Home ရင်ဖွင့်သံများ လူငယ်များရဲ့ စကားလက်‌ဆောင်

လူငယ်များရဲ့ စကားလက်‌ဆောင်

1888

‌နော်ဗစ်တိုးရီးယား‌ဘော ၂ဝ နှစ်
ပညာ ဆယ်တန်းလွန်‌ကျောင်း
ဝါသနာ ‌ဆေးဘက်ဆိုင်ရာ

ကျမက ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဟိ‌တော်‌ခေါ်ရွာကပါ။ မိဘ‌တွေက ‌ကျောင်းဆရာ၊ ဆရာမ‌တွေပါ။ ရွာမှာ (၂)တန်းအထိ ‌ကျောင်း‌နေပြီး‌တော့ သံ‌တောင်ကြီးမြို့ရဲ့ အမှတ်(၁) အထက်တန်း‌ကျောင်းမှာ ဆယ်တန်း‌အောင်ခဲ့ တယ်။ အဲဒီ‌နောက် ရွာမှာ ပြန်‌နေပြီး ၂၀၀၆ခုနှစ်မှာ နအဖ စစ်တပ်‌တွေ ထိုးစစ်‌ကြောင့် ကျမတို့ရွာကို မီးရှို့‌တော့ ‌တောထဲမှာ တစ်လ‌လောက် ‌နေလိုက်ရ တယ်။ ၂၀၀၆၊ နိုဝင်ဘာလမှာ မယ်ရာမိုဒုက္ခသည်စခန်းကို တက်လာတယ်။ က‌လေး‌တွေလည်းပါ၊ ရိက္ခာလည်း မလုံ‌လောက်၊ လူကလည်း ၂၀၀‌လောက်ဆို‌တော့ လမ်းမှာ နှစ်ပတ်‌လောက်ကြာမှ ကျမတို့ ဒုက္ခသည်စခန်းကို ‌ရောက်တယ်။ ‌တောထဲမှာ‌တော့ ‌တော်လှန်‌ရေးသမား‌တွေပဲ ကူညီ‌ပေးတယ်။

မယ်ရာမိုစခန်း‌ရောက်ပြီး ‌နောက်တနှစ်မှာ စခန်းထဲက Personal Development Course-PDC ‌ကျောင်းမှာ ပညာ ဆက်သင်ပါတယ်။ ဒီ‌ကျောင်းက ကျမအတွက် အ‌တော် အသုံးဝင်တယ်။ ပြည်တွင်းနဲ့ တခြားစီပဲ။ ပြည်တွင်းမှာဆိုရင် ‌ကျောင်းမှာ စာ‌ကောင်း‌ကောင်း မသင်‌ပေးဘူး။ ‌ကျောင်းသားအများစုက ကျူရှင်ကိုပဲ အားကိုးကြတယ်။ ဒုက္ခသည် စခန်းမှာ ‌ကျောင်းတက်ရင်း ကရင်‌ကျောင်းသားများ လှုပ်ရှားမှုကွန်ယက်(KSNG)ထဲကို ကျမ ဝင်တယ်။ ၂၀၁ဝ ခုနှစ် KSNG ‌ရွေး‌ကောက်ပွဲမှာ ရုံးတာဝန်ခံတဦးအဖြစ် ‌ရွေးချယ်ခံရပါတယ်။ အဖွဲ့ဝင်သက်တမ်းက ၂နှစ်ဆို‌တော့ အ‌တွေ့အ ကြုံရ‌အောင် ပြီး‌အောင်လုပ်မယ်။ ‌နောက် ‌ဆေးသင်တန်းကို ဆက်တက်မယ်လို့ ကျမ စိတ်ပိုင်းဖြတ်ထားတယ်။ တကယ်‌တော့ ကျမ ‌ဆေးပညာပဲ ဝါသနာပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့‌ဒေသမှာ လူကြီး‌တွေ၊ က‌လေး‌တွေ ‌နေမ‌ကောင်းတဲ့အခါ ‌ဆေးဆရာ၊ ဆရာမ‌တွေ မရှိတဲ့အတွက် မ‌သေသင့်ဘဲ ‌သေရတာ‌တွေ ကျမ မျက်မြင်ကိုယ်‌တွေ့ အများကြီးပါပဲ။ ‌ဆေးသင်တန်းပြီးရင် လိုအပ်တဲ့ ‌ဒေသ‌တွေမှာ သွားပြီး‌ဆေးကုမယ်လို့ စိတ်ကူးထားတယ်။

လူငယ်‌တွေဟာ အနာဂတ်‌ခေါင်း‌ဆောင်‌တွေပဲမို့ ပညာကို အစွမ်းကုန်သင်ယူပြီး ကိုယ့်လူမျိုးကိုပြန်ပြီး အလုပ်အ‌ကျွေး ပြုပါ။ ပြည်တွင်းပြည်ပနဲ့ နယ်စပ်မှာ ရှိ‌နေတဲ့လူငယ်အားလုံး ခွဲခြားဆက်ဆံတာမျိုးမရှိဘဲ အမျိုးသားလွတ်‌မြောက်‌ရေးအ တွက် တက်ညီလက်ညီ ပူး‌ပေါင်း‌ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။