Home သတင်း ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ ယခုထက်ပို အသိ‌ပေးရန် UNA ‌ပြော

‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ ယခုထက်ပို အသိ‌ပေးရန် UNA ‌ပြော

1701
Photo: UNA

ဇွန် ၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

လာမည့် ပါတီစုံ ဒီမိုက‌ရေစီအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် မျှတစွာ ယှဉ်ပြိုင်နိုင်‌ရေးအတွက် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ယခုထက်ပိုအသိ‌ပေးရန် လိုလား‌ကြောင်း ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အတွင်း‌ရေးမှူး အဖွဲ့ဝင် ဦးမျိုး‌ကျော်က ‌ပြောသည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အ‌နေဖြင့် ‌ရွေး‌ကောက်ပွဲကို ပုံမှန်အတိုင်းကျင်းပမည်ဟု ‌ပြောဆိုမှုများ ရှိသည်။ သို့‌သော် တိတိကျကျ မသိရခြင်း‌ကြောင့် အခက်အခဲရှိပြီး လက်ရှိ အ‌ခြေအ‌နေတွင် ကိုဗစ် ‌ရောဂါ ‌ကြောင့် လူစုလူ‌ဝေး ပြုလုပ်ရန် မလွယ်ကူသည့်အ‌ခြေအ‌နေဖြစ်သည့်အတွက် ‌ရွေး‌ကောက်ပွဲ သတင်း အချက် အလက်များကို ယခုထက်ပိုသိရန် လိုအပ်သည်ဟု ယခုလို‌ပြောသည်။

“ အရင်က မဲဆွယ်ကာလမတိုင်မှီ နှစ်လ‌လောက် ကြိုသိရတယ်၊ အဆင်‌ပြေတယ်။ အခုအ‌ခြေအ‌နေက မလုံ ‌လောက်ဘူး။ ဘာလို့လည်းဆို‌တော့ ပြင်ဆင်ရတဲ့ဟာ‌တွေ လူစုလူ‌ဝေးမလုပ်ရတဲ့ဟာ‌တွေ၊ အခု lock down လုပ်ထားတဲ့ဟာ‌တွေရှိတယ်။ ဒါ‌ကြောင့် လုပ်မယ်၊ ‌ရွှေ့မယ်ဆိုရင် ပါတီ‌ခေါင်း‌ဆောင်‌တွေ ‌ကော်မရှင်နဲ့ ညှိညှိ နှိုင်းနှိုင်း လုပ်ခြင်းအားဖြင့်၊ ‌ပြောရင်ဗျာ ဒီထက်ပိုပြီး‌တော့ ‌ကြော်ငြာအသိ‌ပေးခြင်းအားဖြင့် ကြိုပြင်ဆင်လို့ ရပြီး ယှဉ်ပြိုင်တဲ့အခါ ပိုပြီး‌တော့ မျှတမယ်လို့ ကျ‌နော်တို့က ယုံကြည်တယ်” ဟု ၎င်းက ဇွန် ၂ ရက်တွင် ‌ပြောသည်။

UNA အ‌နေဖြင့် ဇွန် ၁ ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ချက် တစ်‌စောင် ထုတ်ပြန်ခဲ့ပြီး ‌ရွေး‌ကောက်ပွဲ ကျင်းပ မည်ဆိုပါက လွတ်လပ်၊ မျှတပြီး တစ်ပြည်လုံး တ‌ပြေးညီဖြစ်‌စေ‌ရေးကို အဓိကထား‌ဆောင်ရွက်ရန်၊ မဲ‌ပေးမည့် ပြည်သူများ ကိုဗစ် ကာကွယ်‌ရေးအတွက် တစ်ပြည်လုံး တ‌ပြေးညီ ကြိုတင်စီစဉ်ထားရန် စစ်‌ဘေး၊ ကပ်‌ဘေး ကြုံ‌နေရသူများနှင့် ပြည်‌တော်ပြန် အလုပ်သမားများ၊ ပြည်ပရှိ နိုင်ငံသားများ အဆင်‌ပြေစွာ မဲ‌ပေးနိုင်ရန် အ တွက် ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။

ထို့အပြင် ယခင်က ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် တိုင်းရင်းသား‌ဒေသများ အပါအဝင် တစ်ပြည်လုံး တ‌ပြေး ညီ ‌ရွေး‌ကောက်ပွဲ ကျင်းပရန်နှင့် စစ်‌ရေးထက်၊ နိုင်ငံ‌ရေး‌ဘောင် ပိုမိုကျယ်ပြန့်လာ‌အောင်လုပ်‌ဆောင်ရန် စသည့် အချက်များအပါအဝင် အချက် (၆)ကို UNA သ‌ဘောထားထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

“ အရင်က မငြိမ်းချမ်းဘူးဆိုပြီး တိုင်းရင်းသား‌ဒေသ အချို့မှာ‌ရွေး‌ကောက်ပွဲ မကျင်းပဘူး။ ဒီ‌တော့ ပြန်ကြည့်တဲ့ အခါမှာ ကျ‌နော်တို့တိုင်းရင်းသား‌တွေက သူတို့ကိုယ်စားလှယ်ကို သူတို့‌ရွေးချယ်ခွင့်မရဘူး။ ငြိမ်ချမ်း‌ရေး တည် ‌ဆောက်‌နေတာလည်း ရှိတယ်။ သူတို့ ကိုယ်စားပြုမှုမရတဲ့အခါ သူတို့ရဲ့အသံ ‌ပျောက်‌နေပြီး‌တော့၊ အရမ်းကို နိမ့်ကျ ‌နေတယ်ဗျ။ ကျ‌နော်တို့က နိုင်ငံ‌ရေးပါတီဖြစ်တဲ့အတွက် အဲ့လိုမျိုး မဖြစ်‌စေချင်ဘူး” ဟု ဦးမျိုး‌ကျော်က ဆက် ‌ပြောသည်။

ညီညွတ်‌သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တွင် ကချင်၊ ကယန်း၊ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း အစရှိသည့် တိုင်းရင်းသား ပါတီ ၁၅ ပါတီ အဖွဲ့ဝင်အဖြစ်ပါဝင်သလို မိတ်ဖက် နိုင်ငံ‌ရေးပါတီများနှင့် လည်း ချိတ်ဆက်လုပ်ကိုင်လျက်ရှိ‌ကြောင်း အဖွဲ့ဝင်များထံမှ သိရသည်။