leya gaw
စစ်ပြေးဒုက္ခသည်များအား ဖိအားပေးမှု ပိုမိုပြင်းထန်လာ
အောက်တိုဘာလ (၂)ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို နေရပ်သို့ပြန်ရန် ထိုင်းအာဏာပိုင်များ၏ ဖိအားပေးမှုမှာ ယခုလဆန်းပိုင်းမှစ၍ ပိုမိုပြင်းထန်လာသည်ဟု စခန်းတာဝန်ရှိသူက ယနေ့ ပြောသည်။
တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာရှိ ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက နေ့စဉ် စခန်းထဲသို့ ဝင် ရောက်စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိပြီး...
ရွာသားများ အဓမ္မခိုင်းစေခံနေရ
စက်တင်ဘာ ၃ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ကရင်ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင်များ၏ အဓမ္မလုပ်အားခိုင်းစေမှု၊ မတရား ငွေကောက်ခံမှုများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။
ထိုနယ်မြေတွင် လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့များသည် ဒေသခံရွာသားများ၏ ရင်ဆိုင်နေရသည့် စားဝတ်နေရေး အ...
အချင်းချင်း အပစ်ရပ်ကြရန် မြိုင်ကြီးငူဆရာတော် စာထုတ်ဝေ
စက်တင်ဘာလ ၃ဝရက်။ ကေအိုင်စီ
ကေအဲန်ယူနှင့် ဒီကေဘီအေ နှစ်ဖက်လက်နက်ကိုင် သားတပည့်များ မိမိတို့ ကရင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို ရပ်ဆိုင်း၍ လာမည့် နှစ်သစ်ကူးနေ့ မတိုင်မီ အပစ်အခတ်ရပ်စဲကြရန် မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဘဒ္ဒန္တ သုဇနက ယမန်နေ့က စာထုတ်ဝေလိုက်သည်။
ဆရာတော်၏ ပြုံးရယ်နေသော ဓာတ်ပုံနှင့် ‘မြိုင်ကြီးငူအထူးဒေသ’စာလုံးနောက်ခံများဖြင့် ရေးသားထားသည့် ဆရာတော်စာ...
မှားယွင်းပစ်ခတ်မှုကြောင့် ကရင်ရွာသူကြီးတဦး ဒဏ်ရာပြင်းထန်
စက်တင်ဘာလ ၂၉ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
မြန်မာစစ်တပ် ခမရ ၃၅၆တပ်ရင်း စစ်ကြောင်း(၂)တပ်ဖွဲ့ဝင်တဦးသည် ယမန်နေ့က ကရင်ပြည်နယ် ကြာ အင်းဆိပ်ကြီးမြို့နယ်ရှိ ရွာလူကြီးတဦးအား လွဲမှားပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ သည်ဟု သိရသည်။
အနန်းကွင်းရွာတွင် အခြေစိုက်သည့် ခမရ(၃၅၆) စစ်ကြောင်း(၂)မှ ကင်းစောင့်ရဲဘော်တဦးသည် ခမရ (၃၅၅)တပ်ရင်းနှင့် တပ်အပြောင်းအလဲလုပ်သွားသည့်...
သရက်ထောင်မှ ကေအဲန်ယူ အကျဉ်းသားတဦး ကျန်းမာရေးဆိုးရွား
စက်တင်ဘာလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကေအဲန်ယူ အကျဉ်းသား စသန်းမြင့်ရွှေသည် ကျန်းမာရေး အလွန်ဆိုးရွားပြီး လက်ရှိအချိန်တွင် နှစ်အတန်ကြာ ထောင်ဝင်စာနှင့်လည်း အဆက်အသွယ်ပြတ်လျှက်ရှိ သည်ဟု သိရသည်။
စက်တင်ဘာလ ၁၈ရက်နေ့တွင် သရက်ထောင်မှ လွတ်မြောက်လာသူ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ဟောင်း ကိုရန်အောင်ရွှေက ၎င်းပြန်လည်မလွတ်မြောက်ခင်...
နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခြင်းမဟုတ်
စက်တင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့က အကျဉ်းသား ၇၁၁၄ ဦးကို မြန်မာ စစ်အစိုးရ ပြန်လည်လွှတ်ပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသား များကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခြင်း မဟုတ်ကြောင်း လွတ်မြောက် လာသူ နိုင်ငံရေး အကျဉ်းသား ကိုရန်အောင်ရွှေက...
တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ
စက်တင်ဘာလ (၂၄)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၅) နယ်မြေတွင် နအဖ နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များက ယခုလ အစောပိုင်းမှစ၍ စစ်ရေး ပိုမိုလှုပ်ရှားလာခြင်းသည် တပ်မဟာ(၅) နယ်မြေ ထိုးစစ်ကို စတင်နေခြင်းဖြစ်ကြောင်း...
ကေအဲန်ယူတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖစစ်တပ် တပ်အပြောင်းအလဲ မလုပ်နိုင်သေး
စက်တင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တပ်မဟာ (၆)နယ်မြေတွင် ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်တို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖ ခမရ (၃၅၆)တပ်ရင်းနှင့် ခမရ(၃၅၅)တပ်ရင်းတို့ တပ်ပြောင်းရန် မဖြစ်သေးကြောင်း ကေအဲန်ယူ တပ်မဟာ(၆) ပြန်ကြားရေးဌာနက ပြောသည်။
တပ်မဟာ(၆)၏ ပြန်ကြားရေးဌာန တာဝန်ခံ စောထဲနေက “အခုအချိန်မှာ သူတို့(နအဖ)က အခြေအနေကို...
ရပ်ကွက်တွင်း စစ်ဆေးမှု ပိုများလာ
စက်တင်ဘာ ၂၃ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ရှိ ရပ်ကွက်တိုင်းတွင် ယခုလဆန်းပိုင်းမှစ၍ လက်ရှိအချိန်ထိ ညစဉ် ကင်းလှည့်လည်စစ်ဆေးမှုများ ပိုမိုများပြားလာသည်ဟု မြဝတီမြို့ခံများက ပြောသည်။
အဆိုပါကင်းလှည့်စစ်ဆေးမှုကို ရပ်ကွက်မှူးများနှင့် ရပ်ကွက်လုံခြုံရေး တာဝန်ရှိသူများက ညဘက် (၉)နာရီအချိန်မှစ၍ အ လှည့်ကျစနစ်ဖြင့် ညစဉ် လုပ်ဆောင်သွားကြသည်ဟုလည်း သိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ယခင်လမကုန်ခင်က “ပြည်သူများ...
ဒီကေဘီအေတပ်ဖွဲ့ စောင့်ကြည့်စစ်ဆေးမှုကြောင့် ရွာသားများ အနေကြပ်
စက်တင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့က ကရင်ပြည်နယ် ဝင်းရေးမြို့နယ်ရှိ မဲ့က သာရွာသားများ၏ သွားလာရေးကို စက်တင်ဘာလ ၂ဝရက်နေ့ နောက်ပိုင်းတွင် စောင့်ကြည့်စစ်ဆေးနေသည့်အတွက် ရွာ သားများ အနေကြပ်ကြရသည်ဟု သိရသည်။
ရွာသားတဦးက “ဒီကေဘီအေက ရွာသားတွေ...