‌အေ တပ်များနှင့် ဇွန်လ (၂) ရက်‌နေ့မှစ၍ ယ‌နေ့အထိ တိုက်ပွဲ‌ပေါင်း (၆) ကြိမ် ဖြစ်ပွားခဲ့ပြီး ထွက်‌ပြေး ‌ရောက်ရှိလာသည့် ရွာသူရွာသားများကို ထိုင်း ကျန်းမာ‌ရေး ဌာနက လိုအပ်သည့် ‌ဆေးဝါး ကုသမှုများနှင့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများ လုပ်‌ဆောင်‌ပေးလျှက် ရှိသည့်အပြင် ထိုင်း နယ်ခြား‌စောင့် တပ်များကလည်း ဇွန်လ ဆန်းပိုင်းမှစ၍ ထိုင်း-မြန်မာ နယ်စပ် တ‌လျှောက်တွင် တပ်အင်အားများ ထပ်မံထိုးချဲ့ကာ ‌စောင့်ကြည့်လျှက် ရှိသည်။

အလားတူ ထိုင်း-မြန်မာ နယ်စပ် ဖားအံခရိုင် အတွင်းရှိ လယ့်‌ဘော်ဟဲ ပြည်တွင်းဒုက္ခသည်စခန်းမှ ဒုက္ခသည် စုစု‌ပေါင်း (၁၂၆၄) ဦးလည်း တိုက်ပွဲများ‌ကြောင့် လုံခြုံမှု မရှိသည့်အတွက် ဇွန်လ (၅)ရက်‌နေ့တွင် ထိုင်းဘက်ကမ်းသို့ တိမ်း‌ရှောင်လာခဲ့ကြပြီး ၎င်းတို့အနက် ပြီးခဲ့သည့် ‌မေလအတွင်းက ဒီ‌ကေဘီ‌အေ တပ်များ၏ စစ်သား ‌ကောက်ခံမှု‌ကြောင့် ‌နေရပ်ရွာမှ ထွက်‌ပြေး လာသည့် ပိုင်ကျုံ မြို့နယ်၊ ထီးပယ် ‌ကျေးနယ်မှ ရွာသားများလည်း ပါဝင်သည်ဟု လယ့်‌ဘော်ဟဲစခန်း ဥက္ကဌ ‌စောတာစူးညား၏ ‌ပြောပြချက်အရ သိရသည်။

မြဝတီ မြို့နယ်၊ သကင်္န်းညီ‌နောင် အ‌ခြေစို်က် နအဖတပ် (၂၂) ၏ လက်‌အောက်ခံ တပ်ရင်းများနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်မဟာ (၉၉၉) လက်‌အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည် ‌ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်‌မြေကို အပြုတ်တိုက်မည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ထိုးစစ်ဆင်လျှက်ရှိရာ ‌ကေအဲန်အယ်လ်‌အေ ဘက်မှဘလည်း အသင့်အ‌နေအထားတွင် ရှိ‌နေပြီး တိုက်ပွဲမှာ ဆက်လက် ဖြစ်ဖွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ (၇) မှ ‌ပေးပို့သည့် သတင်းမျာအရ သိရသည်။

ဖားအံခရိုင်အတွင်း၌ နအဖ တပ်မ (၂၂) လက်‌အောက်ခံ ခမရ (၃၃၈)၊ (၃၃၉)၊ (၂၀၃)၊ ခလရ (၈၁) နှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)၊ (၅၅၅)၊ (၃၃၃) တပ်ဖွဲ့ဝင်များ အ‌ခြေစိုက် လှုပ်ရှားလျှက် ရှိသည်။