leya gaw
မြဝတီမြို့တွင်း ရွွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ
ဇွန်လ ၂၂ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေဆိုင်တဆိုင်ကို ယနေ့ညနေ (၅)နာရီခန့်အချိန်တွင် အမည်မသိ လူသုံးဦးက ဓားပြဝင်တိုက် သွားရာ ရွှေသား ကျပ်သိန်း(၂၅၀)ကျော်ဖိုးပါသွားသည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
ဦးထွန်းအောင်နှင့် ဒေါ်ရွှေသန့် ပိုင်ဆိုင်သည့် ၎င်းမြမြင့်မိုရ်ရွှေဆိုင်သည် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် တည်ရှိပြီး ယနေ့ညနေပိုင်းအချိန်တွင်...
ရွာသူကြီးတစ်ဦး နအဖ စစ်တပ် လုပ်ကြံသတ်ဖြတ်မည့်ရန်မှ လွတ်မြောက်
ဇွန်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖားပြကျေးရွာအုပ်စုအတွင်းမှ ရွာသူကြီးတစ်ဦးသည် ဇွန်လ ၂ဝရက်နေ့က ၎င်း ဒေသတွင် အခြေချ လှုပ်ရှားနေသည့် နအဖ စစ်တပ်၏ ပရိယာယ်ဆင် သတ်ပစ်မည့်ရန်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ထိုနေ့မနက် ၈နာရီကျော်တွင် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)...
ဒုက္ခသည်များအတွက် "နေအိမ်"
ဇွန်လ ၂ဝရက်။ မနိုက်အွာ (ကေအိုင်စီ)
“ဘယ်သူမဆို လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ်၊ ကိုယ့်အိမ်ကိုယ့်ခြံနဲ့ နေထိုင်ချင်ကြတာ ချည်းပဲ။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်အတွင်း ဖြစ်တည်နေတဲ့ အခြေအနေကြောင့် ဒုက္ခသည်ဘဝဖြစ်လာရတာကို အပြစ်တခု မဟုတ်ပေ မဲ့ စိတ်မကောင်းဖြစ်မိတယ်”ဟု ထိုင်း-မြန်မာနယ်စပ်အတွင်း ရောက်ရှိခိုလှုံနေကြရသည့် ဒုက္ခသည်အမျိုးသမီးတဦးက ပြောဆိုခြင်း...
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကမ္ဘာ့ဒုက္ခသည်များနေ့ တပြိုင်နက် ကျင်းပပြုလုပ်
ဇွန်လ ၁၈ရက်။ နော်အောင်လေး (ကေအိုင်စီ)
ဇွန်လ ၂ဝရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို ယနေ့မနက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း အသီးသီး၌ ကြိုတင် ပြုလုပ်ကျင်းပခဲ့ကြသည်။
ကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး စောဂျော့က “ကမ္ဘာ့ဒုက္ခသည်များနေ့ကို စခန်းတိုင်းမှာ တပြိုင် နက် လုပ်ကြတယ်။ ဒါဟာလည်း ယူအဲန်အိတ်ချ်စီအာရ်ရဲ့ အစီအစဉ်နဲ့ပဲလေ။”ဟု...
၁၄ကြိမ်မြောက် မြန်မာနိုင်ငံအမျိုးသမီးများနေ့ကျင်းပ
ဇွန်လ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်သည့် ၁၄ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အ တိုက်အခံ နိုင်ငံရေးအင်အားစု (၁၁)ဖွဲ့က ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု၍ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မြန် မာတပြည်လုံးအတွက် အရေးကြီးသည့်အပြင်...
ပါပီမသို့ကဗျာတပုဒ်
(လကင်္ာဒီပ)
ဒီအချိန်ဆို
တိမ်ညိုရိပ်တွေဆင်
ဇွန်မိုးဝင်လာပြန်ပြီပေါ့
ရောက်တော့မယ်လေ “ချည်ဖြူပွဲ”
သူလည်း ပြန်လာလိမ့်နိုးနိုးနဲ့။
ကဗျာမပီ စာမမီ
တခါဆီက ပါပီမရေ......
ဒီရာသီနဲ့အတူ ပြန်လာခဲ့နော်
အဖော်၊ငယ်ကျွမ်းတွေအတူ
ဒီခြည်ဖြူဖွဲ့ပွဲမှာ ပြန်ဆုံဖို့
မျှော်လို့ကြိုနေကြပြီလေ။
မြေခ သပြေသီးတွေဟာ
မင်းပြန်လာကောက်မလားတဲ့
ငါနဲ့အတူ မျှော်နေကြပေါ့ကွယ်။
ပါပီမရေ....
ကရင်မှ ကြင်နာမယ်ဆို
ချိုသာခဲ့စကားများ
လွှင့်ပါးကာ မင့်အနားကခွာ
ဘယ်ကမ္ဘာများ ရောက်လို့နေပါလိမ့်။
ပါပီမရေ.....
မင်းချစ်တဲ့ မင့်လူမျိုး
မင်းရိုးရာဓလေ့
မမေ့ပစ်လိုက်နဲ့နော်
မှော်ရုံနဲ့ မာယာကြား
အန္တရာယ်များလှတယ်
လာကွယ် ဘေးရန်ကာဆီး
ခြည်ဖြူစည်းကြစို့။
ချိန်တန်ပြီလေ ပါပီမရေ.....
ပလူးလာ.. ပလူးလာ.. ဂယ့်ထိုင်(ဟှယ့်ထါင်)
ငါကိုယ်တိုင် ခြည်ဖြူမျှင်နဲ့
မင့်ရဲ့လက်မှာ ချည်ပေးချင်နေ
မင်းဝိညာဉ်တွေ လန်းဖို့လေ။
မမေ့ပါဘူး မုန်းပါဘူး
ခဲမှန်ဖူးခဲ့ပေမဲ့လည်း
ကြင်နာဆဲ အမျိုးသားအသိနဲ့
ငါ....ဝိုးတဝါးကြည့်ကာ နေလိုက်မယ်ကွယ့်
မင်း...
နအဖစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား
ဇွန်လ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မောခီးဂွင်၊ ကလော်ဝေါ်ကျေးရွာအခြေစိုက် နအဖ စစ်ကြောင်းတစ်ခုတွင် ယမန်နေ့က အချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။
ထိုနေ့မနက် ၁၁း၃ဝနာရီခန့်တွင် ကလော်ဝေါ်ရွာ ဘုန်းကြီးကျောင်း၌ စခန်းထိုင်သည့် စစ်ကွပ်ကဲရေးဌာချုပ်-စကခ(၈) လက် အောက်ခံ...
ဋ္ဌာနေမျှော်တိုင်း ဝေးတော့သည်
ကိုယ့်ရပ်ရွာ ကိုယ့်ဒေသ
မတမ်းတတဲ့သူတွေ ဘယ်သူများရှိပါလဲ
ကိုယ့်မွေးဋ္ဌာနေ
မဝေးချင်ပေမဲ့
အခြေအနေမပေး
တပြည်တရွာက လွမ်းဆွေးနေရတယ်လေ
ကြည့်လှည့်ပါအဆွေ
ဇွဲကပင်မြေတဲ့
ဖားစည်သံဝေတဲ့ နေရာလေးပေါ့
စိမ်းလန်းစိုပြေ
ဝါရွှေရောင်စပါးခင်း
ပျံ့သင်းတဲ့ လယ်ယာတွေ မြင်ယောင်မိပါရဲ့
တောသူဆိုပေမဲ့
တကယ့်စိတ်ရင်းဖြူ
မငြူစူတတ်တဲ့ ကရင်မလေးတွေ
ပျော်တဲ့ဋ္ဌာနေပေါ့
ဒါပေမဲ့
အေးချမ်းတဲ့ ဒီနယ်မြေ
ခုတော့
န.အ.ဖ ဒီကေဘီအေ
သူတို့တတွေ စိတ်တိုင်းကြ
အစိုးရ နေကြတယ်လေ
ဘာကြေး ညာကြေး ... တဲ့
လုပ်အားပေးကလည်းတမှောင့်
ရှင်သန်မှုရဲ့ အနှောက်အယှက်တွေပေါ့
ရိုးစင်းစွာ ဘဝကို ထုဆစ်
အငတ်နွံထဲ မနစ်ရုံတမယ်
လှုပ်ရှားရုန်းကန်ကြရတယ်
အော် ... ကိုယ့်ရပ်ရွာ ကိုယ့်ဒေသ
ရိုးမြေကြနေချင်ပေမဲ့
အုပ်ချုပ်သူမကောင်းတဲ့ စနစ်တွေကြောင့်
ဋ္ဌာနေမျှော်တိုင်းဝေးတော့သည်
စောဒါးဒါး...
နှစ်နိုင်ငံ ကားပိုင်ရှင်များ တင်းမာမှုကြောင့် သွားလာရေးပိတ်ပင်မှု ပုံမှန်ပြန်ဖြစ်
ဇွန်လ ၁၇ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံမှ လိုင်းကားပိုင်ရှင်များ ခရီးသည်တင်ဆောင်မှုနှင့်ပတ်သက်၍ တင်းမာမှုဖြစ်ပွားခဲ့မှုကြောင့် တရက် ကျော် ပိတ်ထားခဲ့သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ယနေ့ နေ့လည်ပိုင်းတွင် ပုံမှန်အခြေအနေအတိုင်း ပြန် လည်ရောက်ရှိသွားပြီဟု သိရသည်။
မြဝတီဘက်မှ မဲဆောက်မြို့ထဲသို့ ပြေးဆွဲနေသည့် ခရီးသည် ၇ဦးဆံ့သည့် မြန်မာဘက်မှ...
ပြည်ပရှိ ဒီမိုကရေစီအင်အားစုများ ဒေါ်အောင်ဆန်းစုကြည် ၆၅နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ
ဇွန်လ ၁၇ရက်။ နော်အောင်လေး (ကေအိုင်စီ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်ပြည့်မွေးနေ့ပွဲကို ပြည်ပရှိ ဒီမိုကရေစီ အင် အားစုများ စုပေါင်း၍ ထိုင်းနိူင်ငံ ဘန်ကောက်မြို့တွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဒေါ်စု၏ ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်လာမည့် ၆၅နှစ်ပြည့် မွေးနေ့ပွဲကို ပြည်ပရှိ...